ခရီးဆောင် KeePass
ခရီးဆောင် KeePass ဟာ လုံခြုံမှုရှိပြီး သုံးစွဲရလွယ်ကူတဲ့ စကားဝှက် စီမံခန့်ခွဲရေး ကိရိယာ တခု ဖြစ်တယ်။
ခရီးဆောင် KeePass တပ်ဆင်ခြင်း
- အောက်က ခရီးဆောင် KeePass ပုံသင်္ကေတကို နှိပ်ပြီး ဖိုင်ကို USB မှတ်ဉာဏ်ချောင်း တခု ဒါမှမဟုတ် တခြား disk ထဲမှာ 'သိမ်းထား'လိုက်ပါ
ပင်မစာမျက်နှာ
ကွန်ပျူတာ လိုအပ်ချက်များ
- ဝင်းဒိုး မူအဆင့်များ အားလုံး
- USB မှတ်ဉာဏ်ချောင်း
ဒီလမ်းညွှန်ထဲမှာ သုံးစွဲတဲ့ မူအဆင့်များ
- ၁.၁၄
ခွင့်ပြုချက်
- အခမဲ့ပြီး ပွင့်လင်းတဲ့ အရင်းအမြစ် ဆော့ဗ်ဝဲ
ဖတ်ရှုရမည့် အရာ
- သုံးစွဲနည်း စာအုပ်ငယ် အခန်း ၃။ လုံခြုံမှုရှိတဲ့ စကားဝှက်များကို ဖန်တီးပြီး ထိန်း သိမ်းနည်း
အဆင့် **- ၁။ လက်သင်၊ **၂။ ပျမ်းမျှ၊ ၃။ အလယ်အလတ်၊ ၄။ အတွေ့အကြုံရှိသော၊ ၅။ အဆင့်မြင့်
ဒီကိရိယာကို စတင် သုံးစွဲဖို့ လိုအပ်တဲ့ အချိန် - ၁၅ မိနစ်
သင် ပြန်လည်ရရှိမည့် အရာ -:
- သင့်ရဲ့ စာကားဝှက် အားလုံးကို အဆင်ပြေပြီး လုံခြုံမှုရှိတဲ့ ဒေတာဘေ့စ် တခုထဲမှာ သိမ်းထားလို့ရမယ်။
- အားကောင်းတဲ့ စကားဝှက် အများအပြားကို မှတ်မိနေစရာမလိုပဲ ဖန်တီးနိုင်ပြီး သိမ်းထား လို့ရမယ်။
၁.၁ သင် အစ မပြုမီ ဒီကိရိယာအကြောင်း သင် သိထားရမည့် အချက်များ
KeePass ဆိုတာ သုံးရလွယ်ကူပြီး သင့်ရဲ့ စကားဝှက် အားလုံးကို လုံခြုံမှု အားကောင်းတဲ့ ဒေတာဘေ့စ်ထဲမှာ သိမ်းထားပေး၊ စီမံခန့်ခွဲပေးတဲ့ ကိရိယာတခု ဖြစ်တယ်။ USB မှတ်ဉာဏ် ချောင်း တခုထဲမှာ အဲဒီ ဒေတာဘေ့စ်နဲ့ KeePass ပရိုဂရမ် နှစ်ခုစလုံးကို ထည့်ထားပြီး သင်နဲ့ တပါးထဲ ယူသွားလို့ ရတယ်။ ဒေတာဘေ့စ်ဟာ သင် ဖန်တီးလိုက်တဲ့ 'master password' နဲ့ ထိန်းထားတယ်။ ဒီစကားဝှက်က ဒေတာဘေ့စ်ထဲမှာ ရှိတဲ့ အကြောင်းအရာ တခုလုံးကိုလည်း စာဝှက်ပေးတယ်။ သင် လက်ရှိသုံးနေတဲ့ စကားဝှက်တွေကို KeePass ထဲမှာ သိမ်းထား နိုင်တယ် ဒါမှမဟုတ် စကားဝှက်တခုကို ဖန်တီးနိုင်တယ်။ KeePass အတွက် ကြိုတင် စီမံဖန်တီးချက် ဒါမှမဟုတ် တပ်ဆင်မှု ညွှန်ကြားချက် အတိအကျ မရှိဘူး။ သင် အဆင်သင့်ဖြစ် တာနဲ့ သုံးစွဲလို့ ရတယ်။
Credit by https://security.ngoinabox.org/my/keepass_portable