ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်မှု သမ္မတ အိုဘားမား မြန်မာနိုင်ငံသားတွေကို ချီးကျူး

ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်မှု သမ္မတ အိုဘားမား မြန်မာနိုင်ငံသားတွေကို ချီးကျူး 

VOA ,2 April 2012 —- မြန်မာ့ ကြားဖြတ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ အိမ်ဖြူ တော်ကနေ ကြေငြာချက် တစောင် ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံက ကြားဖြတ်ရွေးကောက်ပွဲ အထမြောက်အောင် ဝိုင်းဝန်း ကူညီမဲပေးခဲ့ကြတဲ့ မြန်မာပြည်သူ ပြည်သားတွေကို ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီအရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ အောင်မြင်မှုကိုလည်း ချီးကျူး ဂုဏ်ယူပါကြောင်း ပြောဆိုလိုက်ပါတယ်။

ဒီကြားဖြတ်ရွေးကောက်ပွဲဟာ မြန်မာ့ဒီမိုကရေး အသွင်ကူးပြောင်းမှုမှာ အရေးကြီးတဲ့ ခြေလှမ်းတရပ် ဖြစ်ပြီးတော့ ဒါဟာ မြန်မာအစိုးရကနေ ကျယ်ကျယ် ပြန့်ပြန့် ပွင့်လင်းလာတာ၊ ထင်သာ မြင်သာ ရှိလာတာနဲ့ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းပေါ်ကို ဆက်လက် လျှောက်လှမ်းဖို့ ရည်ရွယ်တဲ့ လက္ခဏာ တရပ်ဖြစ်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းနဲ့ အိမ်ဖြူတော်က ဒီကနေ့ နေ့စွဲနဲ့ ကြေငြာချက် ထုတ်ပြန် လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း မဲပေးခဲ့ကြတဲ့ မြန်မာပြည်သူ ပြည်သား တွေကို ချီးကျူးလိုက်ပြီး ရွေးကောက်ပွဲကို ကြိုဆိုကြောင်းနဲ့ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေကို ထောက်ခံကြောင်း မနေ့က တနင်္ဂနွေနေ့က ပြောဆိုလိုက်ပါတယ်။
By VOA (မြန်မာပိုင်း)

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection