The Lady ရုပ်ရှင်ကား ပြသတော့မည်

The Lady ရုပ်ရှင်ကား ပြသတော့မည်


မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝကို ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ကား ကို နိုင်ငံတကာ Rome ရုပ်ရှင်ပြပွဲမှာ မကြာခင် ပြသတော့မယ်လို့ သိရပါတယ်။Rome ရုပ်ရှင်ပြပွဲကို လာမယ့် အောက်တိုဘာလ ၂၇ ရက်ကနေ နိုဝင်ဘာလ ၄ ရက်နေ့အထိ ပြသမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးဘဝအပြင် သူ့ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုကို ဖော်ကျူးထားတဲ့ ဒီရုပ်ရှင်ဇာတ်လမ်းမှာ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး Michelle Yeoh က အဓိက ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားပြီး ပြင်သစ်လူမျိုး ဒါရိုက်တာ Luc Besson က ရိုက်ကူး တင်ပြထားတာပါ။ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝနဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုကို မိမိအနေနဲ့ အလွန်ပဲ အလေးထားမိကြောင်းနဲ့ ဒီရုပ်ရှင်ဇာတ်ကားက တဆင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုကို အထောက်အကူ ဖြစ်မယ်၊ မြန်မာ့ ဒီမိုကရေစီအရေးကို ကမ္ဘာက ပိုမို သိရှိနားလည်လာမယ်ဆိုရင် ကျေနပ်ပါပြီလို့ Michelle Yeoh က ပြောပါတယ်။Michelle Yeoh ဟာ ဒီ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်တာကြောင့် မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ဖို့ ကြိုးစားစဉ်မှာ မြန်မာအစိုးရရဲ့ ပိတ်ပင်တားမြစ်ခြင်း ခံခဲ့ရပါတယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection