တက္ကသိုလ်ဝင်တန်း အောင်စာရင်း ဇွန်လ ပထမပတ် ထွက်မည်


တက္ကသိုလ်ဝင်တန်း အောင်စာရင်း ဇွန်လ ပထမပတ် ထွက်မည်

 ၂၀၁၁ – ၂၀၁၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်း ကို ဇွန်လ ပထမပတ်တွင် ကြေညာ သွားမည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာ ဦးစီးဌာနနှင့် ပညာရေး အသိုင်းအဝိုင်း ထံမှ သိရသည်။

တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို တစ်နှစ်ထက်တစ်နှစ် ပို၍စောစီးစွာ ကြေညာရခြင်းမှာ စာမေးပွဲ ကျရှုံးသူ ကျောင်း သား၊ ကျောင်းသူများအတွက် လာမည့် စာမေးပွဲကို ကြိုတင် ပြင်ဆင်နိုင်ရန် ယခုကဲ့သို့ ထွက်ရှိခြင်း ဖြစ်ကြောင်း မူလတန်း လွန် ကျောင်းအုပ်ဆရာကြီး တစ်ဦးက ခန့်မှန်း ပြောကြားသည်။

“အောင်စာရင်းက ဇွန်လ ၃ ရက်နေ့လို့အထက်က ညွှန်ထား တယ်” ဟု မင်္ဂလာတောင်ညွန့် မြို့နယ် အမက (၁၄) မူလတန်း လွန်ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးအောင်မင်းက ဆိုသည်။

ယမန်နှစ် ၂၀၁၁ တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ဇွန်လ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။
အဆင့်မြင့် ပညာရေး ကဏ္ဍတွင်လာမည့် တက္ကသိုလ်စာသင်နှစ်ကို တစ်နှစ် ထပ်မံ တိုးမြှင့်မည် ဖြစ်သော ကြောင့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ် အောင်မြင်ပြီးသူများသည် ပညာသင်နှစ် လေးနှစ် တက်ရောက် ရမည် ဖြစ်ကြောင်း သမိုင်းဌာနမှ ကထိကတစ်ဦးထံမှ သိရသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection