ဆိုက် တိုက်ခိုက်မှု သတင်း အများစုမှာ ဇာချဲ့ထားခြင်းသာ ဖြစ်သည်

ဆိုက် တိုက်ခိုက်မှု သတင်း အများစုမှာ ဇာချဲ့ထားခြင်းသာ ဖြစ်သည်

လက်ရှိ ကုမ္ပဏီ ကြီးများ တွေ့ကြုံ နေရသည့် ဆိုက်ဘာ တိုက်ခိုက်မှု ပမာဏမှာလည်း အလွန် များပြား နိုင်ကြောင်း Microsoft သုတေသန အဖွဲ့မှ ပြုလုပ်ခဲ့သည် စစ်တမ်း တစ်ရပ် တွင် ဖော်ပြ ခဲ့သည်။

သို့သော် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု သတင်း ပို့မှု အများစုမှာလည်း လိုသည်ထက်ပို၍ ဇာချဲ့ထား ခြင်းဖြစ်သည်ဟု အဆိုပါ အစီရင်ခံစာက ဆက်လက်ဖော်ပြ သွားခဲ့သည်။ ဆိုက်ဘာ တိုက်ခိုက်မှုအရေ အတွက်နှင့် ထိခိုက်ဆုံးရှုံး မှုပမာဏကို သိရပါက အနာဂတ်တွင် ဆိုက်ဘာ တိုက်ခိ်ုက်မှုရန်မှ ကာကွယ်ရှောင်ရှား နိုင် ရန်အသုံးတည့်ကြောင်း၊ ကုမ္ပဏီ များ၏ ဆိုက်ဘာ တိုက်ခိုက်မှုအတွေ့အ ကြုံများကို စုစည်းလို က်ခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာတိုက်ခိုက် မှုများကို ရုပ်လုံး ဖော်ကြည့်နိုင်ကြောင်း Microsoft သုတေသနအဖွဲ့က ၄င်း တို့၏ အစီရင်ခံတွင် ထည့်သွင်း ဖော်ပြသွား ခဲ့သည်။

သို့သော် လိင်မှုရေးရာ၊ မုသားနှင့် ဆိုက်ဘာ တိုက်ခိုက်မှုစစ် တမ်းဟု အမည်ပေးထားသည့် စာတမ်း တစ်ရပ်တွင် ဆိုက်ဘာတိုက်ခိုက်မှု သတင်းဖော်ပြချက်များသည် လူသား တို့၏ လိင်မှုရေး ရာ ကိစ္စရပ်များနှင့်ဆင် တူကြောင်း အဆိုကြမ်း တင်ပြခဲ့သည်။ အမျိုးသားတစ်ဦး သည်မိမိနှင့် ငြိစွန်းခဲ့သော အမျိုးသမီးအရေအတွက်ကို အမှန်တကယ် ပမာဏထက် ပိုမို ထုတ်ဖော်ပြော ဆိုလေ့ရှိသကဲ့သို့ ဆိုက်ဘာတိ်ုက်ခိုက်မှုသတင်းဖော်ပြ ချက်များမှာလည်း အမှန်တကယ်ပမာ ဏထက် ပိုမိုဖော်ပြနေကြခြင်းသာ ဖြစ်ကြောင်း အဆိုပါစာတမ်းတွင်ဖော် ပြခဲ့ခြင်းဖြစ်သည်။

Hacker များဘက်မှ ချဲ့ကားဖော်ပြခြင်းမျိုးရှိတတ်သလို တိ်ုက်ခိုက်ခံရသူကုမ္ပဏီများဘက်မှ ချဲ့ကား ဖော်ပြခြင်းမျိုးလည်းရှိ၍ တိကျ သည့် စာရင်းဇယား ကောက်ခံမှု ရရှိရန် မလွယ်ကူ လှဟု ဆိုသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection