မြန်မာတွေ ကမ္ဘာကျော်ပြန်ပြီ

မြန်မာတွေ ကမ္ဘာကျော်ပြန်ပြီ


ထူးဆန်းစွာပဲ မြန်မာနိုင်ငံဟာ ၂၀၁၁ ခုနှစ် ပထမသုံးလပတ်အတွင်း ကမ္ဘာ့တ၀ှမ်းရှိ အင်တာန က်တိုက်ခိုက်မှုတွေ အများဆုံး စတင်ခဲ့တဲ့နိုင်ငံ

ပထမနေရာစာရင်းကို ရောက်ရှိလာတယ်လို့ အမေရိကန်အခြေဆိုက် အိုင်တီကုမ္ပဏီ Akamai က "State of the Internet" သတင်းမှာ ဖော်ပြထားပါတယ်။

ုယခင်က ဘားမားလို့ပဲ လူသိများတဲ့ အရှေ့တောင်အာရှ နိုင်ငံငယ်လေးဖြစ်တဲ့ မြန်မာနိုင်ငံဟာ အင်တာနက်တိုက်ခိုက်မှုတွေအားလုံးရဲ့ ၁၃ ရာခိုင်နှုန်း ပါ၀င်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်က တိုက်ခိုက်တဲ့နိုင်ငံထိပ်ဆုံး စာရင်း ၁၀ ခုမှာ မြန်မာနိုင်ငံက မပါ၀င်ခဲ့ဘဲ ယခုအခေါ် ထိပ်ဆုံးနံပတ် (၁) စာရင်းထဲပါလာတာ အလွန်အံ့သြစရာကောင်းတယ်လို့ သတင်းမှာရေးထားပါတယ်။

အမေရိကန်က ဒုတိယနေရာနဲ့ (၁၀) ရာခိုင်နှုန်း၊ ထိုင်၀မ်က တတိယအဖြစ် (၉.၁) ရာခိုင်နှုန်း၊ ရုရှားက (၇.၇) ရာခိုင်နှုန်း နဲ့ တရုတ်ပြည်က (၆.၄) ရာခိုင်နှုန်း စသဖြင့် ထိပ်ဆုံး ၅ နေရာစာရင်း ၀င် ဖြစ်လာပါတယ်။ ၂၀၁၀ ခုနှစ်မှာ ရုရှားနိုင်ငံက (၁၀) ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးအင်တာနက် တိုက်ခိုက်မှု စတင်တဲ့နိုင်ငံဖြစ်ခဲ့ပါတယ်။

"ဒါပေမဲ့ တိုက်ခိုက်မှုတွေအားလုံးဟာ မြန်မာနိုင်ငံက အဖွဲ့အစည်းတစ်ခုကနေပဲ စခဲ့တာလား ဒါမှ မဟုတ် မြန်မာနိုင်ငံက အင်တာနက်လုံခြုံရေး ကာကွယ်မှုမရှိတဲ့ ကွန်ပြူတာတွေကို အသုံးချပြီး ဘုတ်နက် (botnet) လို့ခေါ်တဲ့ နည်းလမ်းနဲ့ တဆင့်ခံတိုက်ခိုက်ခဲ့တာလား ဆိုတာကိုတော့ အတိအကျမသိနိုင်ပါဘူး" လို့ အယ်ဒီတာ ဒေးဗစ်ဘယ်ဆန် (David Belson) က ရေးထားပါတယ်။ အကယ်၍ မြန်မာနိုင်ငံဟာ ဒုတိယပိုင်းလပတ်အထိ ထိပ်ဆုံးစာရင်းမှာ ဆက်ပြီးပါနေရင် တော်တော် ထူးဆန်းမယ်လို့ သူကဆက်ပြောပါတယ်။

Akamai ရဲ့အချက်အလက်တွေဟာ တိုက်ခိုက်မှုမဖြစ်ပေါ်ခင် နောက်ဆုံးဖြတ်သန်းလာတဲ့ အင် တာနက်ကွန်ယက် ချိတ်ဆက်မှုနေရာကိုသာ မှတ်တမ်းယူထားတာဖြစ်တာကြောင့် မြန်မာနိုင်ငံ ကို ပရောက်ဆီ (Proxy) ခေါ်တဲ့ တတိယကြားခံအဖြစ်သုံးပြီး အင်တာနက်တို က်ခိုက်မှုလုပ်တာလည်း ဖြစ်နိုင်ပါတယ်။

နောက်ပြီးတော့ port 9050 ကိုအသုံးပြုပြီး တိုက်ခိုက်တာလည်း ဖြစ်နိုင်ပါတယ်။ Port 9050 ကို Tor သို့ Onion Router လို့ခေါ်ပြီး အမည်မသိကွန်ယက် (anonymous proxy networking) ဖြစ်ပါတယ်။ အဲဒါကိုအသုံးပြုပြီး အင်တာနက်သုံးနေတဲ့ နေရာဒေသ၊ ဘယ်၀က်ဆိုက်သွားနေတယ်၊ ဘာတွေလုပ်န ေတာ စတာတွေကို အခြားသူခြေရာမခံမိအောင် ဖျောက်ဖျက်လို့ ရပါတယ်။ မြန်မာနိုင်ငံက အင်တာနက် တိုက်ခိုက်မှုစာရင်း ထိပ်ဆုံးမှာရောက်နေတာ အဲဒီက အင်တာနက်ကွန်ယက် အဖွဲ့၀င်များက သူတို့ကိုခြေရာမခံနိုင်အောင် ကျွမ်းကျင်စွာ ကာကွယ်နိုင်လို့လည်း ဖြစ်နိုင်ပါတယ်လို့ လည်း ဒေးဗစ်ဘယ်ဆင်က မှတ်ချက်ပေးထားပါတယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection