သံလွင်ဆီစားသုံးခြင်းဖြင့် လေဖြတ်ရောဂါ ဖြစ်ပွားမှုလျှော့ချနိုင်

အသက်အရွယ်ကြီးသူများ သံလွင်ဆီကို စားသုံးခြင်းဖြင့် လေဖြတ်ရောဂါမှ ထိရောက်စွာ ကာကွယ်နိုင်သည်ဟု အမျိုးသား ကျန်းမာရေးနှင့် ဆေးဝါးသုတေသနဌာနမှ ထုတ်ပြန်သော လေ့လာချက်စာတမ်းတွင် ဖော်ပြထားသည်။ သုတေသနအဖွဲ့သည် ပြင်သစ်နိုင်ငံ မြို့ကြီး သုံးမြို့မှ အသက် ၆၅နှစ်နှင့် အထက် လူပေါင်း ၇၆၀၀ကျော်ကို ၅နှစ်တာမျှ လေ့လာ၍ အဆိုပါ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လေ့လာခံရသူများအား သံလွင်ဆီကို မပြတ်စား သုံးသည့် အစုနှင့် လုံးဝမစားသုံးသည့် အစုဟူ၍ နှစ်ခုခွဲလေ့လာခြင်းဖြစ်သည်။ သံလွင်ဆီ စားသုံးသည့် အုပ်စုသည် ကျန်အုပ်စု ထက် လေဖြတ်ရောဂါ ဖြစ်ပွားမှုနှုန်း ၄၁ရာခိုင်နှုန်း လျော့ကျသည်ကို တွေ့ရှိရသည်။ အသက်ကြီးသူများတွင် လေဖြတ်ရောဂါ ဖြစ်ပွားလေ့ရှိ၍ သံလွင်ဆီကုထုံးသည် စရိတ်စခ သက်သာသဖြင့် အသက် ၆၅နှစ်ကျော်သူများအား သံလွင်ဆီ စားသုံးပေးရန် တိုက်တွန်းနှိုးဆော်ကြောင်း ဖော်ပြထားသည်။ (အေအက်ဖ်ပီ)

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection