မကွေးတွင် ဆည်ရေလွှတ်၍ ရေကြီးပြီး ပျက်စီးဆုံးရှုံးမှုများ

မကွေးတွင် ဆည်ရေလွှတ်၍ ရေကြီးပြီး ပျက်စီးဆုံးရှုံးမှုများ

by နော်နိုရင်း

မကွေးတွင် ဆည်ရေလွှတ်၍ ရေကြီးပြီး ပျက်စီးဆုံးရှုံးမှုများby နော်နိုရင်းသုံးရက်ဆက်တိုင်း မိုးကြီးရေလျှံလို့ မကွေးမြို့နယ်မှာ နတ်မောက်၊ စွန်၊ ဆဒ္ဒန် စတဲ့ ရေလှောင်တမံတွေ ရေလွှတ်ချတဲ့အတွက် ဆည်အောက်ဘက်ရှိ လမ်းတံတား၊ ကျေးရွာနဲ့ လယ်ယာခြံမြေတွေ ပျက်စီးသွားတယ်လို့ မကွေးမြို့ခံတွေက ပြောပါတယ်။နတ်မောက်ရေလှောင်တမံကနေ ၂၈ ရက်နေ့က ရေလွှတ်ချတဲ့အတွက် ယင်း ချောင်း ရေတက်ပြီး ဒီနေ့မှာ ဂွေွးချောင်းတံတားကျိုးသွားလို့ မကွေး – နေပြည်တော် အသွားအလာ ရပ်သွားပြီလို့ မကွေးမြို့သစ်နေတဦးက ပြောပါတယ်။“၂၈ ရက်နေ့မှာ လဲလူးကျေးရွာက ရေမြုပ်တယ်၊ နေပြည်တော်လမ်းမှာ ယင်း ချောင်းတံတား မိုင်တိုင်အမှတ် ၃၁-၁ နဲ့ ၃၁- ၃ ကြားမှာ ပေ ၂၀၀- ၃၀၀ လောက် ပြတ် ထွက်သွားပြီးတော့ အဲဒီကရေဟာ ကမ်းလုံးပြည့်ရေကြီးတယ်။ ဒီနေ့ကျတော့ မြို့သစ်နဲ့ ရွှေဘန်းကြားမှာ ရေကျော်ပြီးတော့ ကွန်ကရစ်တံတား ပြုတ်သွားပြီး ကားသုံးစီး ပိတ်နေ တယ်။ မကွေးကိုသွားတဲ့ကားတွေ ပိတ်နေတယ်။”ရေစလွှတ်တဲ့ ၂၈ ရက်ညမှာ မကွေးမြို့သစ်နဲ့ ၃ မိုင်လောကေ်၀းတဲ့ ထန်းတပင်ရွာမှာ အိမ် ၇ လုံး ရေထဲမျောသွားသလို တခြားရွာက လယ်ကွင်းတွေ၊ ခြံမြေတွေ မျောပါပျက်စီး ကုန်တယ်လို့လည်း ပြောပါတယ်။“ဖြည်းဖြည်းချင်း ကမ်းပါးပြိုကျတာဆိုတော့ လူတွေတော့ အန္တရာယ်မရှိဘူး။ တိရစ္ဆာန်တွေနဲ့ အိမ်တွေတော့ ပါသွားတယ်။ ၂၉ ရက်နေ့မှာ မြင်သာကျေးရွာမှာရှိတဲ့ အိမ်ခြေ ၁၅ လုံးလောက်ကို အရေးပေါ် တောက်လျှောက်ရွှေ့နေရတယ်။ ပုလဲရေ လှောင်တမံနားက လယ်ယာမြေတွေ ရေလွှမ်းမိုးပြီးတော့ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ ၀ါတွေ ဧက ၃၀ လောက် ပျက်ဆီးဆုံးရှုံးသွားတယ်။”ယင်းချောင်းရေကြီးမှုကြောင့် မကွေးမြို့သစ် မြို့နယ်တွင်းက လယ်ဧကထောင်ချီ ရေမြုပ်နေပြီး ပျက်စီးမယ့်အနေအထားဖြစ်နေတယ်လို့လည်း ဆိုပါတယ်။စွန်ရ ေလှောင်တမံ ရေလွှတ်တာကြောင့် စွန််ချောင်းရဲ့အောက်ဘက် ကွမ်းခြံရွာက ပဲစဉ်းငုံခင်း၊ ၀ါခင်းတွေနဲ့ ဥယာဉ်ခြံမြေတချို့ မနေ့ညက မျောပါသွားတယ်လို့ ဆိုပါတယ်။ရေဘေးသင့်သူတွေဟာ ဘာအကူအညီမှမရသေးလို့ အခက်တွေ့နေတယ်လို့ လည်း ဆိုပါတယ်။မကွေးမြို့သစ် မြေနိမ့်ပိုင်းရ ပ်ကွက်တချို့မှာတော့ ခါးလောက်ထိ ရေကြီးနေပြီး မိုးလည်း ဆက်ရွာနေတယ်လို့ မြို့ခံက ပြောပါတယ်။ မကွေးမြို့မှာ အခုရေကြီးမှုဟာ နှစ် ၃၀ အတွင်း အဆိုးဆုံးပဲလို့ ဒေသခံတွေက ပြောပါတယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection