မြန်မာနိုင်ငံမှာ မီးဒုက္ခ
“မြန်မာနိုင်ငံဟာ လျှပ်စစ်တွေ ထုတ်တောင်ရောင်းနေရတာ ဆိုတော့ ပိုလျှံလို့ ထုတ်ရောင်းနေတယ် ဆိုတာ ငြင်းလို့မရဘူးပေါ့။ ဒီလိုဖြစ်ပြီး ပြည်တွင်းမှာ မီးတွေ ခဏ ခဏပျက်နေတာကတော့ ရှက်စရာကောင်း ပါတယ်။ လျှပ်စစ်အတွက် တောင်းသမျှ ဝန်ဆောင်ခကို ပေးနေရတဲ့ ပြည်သူတွေအတွက်တော့ ဝမ်းနည်း စရာ ကောင်းပါတယ်။ စားသုံးသူတွေဟာ မီတာထိန်းသိမ်းခတွေ ပေးရသလို၊ မီတာခတွေ တိုးတောင်း တိုင်းလည်း ပေးရတာပဲ။ မီတာခတွေ တိုးတောင်းတိုင်း မီးမှန်ပါ့မယ်ပြောနေပြီး မရတော့ အလိမ်ခံရသလို ဖြစ်နေတာပေါ့။ နိုင်ငံတကာမှာတော့ မီးဖြတ်တောက်မယ်ဆိုရင် တောင်းပန်ရတယ်။ ဒီမှာတော့ ဒီမိုကရေစီ လို့ ပြောနေပြီး အဲဒီလို တောင်းပန်တာမျိုးလည်း မတွေ့ရဘူး။ သဘာဝ ဓာတ်ငွေ့တွေဟာ နိုင်ငံတကာမှာ အရင်တုန်းက ရောင်းကုန်မဟုတ်ဘူး။ အခု က ပြည်တွင်းဖူလုံမှ ပြည်ပကို ရောင်းနိုင်တယ်ဆိုပြီး ရောင်းကုန်ဖြစ်လာတာပါ။ မြန်မာနိုင်ငံက ရောင်းနေတယ်ဆိုတော့ စွမ်းအင်တွေ ပိုလျှံနေတယ်လို့ ယူဆနိုင် တယ်။ အခုလို မီးတွေမရတော့ အစိုးရအနေနဲ့ဖြေရှင်းသင့်တယ်”ဟု စီးပွားရေးနှင့် ဥပဒေအကြံပေး ဦးတင်သန်းဦးက ပြောကြားခဲ့သည်။
By: Theinzaw Latt (Facebook)