ရန်ကုန်မြို့မှာ လျှပ်စစ်မီး ရရေး လှည့်လည် ဆန္ဒပြ


ရန်ကုန်မြို့မှာ လျှပ်စစ်မီး ရရေး လှည့်လည် ဆန္ဒပြ


ရန်ကုန်မြို့မှာ လျှပ်စစ်မီး ရရေး အတွက် အင်္ဂါနေ့ ညပိုင်းက လူရာနဲ့ ချီပြီး ဆူးလေဘုရားရှေ့မှာ ဖယောင်းတိုင်ထွန်း စီတန်း လှည့်လည် ဆန္ဒပြ ခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ ဆန္ဒပြသူတွေဟာ ဆူးလေဘုရား ပေါ်တက်ပြီး ဖယောင်းတိုင် လှူဒါန်း ဝတ်ပြုပြီး လူစုခွဲခဲ့ကြတယ်လို့ ဆန္ဒပြမှုကို စီစဉ် ဆောင်ရွက်ခဲ့ သူတဦး ဖြစ်သူ နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုး ဆောင် ကွန်ယက်က ကိုဟန်ဝင်းအောင် က ဘီဘီစီကို ပြောပါတယ်။

ဆန္ဒပြမယ်ဆိုတဲ့ သတင်းတွေကြောင့် အဲဒီ နေရာမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ချထားပေမယ့် တစုံတရာ အနှောင့်အယှက် ပေးတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

တခါ မန္တလေးမြို့မှာ လျှပ်စစ်မီးရရေး အတွက် တနင်္လာနေ့က ဖယောင်းတိုင်ထွန်း ဆန္ဒ ထုတ်ဖေါ် ခဲ့ကြသူတွေ အနက် လူသိများတဲ့ စာရေးဆရာ ညီပုလေးတို့လို စာရေးဆရာတွေ၊ စိမ်းရောင်စို အဖွဲ့ထဲက သတင်းထောက် မင်းထက်ငြိမ်းချမ်း တို့လို လူမှုရေး လုပ်နေသူတွေ၊ NLD ပါတီဝင်တွေနဲ့ ကုန်ဈေးနှုန်း ကျဆင်းရေး တောင်းဆိုတဲ့ အဖွဲ့က လူတွေအပါအဝင် လူပုဂ္ဂိုလ် ၂၀ကျော်လောက်ကို မန္တလေး အထူးရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက အင်္ဂါနေ့မနက်က ခေါ်ယူ စစ်ဆေး မေးမြန်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။

မန္တလေး ကျုံးပတ်ဝန်းကျင်နဲ့ ဆန္ဒပြခဲ့တဲ့ ဆီးဒိုးနား ဟိုတယ် ဝန်းကျင်နေရာတွေမှာ လုံခြုံရေး ကားတွေ ကင်းလှည့်နေတယ်လို့လည်း သိရပါတယ်။

အင်္ဂါနေ့ထုတ် အစိုးရသတင်းစာထဲမှာတော့ နွေရာသီမှာ ဆည်ရေနည်းနေတဲ့အတွက်ကြောင့် တကြောင်း၊ မကြာသေးခင် ရက်ပိုင်းက ရွှေလီ မန်စံ ဓါတ်အားပေးတိုင် မိုင်းခွဲ ခံရတာကြောင့် တကြောင်း အခုလို အလှည့်ကျ မီးပေးစနစ် ကျင့်သုံးနေရတာ ဖြစ်ပြီး ပြည်သူလူထုအနေနဲ့ လျှပ်စစ်မီး ခြွတော သုံးခြင်းအားဖြင့် ပူးပေါင်း ပါဝင်ကြဖို့ မေတ္တာ ရပ်ခံ ပန်ကြား ထားပါ တယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection