စီအိုင်အေက အိုစမာဘင်လာဒင်ကို

စီအိုင်အေက အိုစမာဘင်လာဒင်ကို မောင်းသူမဲ့ လေယာဉ်များနှင့် စောင့်ကြည့်ခဲ့သည်ဟု အစီရင်ခံစာကပြော

ဝါရှင်တန်- အမေရိကန် ကွန်မန်ဒိုက အိုစမာဘင်လာဒင်ကို မဖမ်းဆီးမီ ပါကစ္စ တန်နိုင်ငံထဲရှိ ၎င်းပုန်းနေသည့်အိမ်ကို စီအိုင်အေက ရေဒါလွတ် မောင်းသူမဲ့လေယာဉ်များဖြင့် လျှို့ဝှက်စွာအခေါက်ပေါင်းများစွာ ပျံသန်း ခဲ့ကြောင်းဝါရှင်တန်ပို့စ် သတင်းစာက မေလ ၁၇ ရက်နေ့က သတင်းပေး ပို့ခဲ့သည်။

ဘင်လာဒင်ကို 'ကန်' အထူးတပ်ဖွဲ့ဝင်များ ၀င်တိုက်ခဲ့သည့် မေလ ၂ ရက်နေ့ မတိုင်မီ လပေါင်းများစွာက အဆင့်မြင့် မောင်းသူမဲ့ လေယာဉ် များကို ပင်လယ် ပြင်မှ မြင့်မားသည့်နေရာများတွင် ပျံသန်းပြီး အရည် အသွေးမြင့်မားသည့် ဗီဒီယို များရိုက်ယူ ခဲ့ကြောင်း လက်ရှိနှင့် ယခင် 'ကန်'အရာရှိများထံမှ သတင်းရခဲ့သူ ပို့စ် သတင်းစာက ကိုးကားဖော်ပြခဲ့သည်။

မောင်းသူမဲ့ ပရီဒေတာ လေယာဉ်ကို သတင်းရိုက်ယူလိုသည့် နေရာပေါ်မှရပ် ပြီးရိုက်ယူပါက ပါကစ္စတန်က သိသွားနိုင် သည့်အတွက် ပျံသန်းပြီးမှရိုက်ယူရ ကြောင်း'ကန်' အရာရှိ ဟောင်းတစ်ဦးက ဆက်လက်ပြောကြားသွားသည်။ ဘင်လာဒင် ငါးနှစ်ကြာနေထိုင်သွား ခဲ့သည့် အဘော့တာဘတ်မြို့မှ စီအိုင် အေက ဂြိုဟ်တု၊ လျှို့ဝှက်စွာ နားထောင် နိုင်သည့် စက်ပစ္စည်းနှင့် စီအိုင်အေ ၀န်ထမ်းများကို အခြေစိုက်ပြီး ဘင်လာ ဒင်ကို ထောက်လှမ်းခဲ့သည်။

၎င်းအချက် ကိုကြည့်ခြင်းဖြင့် အကြမ်းဖက်မှုကို တိုက် နေကြသည့် အမေရိကန်နှင့် ပါကစ္စတန် မဟာမိတ် နှစ်နိုင်ငံတို့သည် တစ်ဦးကို တစ်ဦး မယုံကြည်မှု မြင့်မားလာသည်ကို မီးမောင်းထိုးပြသကဲ့သို့ ဖြစ်နေသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အမေရိ ကန်ထံမှ အကူ အညီ ဒေါ်လာဘီလျံ ၂၀ ရယူခဲ့သည့် ပါကစ္စတန်နိုင်ငံသည် ၎င်း၏မဟာမိတ် အမေရိကန်နှင့် ဘင်လာဒင် ကိစ္စကြောင့် ဆက်ဆံရေး ဆက်လက်ပြီး တင်းမာစေခဲ့သည်။

အမေရိကန်တို့၏ တိုက်ခိုက်မှုကို လက်ခံခဲ့သည့်အတွက် ပါကစ္စတန် နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါး စေခဲ့သည်ဟု ပါကစ္စတန် စစ်ဘက်နှင့် ထောက်လှမ်းရေးအဖွဲ့များအပေါ် ဖိအားသက်ရောက်လျက်ရှိသည်။ ရေဒါလွတ်လေယာဉ်များမှ ရရှိခဲ့သည့် ရုပ်ပုံများကို ဘင်လာဒင်အား ၀င်တိုက် ခိုက်ခဲ့သည့်ညက သမ္မတအိုဘားမားနှင့် ၎င်း၏ အမျိုးသား လုံခြုံရေး အဖွဲ့က ကြည့်ရှုခဲ့သည်ဟု ပို့စ်က ဆက်လက် တင်ပြသွားသည်။

ပါကစ္စတန်နိုင်ငံက တုံ့ပြန်မှုကိုသိရှိနိုင်ရန် 'ကန်'အရာရှိ များက ၎င်းလေယာဉ်တို့မှတစ်ဆင့် ပါကစ္စတန်တို့၏ ဆက်သွယ် ရေးလမ်း ကြောင်းတို့ကို ခိုးနားထောင်ခဲ့သည်။ အသံကိုထိန်းရန်နှင့် မမြင်နိုင်ရန် အတွက် အထူးတည်ဆောက်ထား သည့် ရေဒါလွတ် ဘလက် ဟော့ခ် ရဟတ် ယာဉ်ကိုလည်း ဘင်လာဒင်အား တိုက် ခိုက်ရာတွင်လည်း အသုံးပြုခဲ့ကြသည်။ သို့သော် အလာခရီးတွင် ဘင်လာဒင် ပုန်းနေသည့် နေရာအရောက်တွင် ပျက် ကျခဲ့သည့်အတွက် 'ကန်' တပ်ဖွဲ့များက ဖျက်ဆီးပစ်ခဲ့ရပြီး ရဟတ်ယာဉ်၏ နောက်ဘက်အမြီး ပိုင်းသာ ကျန်ရစ်ခဲ့ ကြောင်း သိရသည်။

ပရီဒေတာနှင့် အခြား ရေဒါဖမ်းမိနိုင် သည့် လျှို့ဝှက်စွာ သတင်းရယူသည့် လေယာဉ်များကို ဘင်လာဒင်ပုန်း အောင်းနေ သည့်နေရာ အနီးရှိ ပါကစ္စ တန်စစ်ဘက်နှင့် အဏုမြူစခန်းများရှိ ရေဒါတို့က တွေ့ရှိနိုင်ခဲ့သည့်အချက်ကို လည်း 'ကန်'အရာရှိများက ၀န်ခံခဲ့သည်။ ၎င်းအချိန်ကအသုံးပြုခဲ့သည့် မောင်းသူမဲ့လေယာဉ်များသည် Lockheed Martin RQ-170 Sentinel အမျိုးအစား များ ဖြစ်နိုင်ကြောင်း နှင့်၎င်းလေယာဉ်များသည် ပေအတော်မြင့်မြင့်မှကြိုက်သည့် နေရာသို့ဗီဒီယိုရိုက်ယူ၍ရသည့်အတွက် ပစ်မှတ်နေရာ အပေါ်တည့်တည့် သွားရိုက်ယူရန်မလိုကြောင်း ပို့စ်သတင်းစာ ကရှင်းပြသွားသည်။

(အေအက်ဖ်ပီ)
ရဲလင်း ဘာသာပြန်သည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection