မြို့ပတ်ရထားတိမ်းမှောက်၊ ခရီးသည် ၄ ဦးဒဏ်ရာပြင်းထန်

မြို့ပတ်ရထားတိမ်းမှောက်၊ ခရီးသည် ၄ ဦးဒဏ်ရာပြင်းထန်


မနေ့က နေ့လယ် ၁ နာရီ ၅၅ မိနစ်အချိန်တွင် ရန်ကုန်မှ အင်းစိန်သို့ ပြေးဆွဲသော ခရီးသည်တင် မြို့ပတ်ရထား DD . 936 ၏ နောက်ဆုံး ရထားတွဲ တွဲချိတ်ပြုတ်ကျန်ခဲ့ပြီး တိမ်းမှောက် သွားသောကြောင့် ခရီးသည် ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း သိရသည်။


“ရထားအ၀မှာ စီးလာတဲ့ အမျိုုးသားကတော့ ဒဏ်ရာတော်တော်ပြင်းတယ်။ ရထားနဲ့ ပိနေလို့ ဆွဲထုတ်ရတာ။ ရထားပေါ်မှာ ထိုင်စီးတဲ့ သူတွေလည်း ထိပေမယ့် အဲဒီအမျိုးသား လောက်တော့ မပြင်းထန်” ဟု ကမာရွတ် ဘူတာရုံအနီးတွင် နေထိုင်သူ တဦးက ပြောသည်။အဆိုပါ ရထားတိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသော ခရီးသည်များမှာ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၃ ဦးဖြစ်ကြောင်း၊ ယခုအခါ အဆိုပါ ဒဏ်ရာ ရရှိသူများအား ရန်ကုန်ဆေးရုံ အရေးပေါ်ဌာနသို့ ပို့ဆောင်ထားကြောင်း သိရသည်။အဆိုပါ ဘူတာရုံအနီးတွင် နေထိုင်သော မျက်မြင်သက်သေများက ရထားလမ်းခင်းသော ဇလီဖားတုံးများ အလွန်အမင်း ဆွေးမြေ့ ပျက်ဆီးနေသောကြောင့် ထိုကဲ့သို့ တိမ်းမှောက်ရကြောင်း ပြောသည်။“ကမာရွက်ဘူတာရုံနားက အနိမ့်ပိုင်းဆိုတော့ မိုးကြီးရင် ရေမြုပ်တယ်။ ဇလီဖာတုံးတွေနဲ့ သစ်တွေက ဆွေးကုန်ပြီ။ ပြုပြင်တာလည်း မရှိတော့ သံလမ်းကိုက မကောင်းတော့ဘူး” ဟုကမာရွတ် ဘူတာရုံအနီးတွင် ဈေးရောင်းနေသူ တဦးကဆိုသည်။ 

ထိုကဲ့သို့ ရထားတိမ်းမှောက်ပြီးနောက် ကျန်မြို့ပတ်ရထားများမှာ အချိန်ပြောင်း ပြေးဆွဲနေရကြောင်း သိရသည်။ရန်ကုန် မြို့ပတ်ရထားလမ်းသည် မိုင် ၇၀ ခန့် ရှည်လျားပြီး နေ့စဉ်ခေါက်ရေ ၂၀၀ ကို ၅ မိနစ်ခြား ပြေးဆွဲနေကာ အဆိုပါ လုပ်ငန်းတွင် ဘူတာနှင့် ရပ်စခန်း ၇၇ ခု၊ ရထား ခေါင်းတွဲ ၂၅ တွဲ၊ လူစီးတွဲ ၉၀ တို့ ပါ၀င်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက ဆိုသည်။ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော မြို့ပတ်ရထားစုစုပေါင်း ၂၁ စီးရှိပြီး ဒီဇယ် စက်ခေါင်းနှင့် ၁၈ ခု၊ အာပီအီး စက်ခေါင်း ၃ ခု ရှိသည်ဟု သိရသည်။ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် မြို့ပတ်ရထားများသည် ဝန်ဆောင်မှု ညံ့ဖျင်းပြီး အရှုံးများစွာ ပေါ်နေကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေကြောင်း ဇူလိုင် ၂၆ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် အစည်းအဝေး၌ ရထားပို့ ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောခဲ့သည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection