ဒီမိုကရေစီဆိုတာ ဖော်ချွတ်ခွင့်မဟုတ်ပါ

ဒီမိုကရေစီဆိုတာ ဖော်ချွတ်ခွင့်မဟုတ်ပါ

မယုံမရှိနဲ့ အဲတာ မြန်မာမော်ဒယ်
အွန်လိုင်းပေါ်က မော်ဒယ်မလေးများ

ကျွန်မ နောက်တောင် ကျနေပြီ ထင်ပါရဲ့။ အသံတွေ ကျယ်ကျယ် လောင်လောင် ကြားနေခဲ့ရတာဖြင့် ကြာ ကြာလှရော့မယ်။ ဘာသံတွေလည်းဆိုတော့ ကျွန်မတို့ မြန်မာအမျိုးသမီးလေးတွေ၊ အတိအကျပြောရရင် မော်ဒယ်အလုပ်နဲ့ အသက်မွေး ဝမ်းကြောင်းပြုနေကြတဲ့ မြန်မာမကလေးတွေရဲ့ အဖော်အချွတ် ရက်ရော ကြမ်း တမ်းမှုအပေါ် ဝိုင်းဝန်း ထောပနာပြုနေကြတဲ့ ကိုကိုမောင်မောင် ကာလသား တွေရဲ့ အသံတွေပါ။

ဖေ့စ်ဘုတ်ပေါ်မှာ တွေ့များ တွေ့မိကြမလားပဲ။ ပုဝါပါးစိမ်းစိမ်းလေး ကာထားတဲ့ အနောက်မှာ အောက်ခံ ပန်တီ အဖြူရောင်လေး တစ်ထည်ပဲပါတဲ့ (ကျန်တာ ဘာဆို ဘာမှ မပါတဲ့) မော်ဒယ် မကလေးရဲ့ ဓါတ်ပုံ။ အဲဒီပုံအောက်မှာတော့ ထုံးစံအတိုင်း လေသေနပ် (လေကီးဘုတ်ဆိုရင် ပိုမှန်မလားပဲ) နဲ့ ဝိုင်းဝန်း ပစ်ခတ် ထားကြတဲ့ ကော်မန့်တွေကိုပေါ့ရှင်။

တစ်ချို့ကလည်း ကိုယ့် နှမသားချင်းတစ်ယောက်ကို ဆုံးမလေဟန်၊ တစ်ချို့ကလည်း သိတ်လှတဲ့အကြောင်း၊ ပုဝါလေးနဲ့သာ မကာထားရင်ဖြင့် ပိုကြည့်ကောင်းပါမဲ့ အကြောင်း အတည်လိုလို၊ ရွဲ့တဲ့တဲ့လိုလို ရေးသွား ကြလေတယ်။ တစ်ချို့ကျပြန်တော့ မြန်မာတစ်မျိုးသားလုံးနဲ့ ချီပြီး အမျိုးဖျက်မတဲ့၊ တစ်ချို့ကျတော့လည်း ရိုင်းပျတဲ့ အသုံးအနှုန်းတွေနဲ့ ဆဲဆိုသွားကြလေရဲ့ရှင်။ စေတနာနဲ့ အပြုသဘော ပြောဆိုသွားကြတာကို လက်ခံလို့ ရပါတယ်။ ကိုယ့်မြန်မာ အမျိုးသမီးကလေးမို့ အမျိုးကို ချစ်တဲ့စိတ်နဲ့ ပြောတယ် ဆိုတာကိုလည်း နားလည်လို့ ရပါတယ်။ ကျွန်မကတော့ You are what you say လို့သာ ပြောလိုက် ချင်ပါတော့တယ်။

ဟီရိသြတ္တပတဲ့၊ ကျွန်မတို့ ရင်းနှီးပြီးသား စကားလုံးပါ။ လူမှာ အရှက်အကြောက်တရား ရှိရပါမယ်တဲ့။ ဘာကို ရှက်ပြီး ဘာကို ကြောက်တတ်ရမယ်ဆိုတာကတော့ ရှင်းပါတယ်။ မကောင်းမှုကို ပြုလုပ်ဖို့ ရှက်တတ်ရမယ်။ မကောင်းမှုကို ပြုလုပ်ဖို့ ကြောက်တတ်ရမယ်လို့ ဆိုလိုပါတယ်။ ဒီနေရာမှာ မကောင်းမှုဆိုတာ ဘာလဲ ဆိုတာ ကို အဓိပ္ပါယ် ဖွင့်ဆိုနိုင်ကြရင် ရှင်းသွားမယ် ထင်ပါရဲ့။

စဉ်းစားစရာက မြန်မာပြည်ရဲ့ မော်ဒယ်လောက အနေအထားကိုက လုံလုံခြုံခြုံဝတ်ရင်ပဲ ဒဏ်ရိုက်ခံရမဲ့ အနေအထားလား။ ဖော်နိူင် ချွတ်နိုင်မှ မော်ဒယ်လောကမှာ စူပါတန်းဝင်တော့မဲ့ အပေါက်လား။

မြန်မာ့မော်ဒယ်တွေ ကမ္ဘာ့မော်ဒယ်လောကနဲ့ ရင်ဘောင်တန်းရေး တို့အရေးများ အော်နေကြသလား။ စဉ်းစားစရာပါပဲ။ ပြောရရင် နိူင်ငံတကာမော်ဒယ်တွေမှာ သူ့စံနဲ့သူ၊ သူ့လိုင်းနဲ့သူရှိပါတယ်။ မိတ်ကပ်၊ အဝတ်အစားမော်ဒယ်လား၊ အသုံးအဆောင် ဖိနပ်၊ အိတ်၊ နာရီ မော်ဒယ်လား။ ဒီလိုလိုင်းတွေမှာဆိုရင်တော့ မျက်နှာလေးလှ၊ ကိုယ်ထည်အချိုးအစားလေးကျရင် ရပြီ။ မလိုအပ်ဘဲ အသားတွေ သိတ်ပေါ်အောင် ဝတ်ပြနေစရာ မလိုဘူး။ ဘီကီနီ မော်ဒယ်ဆိုရင်တော့ သူဟာ လက်သုံးလုံးသာသာလောက် ရှေ့မှာ ဖုံးရုံ၊ ပေါင်တံဘေးတစ်ဖက်တစ်ချက်စီမှာ ကြိုးကလေးတစ်ချောင်းလောက် ချည်ထားရုံ ဝတ်ပြရတော့မှာ။ ဒါ သူ့ရဲ့ အလုပ်လိုအပ်ချက်၊ သူ့ရဲ့ အသက်မွေးဝမ်းကြောင်း၊ သူ့ရဲ့ ဘဝရပ်တည်ချက်အတွက် ဝတ်ပြရ တာပါ။ ဒါကိုမှ Hey!!! you not shy ha ! hum သွားလုပ်နေလို့ မရပါဘူး။ နေ့စဉ်ပုံမှန်ဘဝတွေထဲမှာတော့ သူလိုကိုယ်လို လုံခြုံထူထဲတာတွေ ဝတ်ချင်လည်း ဝတ်နေနိုင်တာ။

အဲ ပွန်းစတားလိုင်းဝင်မဲ့ မော်ဒယ်ဆိုရင်တော့ သေချာပေါက် လုံးတီးပုံအဖော်အချွတ်တွေ၊ ဆန့်ကျင်ဘက်ကို လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်ညှို့ငင်နိူင်မဲ့ပုံတွေရိုက်တော့မှာပါပဲ။ ဒါဟာ သူ့ အတတ်ပညာ၊ ဒါဟာ သူ့အသက် မွေးဝမ်းကြောင်းမို့ မကောင်းတာတွေလုပ်နေရမလားဆိုပြီး သွားဆဲရင်တော့ ကိုယ့်အကုသိုလ်နဲ့ ကိုယ်လို့ ပြောရတော့မှာပါပဲ။ ဒီတော့ ပြောရရင် အသက်မွေးမှု အတွက်လိုအပ်လို့ ဝတ် တာမျိုးကို အပြစ် ဆိုစရာ မရှိပါဘူး။ မလိုအပ်ဘဲ နာမည်ကြီးဖို့ ဖော်မြူလာ တစ်ခုလို ဝတ်ပြ နေကြရင်သာ...။

ကျွန်မ ပြောပါရစေ။ စင်္ကာပူကို ရောက်လာကြတဲ့ နိုင်ငံခြားသား (အမျိုးသား) တော်တော်များများထဲမှာ Geylang ဆိုတဲ့ Red-Light-District ကို မရောက်ဖူးတဲ့သူ မရှိသလောက် ရှားပါလိမ့်မယ်။ အစိုးရကိုယ်တိုင် လိုင်စင်ချထားပေးပြီး တရားဝင်လုပ်ကိုင်နေကြတာပါ။ အဲဒီက လိင်ဖျော်ဖြေရေး အလုပ်သမတွေဟာ ၆လ တစ်ကြိမ် ကျန်းမာရေးအတွက် ဆေးစစ်ကြရတယ်။ အများစုဟာ တရုတ်ပြည်မကြီးက လာကြပြီး ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား အဲဒီ အိမ်နီးချင်းနိုင်ငံတွေကလို့ သိရပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကနေ ရက်တိုဗီဇာ (၂လ-၃လ)လောက်နဲ့ လာကြပြီး ဒီမှာ တရားမဝင် ခိုးလုပ်ကြ၊ ရသလောက်ငွေ ပိုက်ပြီးပြန်ကြ သူတွေလည်း ရှိကြပါသတဲ့။ ဒေသခံအမျိုးသမီးတွေလည်း ရှိကြပေမဲ့ တရုတ်ကလာတာ ပိုများပါသတဲ့။

ကျွန်မတို့ မြန်မာပြည်ကြီး ဟုတ်ကဲ့၊ လမ်းပွင့်စပြုလာပါပြီ။ ကမ္ဘာနဲ့ တံတားတွေထိုးလို့၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ လမ်းတွေဖောက်လို့၊ တံခါးတွေ စတင် ဖွင့်လှစ်နေပါပြီ။ အဲဒီအခါမှာ နိုင်ငံခြားသားတွေ ဝင်ရောက် လာကြတော့မယ်။ စီးပွားရေးအရ အပြန်အလှန် ကူးသန်းရောင်းဝယ်ကြ၊ ဖောက်ကားကြရတော့ မယ်။ သေချာတာက ဒါတွေနဲ့အတူ ပြည့်တန်ဆာလုပ်ငန်းဆိုတာရဲ့ အခန်းကဏ္ဍဟာ မဖြစ်မနေ ပါလာတော့မှာ။ ဒီလုပ်ငန်းဟာ ခုမှရှိလာတာ မဟုတ်ဘူး။ ဟိုး မြန်မာဘုရင်တွေ လက်ထက်ကတည်းက ရှိခဲ့တာ။ နောက်လည်း ရှိနေဦးမှာပဲ။ အဲဒီအခါမှာ ဘယ်လိုအမျိုးသမီးလေးတွေများ ဒီလုပ်ငန်းကို အသက်မွေးဝမ်းကြောင်းအနေနဲ့ လုပ်ကိုင်စားသောက်မှာပါလိမ့်။ မြန်မာမလေးတွေလား၊ အိမ်နီးချင်းနိုင်ငံက မိန်းကလေးတွေလား။ ကျွန်မ တွေးမိပါတယ်။ သေချာတာကတော့ ကျွန်မတို့အားလုံးဟာ ကိုယ့်လူမျိုး အမျိုးကောင်း သမီးလေးတွေကို ဒီလိုအလုပ်မျိုးနဲ့ အသက်မွေးဝမ်းကြောင်းစေချင်ကြမှာ မဟုတ်တာကိုပါပဲ။ ဒါပေမဲ့ နိုင်ငံတကာနဲ့ ကူးလူး ကုန်သွယ် ဆက်ဆံရမဲ့ နိုင်ငံတစ်နိုင်ငံရဲ့ လိုအပ်ချက် အရ ပြည့်တန်ဆာလုပ်ငန်းဆိုတာ ရှိကိုရှိရမယ်။ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ရှိနေမှာပဲ။ (ဒါဟာ Realityပါ၊ Let's face it ပါ) ကျွန်မတို့က "ဒီအထဲမှာ တို့မြန်မာမလေးတွေ မပါဘူးဟေ့"လို့ ဟစ်လိုက်ချင်တာပေါ့။ (အင်း ဒါကတော့ မျှော်လင့်ချက်ပါ၊ ဆောင်းတွင်း အိပ်မက်ပါ)

ကျွန်မ ပြောချင်တာ လိုင်းကြောင်သွားပြီ ထင်ပါရဲ့။ ဒီလိုပါ၊ ပြောချင်တာက တစ်ဦးချင်းစီရဲ့ အသက်မွေး ဝမ်းကြောင်းဟာ ကိုယ့်ရွေးချယ်ခွင့်နဲ့သာ သက်ဆိုင်ပြီး စပ်လျဉ်းတဲ့ ဝတ်စား ဆင်ယင်မှုမျိုးကိုသာ နားလည် လက်ခံပေးလို့ ရပါတယ်။

