၁၄ နှစ် ကြာ သော် လည်း ဒိုင်ယာနာ ကို မမေ့ကြသေး

၁၄ နှစ် ကြာ သော် လည်း ဒိုင်ယာနာ ကို မမေ့ကြသေး  
Princess Diana (ေ၀လမင္းသမီး ဒိုင္ယာနာ)


၁၉၉၇ ခုနှစ် သြဂုတ် လ ၃၁ ရက်နေ ့က ချစ်သူ အာရပ် သန်းကြွယ် သူဌေး ဒိုဒီ အယ်(လ)ဖာယက် နှင့် ပြင်သစ် နိုင်ငံ ပွန့်ဒီ အယ်(လ)မာ မြေအောက် လှိုဏ် ခေါင်း အ၀င် တွင် သူမ စီးနင်းလာ သည့် Mercedes-Benz W140 ကားမှောက်ပြီး သေ ဆုံး ခဲ့ သည့် ေ၀လ မင်း သမီး ဒိုင်ယာနာ ကို ၁၄ နှစ် ကြာသော် လည်း အင်္ဂလန် လူထု က မမေ့ ကြသေး ဟု ယနေ ့ထုတ် ဗြိတိသျှ သတင်း စာ များ က ဆို သည်။

အိမ်ထောင်ကျပြီး တွင် တော့ သူတို.၏ အချစ်ဇတ်လမ်းမှာ- ပြဿနာတို. စတင်လာပါတော့သည်။ ခင်ပွန်းဖြစ်သူ ချားလ်စ် မင်းသား အနေဖြင့် အချစ်ဟောင်း ဖြစ်ခဲ့သူ ကမ်မီလာ နှင့် ဇတ်လမ်း မပြတ်သဖြင့် ဒိုင်ယာနာ ကိုယ်တိုင်က ပြောခဲ့သည် မှာ- “ကျွန်မ တို. အချစ်ဇတ်လမ်းမှာက- လူသုံးယောက် ဖြစ်နေတယ်။ အဲဒီတော့ နည်းနည်း လူကြပ် တာပေါ့။” ဟု ဖြစ်သည်။


ဒိုင်ယာနာ ၏ ဘ၀ ဇတ်လမ်း အကျဉ်းချုပ်။

ရုပ်ရှင် မင်းသား၊ မင်းသမီး- အနုပညာ လောက မှ မဟုတ်ပါပဲ လျှက် ကမ္ဘာပေါ်တွင် ဓါတ်ပုံ အများဆုံး အရိုက်ခံရသူကို ညွှန်ပြပါ ဆိုလျှင်- ထိုသူ သည် ေ၀လမင်းသမီး ဒိုင်ယာနာမှ လွဲ၍ အခြားသူ မဖြစ်နိုင်ပါ။ သူမအား ၁၉၆၁-ခုနှစ်- ဇူလိုင်လ -၁-ရက် နေ.တွင် အင်္ဂလန်မင်းမျိုး အနွယ်၀င် တို.ပိုင်ဆိုင်သော ဆန်ဒရင်ဟမ် တွင် မွေးဖွား ခဲ့ပါသည်။ ဒိုင်ယာနာ ၏ ဖခင်သည် ဘုရင် စတူး၀ပ်မှ- တစ်ဆင့် ဆင်းသက်လာ သော အနွယ်တော် ဖြစ်ကာ- ဒုတိယ မြောက် ချားလ်စ် ဘုရင် (၁၆၃၀-မှ ၁၆၈၅) မှ တိုက်ရိုက် ဆင်းသက် လာသော အနွယ် ဖြစ်သည်။ 

ကလေးငယ် ဘ၀တွင် ဒိုင်ယာနာသည် သူမနှင့် ရွယ်တူ ဖြစ်သော မင်းသား အင်ဒရူး နှင့် မင်းသား အက်ဒွပ် တို.နှင့် ကစားဖော် ဖြစ်ခဲ့ သည်။ ဒိုင်ယာနာတွင် ဆာရာ နှင့် ဂျိန်းန် အမည်ရှိ အမ-၂-ယောက် ရှိခဲ့ကာ- မောင် ဖြစ်သူ ချားလ်စ် ဆိုသူ လည်း ရှိခဲ့သည်။

    ဒိုင်ယာနာ အသက်- ၆-နှစ်သမီးတွင် မိခင် ဖြစ်သူသည် ဖခင် ထံမှ ထွက်ခွာ သွားပြီး ၁၉၆၉-တွင် မိဘများ တရား၀င် ကွာရှင်း ခဲ့ပြီး နောက် ဖခင် ဖြစ်သူမှ- ကလေးများကို အုပ်ထိမ်း စောင့်ရှောက်ခွင့် ရခဲ့သည်။
    သို.နှင့်ပင် ၁၉၇၅-တွင် ဖခင် အနေဖြင့် အမှတ်စဉ် ၈-ဦးမြောက် “အားလ် စပင်ဆာ“ ဘွဲ.ကို ရရှိ ခဲ့ခြင်းဖြင့် ဒိုင်ယာနာ မှာလည်း “လေဒီ ဒိုင်ယာနာ“ အဖြစ်သို.ရောက် ခဲ့ပါသည်။
    ဘဲလေး အကကို လွန်စွာ ၀ါသနာ ပါခဲ့သော်လည်း- အရပ်ရှည်လွန်း သဖြင့် (အရွယ်ရောက်ချိန်တွင် ဒိုင်ယာနာသည် ၅’ ၁၀” အရပ် အမြင့် ရှိသည်။) ၄င်း အနေဖြင့် စွန်.လွှတ်ခဲ့ရသည်။
    ၁၉၇၈-တွင် ကျောင်းပြီး ပြီးနောက်- ကလေးထိန်း အဖြစ်လည်းကောင်း၊ စားပွဲထိုး သမ၊ သန်.ရှင်းရေး အလုပ်သမ စသော အလုပ်များကို လုပ်ကိုင် ပြီးနောက် တွင် လန်ဒန်မြို.ရှိ- Young England kindergarten မူကြိုကျောင်း တွင် ဆရာမ အဖြစ် အလုပ် လုပ်ခဲ့သည်။ (မိဘတို.သည် အင်္ဂလန် မင်းမျိုးနှင့် ဆက်နွယ် နေသော အမျိုး ဖြစ်၍၊ ဖခင်သည်လည်း အလွန် မြင့်မားသော တော်၀င်ဘွဲ. ရရှိထားသူ ပင် ဖြစ်သော်လည်း- အရွယ်ရောက် သည်နှင့် ကိုယ့်ကိုယ် ကို အားကိုး လိုသော စိတ်ဓါတ်ကို သတိပြု မိစေလိုပါသည်။)
    ၁၉၈၀ တွင် သူမထက် ၁၂-နှစ်ကြီးသော ေ၀လမင်းသား ချားလ်စ်နှင့် အချစ်ဇတ်လမ်း စတင်ခဲ့သည်။ အမှန် အားဖြင့် ချားလ်စ်သည် ဒိုင်ယာနာ၏ အမ ဖြစ်သူ ဆာရာနှင့် ဇတ်လမ်း ရှိနေခဲ့သည်။ ထိုအချိန်မှ စ၍- ဒိုင်ယာနာ အနေဖြင့် ဘယ်သွားသွား၊ သတင်းလောက ၏ နောက်ယောင်ခံ လိုက်မှုကို စတင် ရရှိ လိုက်ပါတော့သည်။
    သို.နှင့် ၁၉၈၁-ခုနှစ်၊ ဂျူလိုင်လ- ၂၉-ရက်တွင် စိန်.ပေါ ဘုရားရှိခိုးကျောင်းတွင် မင်္ဂလာ ဆောင်ခဲ့ ပြီး- ထိုမင်္ဂလာပွဲကို နိုင်ငံပေါင်း ၇၄-နိုင်ငံသို. လွှင့်ထုတ် ဖေါ်ပြခဲ့သဖြင့် ကမ္ဘာပေါ်ရှိ သန်း ၇၅၀-ကျော်သော ပြည်သူတို. မြင်တွေ.ခဲ့ကြရပါသည်။

ဒိုင်ယာနာအကြောင်းအသေးစိတ်ဖတ်ချင်သူများ - Click to

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection