Facebook အကြောင်း တစေ့တစောင်း
Facebook အကြောင်းလေး ေ၀မျှချင်နေတာ။ အချိန်ရတုန်း ဖော်ပြပေးလိုက်ပါတယ်။
Facebook ဆိုတာ ဘာလဲ ?
ယနေ့ခေတ်မှာ အင်တာနက်ကနေ တစ်ဆင့် လူမှုဆက်သွယ်ရေးများ ပြုလုပ်နိုင်စေရန် ဖန်တီးထားသော လူမှုဆက်သွယ်ရေး Website တစ်ခု ဖြစ်ပါတယ်။ Facebook ကို ယခုအခါမှာ ကမ္ဘာတစ်၀န်းအနေနဲ့ သုံးစွဲသူပေါင်း ၁၇၅ မီလီယံကျော် ရှိနေပြီး အများစုမှာ စီးပွားရေးနှင့် လုပ်ငန်းအသင်းအဖွဲ့များအတွက် အသုံးပြုနေကြပါတယ်။
မိတ်ဆွေများနှင့် ဆက်သွယ်နိုင်ခြင်း
သင့်မှာ Facebook Account ရှိရင်တော့ Facebook အသုံးပြုတဲ့ မိတ်ဆွေအားလုံးကို Invite လုပ်လိုက်ပေါ့။ မရှိရင်လဲ www.Facebook.com မှာ Account ဖွင့်လိုက်ပေါ့။ သင့်ရဲ့ ဓါတ်ပုံများ၊ Video များ၊ စိတ်၀င်စားဖွယ် Website Link များ၊ Message များနှင့် သင်လက်ရှိ ဘာလုပ်နေတယ်၊ ဘာစဉ်းစားနေတယ်၊ မည်ကဲ့သို့ ခံစားနေရတယ်၊ အစရှိတာတွေကို ဖော်ပြပေးနိုင်ပြီး မိတ်ဆွေများထံ email ပို့ခြင်းနှင့် စကားပြောခြင်းကို ပြုလုပ်နိုင်ပါတယ်။
လက်ရှိတော့ မိမိကိုယ်တိုင်လဲ သုံးနေတယ်။ ကြိုက်လဲ ကြိုက်ပါတယ်။ မသုံးစွဲရသေးရင် သုံးဖို့ တိုက်တွန်းပါတယ်။ အခက်အခဲ မရှိ သုံးနိုင်လို့ ဖြစ်ပါတယ်။ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေနဲ့ အဆိုတော်တွေလဲ နှစ်ချိုက်စွာ သုံးစွဲနေ ကြပါတယ်။ ပျော်ရွှင်နိုင်ကြပါစေ။