ငြိမ်းချမ်းရေး အစီအစဉ် ကဒါဖီ လက်ခံရန်အသင့်

လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့ကိုရောက်ရှိနေသည့် တောင်အာဖရိက သမ္မတ ဂျက်ကော့ဇူးမား (လယ်-ယာ) ကို လစ်ဗျား နိုင်ငံဝန်ကြီးချုပ် ဘက်ဒါဒီ အယ်လ်မာမူဒီ (ရှေ့-ယာ)နှင့် ဒေသခံလူမျိုးနွယ်စုဝင် တို့က မေလ ၃၀ ရက်နေ့က ကြိုဆိုနှုတ်ဆက်နေကြစဉ်။ တောင် အာဖရိကသမ္မတအနေဖြင့် လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီကို ဖယ်ရှားရန်တိုက်ခိုက် နေသည့် သူပုန်များနှင့် တိုက်ပွဲများ ရပ်စဲရေး ဆောင်ရွက်ပေးရန် ရောက်ရှိနေခြင်းဖြစ်သည်။


အာဖရိကသမဂ္ဂမှ တင်ပြသည့် ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် အဆင်သင့် ရှိကြောင်း ကဒါဖီက ပြောကြား သည်ဟု ထရီပိုလီမြို့တွင် လစ်ဗျားခေါင်းဆောင်နှင့် ဆွေးနွေးအပြီး တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမားက မေလ ၃၀ ရက်နေ့က ပြောကြားသည်။နေတိုးအဖွဲ့က လေကြောင်းမှ တိုက်ခိုက်မှု အပါအ၀င်၊ အပစ် အခတ်ရပ်စဲရေး စတင်သည်နှင့် တစ်ပြိုင်နက်ကဒါဖီသည် အာဖရိကသမဂ္ဂ၏ ငြိမ်းချမ်းရေး အစီ အစဉ်ကိုအကောင်အထည်ဖော်ရန်အသင့်ရှိသည်ဟု လစ်ဗျားနှင့် တောင်အာဖရိက ရုပ်မြင်သံကြားသတင်းဌာနများ ကဖော်ပြထား ပါသည်။

ဓာတ်ပုံ - အေအက်ဖ်ပီထရီပိုလီ

(အေအက်ဖ်ပီ)တီအေ ဘာသာပြန်သည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection