အမေရိကန် စီအိုင်အေ ၀က်ဘ်ဆိုက်သို့ ဟက်ကာများ၀င်ရောက်
ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်သည့် Lulz Security အဖွဲ့သည် ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံ ဗဟိုထောက်လှမ်းရေး အေဂျင်စီ၏ ၀က််ဘ်ဆိုက် အား ၀င်ရောက်တိုက်ခိုက်ခဲ့ရာ ၄င်း၀က်ဘ် ဆိုက် သည် လုံး၀ရပ်ဆိုင်းသွားခဲ့သည်။ ၄င်းအဖွဲ့သည် လွန်ခဲ့သောလအတွင်းက ဆိုနီ၊ နင်တန်းဒိုး နှင့် အမေရိကန်နိုင်ငံရှိ အသံလွှင့်ရုံများနှင့် အမေရိ ကန် ဆီးနိတ်လွှတ်တော် ကွန်ယက်များ အတွင်းသို့ ၀င်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ၄င်းတို့သည် တိုက်ခိုက်ခံ ကွန်ယက် အတွင်းသို့ ၀န်ဆောင်မှုငြင်းပယ်သည် (Denial of service-DOS) များကို ထည့်သွင်း ပြန့်နှံ့စေသည်။ ဤသို့ဖြင့် သက်ဆိုင်ရာ ကွန်ယက်များ DOS များဖြင့် ပြည့်နှက်၍ ပိတ်သွားခဲ့ သည်။ ဟက်ကာများသည် အွန်လိုင်း၀န်ဆောင်မှု လုပ်ငန်းများ အတွက် ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်ကြောင်းကို လူအများသိရှိရန် Lulz အုပ်စုက ကြိုးစားခြင်း ဖြစ်သည်ဟု သိရှိရသည်။ (ဘီဘီစီ)