မိန်းကလေးတစ်ချို့က သူများထက်ပို ဝတ်ချင်စားချင်လို့၊ သုံးချင်စွဲချင်လို့၊ ငွေရလွယ်လို့၊ တစ်ခြား ဘာမှ မလုပ်တတ်လို့ ဆိုတဲ့ အကြောင်းတွေကြောင့်ပဲ အလွယ်လမ်းလိုက်ရင်း လမ်းမှားသွားတတ်ကြတာ။

မော်ဒယ် အလုပ်ဆိုတာ တစ်ကယ်တော့ မလွယ်လှပါဘူး။ ရေခဲအောင် အေးနေတဲ့ အချိန်မှာ ဘီကီနီ ဝတ်ဆို ဝတ်ပြနိူင်ရမယ်။ အငွေ့ တထောင်းထောင်းထအောင် ပူလောင်နေတဲ့ ဟင်းချိုကို အပြုံး မပျက်သောက်ပြနိုင် ရမဲ့အပြင် အိုး...သိတ်ကောင်းတာပဲလို့ ပြုံးပြီး ပြောနိုင်ရမယ်။ ၆လက်မလောက် မြင့်တဲ့ ဒေါက်ဖိနပ်စီးရလို့ ဖိနပ်ပေါက် နာကျင်နေပေမဲ့ တစ်ချက်လေးမှ မျက်နှာ မပျက်ရဘူး။

ကဲ ပရော်ဖက်ရှင်နယ် မော်ဒယ်ဖြစ်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာပါဘဲလားရှင်။ ဒါတောင် အကင်း ရှိသေး တာ။ လက်တွေ့ ပရိုမော်ဒယ်တစ်ယောက်ရဲ့ ဖြတ်သန်းမှုမှာ ဒီထက်မက ကြမ်းတမ်းတာတွေ အများကြီးရယ်။

ကိုယ် ဘယ်လိုမော်ဒယ်လိုင်းမျိုး ဝင်ချင်တာလဲ၊ အဲဒီလိုင်းနဲ့ အံဝင်တဲ့ အဝတ်အစားလေးလောက်တော့ ဝတ်ပေါ့။ မော်ဒယ်ဖြစ်တာနဲ့ပဲ လူတွေပါးစပ်ဖျားပေါက်သွားအောင်၊ သူများထက်သာအောင် ပိုဖော်၊ ပိုချွတ်ပြမှ၊ ဘီကီနီနဲ့ ဓါတ်ပုံအရိုက်ခံမှ၊ လိုးရှင်းလူးပြမှ ဆိုတာမျိုးကျတော့လည်း မဟန်သေးပါဘူး။ ဒီလိုအတွေးမျိုးနဲ့ ထိုးဖောက်ဖို့ ကြိုးစားမယ်ဆိုတဲ့ အသိမျိုး ရှိနေရင်တော့ အတော်လေး ရင်မောစရာပါပဲ။

နောက်ဆုံးတော့ သူများက ရေးမဲ့ ပြောကျန်ခဲ့မဲ့ ကိုယ့်သမိုင်းမှာ ကိုယ့်ခြေရာ၊ ကိုယ့်လုပ်ရပ်၊ ကိုယ့်ရပ်တည် ခဲ့မှုတွေသာ အရင်းအတိုင်း ထင်ဟပ်ကျန်ရစ်ခဲ့မှာ။ ဆိုတော့ ကိုယ်လျှောက်မဲ့လမ်းကို ကိုယ်တိုင် ရွေးချယ် တတ်ကြပါစေလို့သာ ဆန္ဒပြုမိပါတော့တယ်။

ပြင်ဆင်ချက်။ အစိမ်းလေးက မျက်မှန်ပါတယ်ဆိုလို့ ပြန်ပြီး မျက်လုံးပြူးကြည့်ရတယ်။ အသားရောင် ဘရာလေးတော့ပါသေးတယ်လို့ ပြင်ဆင်ဖတ်ရှု့ကြပါကုန်...

မှတ်ချက်။ ။ သိက္ခာရှိရှိ လုပ်ကိုင်ရပ်တည်နေကြတဲ့ မော်ဒယ်များကို မဆိုလိုပါ။

By www.chitkyiaye.com
Copy from - goldenmyanmarnews
http://www.pnsjapan.org/2012/04/blog-post_751.html#more

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection