ဆိုင်ကယ်လိုင်စင်မရှိသေးသူများ အဆမတန် ငွေညှစ်ခံနေရ


ဆိုင်ကယ်လိုင်စင်မရှိသေးသူများ အဆမတန် ငွေညှစ်ခံနေရ



  ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ကုန်းလမ်း ညွန်ကြားရေးဌာန (ကညန) မှ ယာဉ်လိုင်စင် လျှောက် ခွင့် ပိတ်ပင် ပြီးနောက် ပိုင်းလိုင်စင် မရှိသေးသည့် မော်တော်ဆိုင် ကယ်ပိုင်ရှင်များသည် မော်တော်ယာဉ် ထိမ်း များ၏ မတရားငွေညှစ်ခြင်းခံနေကြ သည် ဟုသိ ရသည်။” ယာဉ်မောင်းလိုင်စင်တော့ လုပ်လို့ရပေမဲ့ ယာဉ် လိုင်စင်ကို နံပါတ် ၁၉/ယ အထိသာ လုပ်ပေး တယ်၊ ယာဉ်လိုင်စင် မရှိသူ တွေကို တွေ့ယင် အနည်း ဆုံး ကျပ်ငွေနှစ်သောင်း တောင်းတယ်၊ ခုတလော မော်တော်ပီကေ (ယာဉ်ထိမ်းရဲ)တွေ တော် တော်သောင်း ကျန်းလာကြတယ် ” ဟု ဆိုင်ကယ်ပိုင်ရှင် တဦးက ပြောသည်။ဟားခါးမြို့ပေါ်တွင် ယာဉ် လိုင်စင် လျှောက်ခွင့်ကို သက်ဆိုင်ရာက ၂၀၁၀ ခုနှစ် အောက်တိုဘာ မှ စပြီး ပိတ်ပင်လိုက်သော ကြောင့် ဆိုင်ကယ် လိုင်စင်မလုပ်လိုက်ရသူ အမြောက်အများ ကျန်ရှိနေသည်ဟုသိရပြီး ၄င်းတို့ကို မော်တော် ယာဉ်ထိမ်းများ ၏ မတရားငွေညှစ်ခြင်းခံနေကြ ခြင်းဖြစ်သည်။ ယခင်က ယာဉ်လိုင်စင်တခုကို ကျပ်ငွေ ငါးသိန်းဖြင့် လုပ်ပေးကြပြီး ယာဉ်မောင်းလိုင်စင်ကို ကျပ်ငွေ ၈ ထောင်ဖြင့်လုပ်ပေး ကြကြောင်း သိရသည်။ လက်ရှိ တရုတ်လုပ် ဆိုင်ကယ်ပေါက်ဈေးသည် အမျိုးအစားအလိုက် ကျပ် ငွေ ၅ သိန်းမှ ၇ သိန်း အထိ ဖြစ်သည်။ ယာဉ်ထိမ်းရဲများသည် ဟားခါးမြို့ပေါ်အပြင် ထန်တလန် နှင့် ဖလမ်းမြို့အ၀င်များ၌ နယ်မှ တက်လာသော လိုင်စင်မဲ့ ဆိုင်ကယ်များကို စောင့်ဖမ်းပြီး ဒါဏ်ငွေ ဆောင်ခိုင်းလေ့ရှိသည်ဟုလည်း တက္ကသိုလ် ကျောင်း သားတဦးကပြောသည်။” အစိုးရအလုပ်ချိန်က နံနက် ၉ နာရီကနေ ညနေ ၄ နာရီဖြစ် တယ်၊ ဒါပေမဲ့ မော်တော်ပီကေ(ယာဉ်ထိမ်းရဲ) တွေက ညနေ ၆ နာရီကနေ ၇ နာရီလောက်မှာ အရပ်၀တ်နဲ့ မြို့ပြင်ကို သွား ပြီးတော့ ဆိုင်ကယ်ခရီးသည်တွေကို သွားစစ်ပြီး ပိုက်ဆံရှာကြတယ်” ဟု သူကပြောသည်။ နယ်မှ တက် လာသော မော်တော်ဆိုင်ကယ်အများစုသည် လိုင်စင်မဲ့ ဆိုင်ကယ်များဖြစ်ကြ သည်ဟု သိရသည်။ ဒေသခံများသည် အပြင်ဆိုင်မှာထက် မော်တော်ပီကေများ ထံမှ ဆိုင်ကယ်များကို ပိုမိုပြီး ၀ယ်ယူလို ကြ ကြောင်း အကြောင်း မှာ လိုင်စင်ကိစ္စအရှုပ်အရှင်းအတွက်မော်တော်ပီကေများနဲ့ နားလည်မှု ရယူနိုင် သော ကြောင်ဖြစ်ကြောင်း ပြောကြသည်။“ယာဉ်လိုင်စင်တဲ့သူတွေအတွက်တော့ မော်တော်ပီ ကေဆီက ၀ယ်ရတာ အဖမ်းခံယင်လည်းနားလည်မှုယူလို့ရတယ်၊ ဒါပေမဲ့ မော်တော် ပီကေ အသစ်ပြောင်း ယင် မလွယ်ပြန် ဘူး” ဟု ဒေသခံတဦးက ပြောသည်။ဟားခါးမြို့နယ်တွင် မော်တော်ဆိုင်ကယ် အစီးပေါင်း ၈၀၀၀ ခန့်ရှိသည့် အနက်စီးရေ တ၀က်ခန့်သည် လိုင်စင်မဲ့ ဆိုင်ကယ် များသာဖြစ်ကြောင်း အဓိက အားဖြင့် တရုတ် လုပ်ဆိုင်ကယ်များဖြစ်ကြောင်း သိရသည်။

Credit : Chin News Group

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection