ကျားဖြူနိုင်ကြောင်း NLD အမတ်လောင်း သွားရောက်ဂုဏ်ပြု

ကျားဖြူနိုင်ကြောင်း NLD အမတ်လောင်း သွားရောက်ဂုဏ်ပြု

အနိုင်ရ ကျားဖြူပါတီမှ ဦးစိုင်းစံမင်း
ဧပြီလ ၁ ရက်က ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲမှ သျှမ်းပြည် မြောက်ပိုင်း မဲဆန္ဒနယ်အမှတ် ၃ အမျိုးသားလွှတ်တော် လစ်လပ် နေရာအား သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီ SNDP က အနိုင်ရရှိကြောင်း လားရှိုးရှိ ကျားဖြူပါတီ ဝင်များကပြောသည်။

ကျနော်တို့ ကျားဖြူပါတီက ၄၃၀ဝ  ကျော်နဲ့ ကျန်တဲ့ပါတီကို အနိုင်ရ ထားတယ်လေ။ မဲမရောက် သေးတဲ့ ကျန်တဲ့ တနယ်မှာလဲ မဲဆန္ဒရှင် က သုံးရာလောက်ဘဲရှိတော့ NLD ကိုယ်စားလှယ် ဦးမြင့်မောင် ကလဲ သူရှုံးကြောင်း လက်ခံပြီး ကျနော့်ကို ဂုဏ်ပြုဖို့ လာမယ်လို့ ဖုန်းနဲ့ဆက်သွယ်လာလို့ ကျနော်တို့ ကျားဖြူပါတီဝင်တွေက ဒီမှာ စောင့်နေကြပါတယ်” ဟု အမျိုးသားလွှတ်တော်အမတ် အသစ်စက်စက် စိုင်းစံမင်းက သျှမ်းသံတော် ဆင့်အား ပြောသည်။

လားရှိုးမြို့ရှိ ကျားဖြူပါတီရုံးမှာ သိန္ဒီလမ်း ရပ်ကွက် ၁၂ နယ်မြေ ၁၃ အိမ်အမှတ် ၈၂ တွင်တည်ရှိသည်။ ယခုအချိန်တွင် လွှတ်တော်အမတ် စိုင်းစံမင်းအား ဂုဏ်ပြုညစာစားပွဲကျင်းပရန် NLD မှ ဦးစိုင်းမြင့် မောင်အား စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

ယခုရွေးကောက်ပွဲ အောင်နိုင်ခြင်းနှင့်ပတ်သက်၍ စိုင်းစံမင်းက“ ကျနော့်ကို မိဘပြည်သူလူထုက စိတ် ရင်း စေတနာအပြည့်နဲ့ မဲပေးကြလို့ ကျနော် အမျိုးသားလွှတ်တော်အမတ် အသိအမှတ်ပြုခံရတာဖြစ် ပါတယ်။ ဒီအတွက် ကျနော် မိဘပြည်သူကို မမေ့ပါဘူး။ ကျနော်တို့ လူထု ခံစားနေရတဲ့အခက်အခဲ တွေကို ကူညီဖြေရှင်းပေးသွားမယ်လို့ ကျနော်ကတိပေးပါတယ်။ မိဘပြည်သူက ခံစားနေရတဲ့ အခက် အခဲတွေ ကိုလဲ ကျနော့်ကို အသိပေးအကြောင်းကြားဖို့ ကျနော်ပြောဆိုမှာကြားချင်ပါတယ်” – ဟု စိုင်းစံ မင်းက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း မဲဆန္ဒနယ်အမှတ် ၃ အမျိုးသားလွှတ်တော် လစ်လပ်နေရာအား ကျားဖြူပါတီ၊ ကြံ့ခိုင်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ နှင့် ကိုးကန့် ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်သော စိုင်းမြင့်မောင်ကမူ  “နိုင်နိုင်/ရှုံးရှုံး ကျနော် ကျေနပ်ပါတယ်။  ဘယ်လိုဖြစ်ဖြစ် ဒီတခေါက်ရွေးကောက်ပွဲမှာ ရိုးရိုးသားသားနိုင်သွား တဲ့အနိုင်ဘဲလို့ ယူဆတယ်။ မကျေနပ်စရာမရှိပါဘူး။ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ကျနော်တို့ရဲ့ လုပ်ငန်းကို ဆက်လုပ် သွားရမှာဖြစ်ပါတယ်” ဟု သျှမ်းသံတော်ဆင့်အား ပြောပြပါသည်။

Ref:  သျှမ်းသံတော်ဆင့်

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection