Wut Hmone Shwe Yee 2012 Thingyan in Singapore

Wut Hmone Shwe Yee 2012 Thingyan in Singapore


Myanmar actress and model Wut Hmone Shwe Yee held 2012 Thingyan festival in Singapore. "စင်ကာပူမှာ သင်္ကြန်နေ့ရက်တွေကို ဖြတ်သန်းခဲ့တဲ့ ဝတ်မှုံရွှေရည်" - ဒီနှစ်သင်္ကြန်ကို နားရက် ရတာကြောင့် စင်ကာပူနဲ့ ဘာလီကျွန်းကို အပန်းဖြေ ခရီး ထွက်မယ်လို့ပြောခဲ့တဲ့ ဝတ်မှုံရွှေရည်က ဘာလီကျွန်းကို ဆူနာမီ သတိပေးချက် ကြောင့် မသွားဖြစ်ခဲ့ဘဲ စင်ကာပူ တစ်နိုင်ငံတည်းသာ အလည်သွားဖြစ်ခဲ့ပါတယ်။ ဧပြီ ၁၃ ရက်နေ့ မှာ စင်ကာပူကို ထွက်ခွာခဲ့ပြီး ၁၇ ရက်နေ့မှာ ရန်ကုန်ကိုပြန် ရောက်ရှိခဲ့ပါတယ်။ စင်ကာပူ ခရီးစဉ် နဲ့ပတ်သက်ပြီး ဝတ်မှုံ ရွှေရည်က "အဓိက ကတော့ သူငယ်ချင်းတွေဆီ သွားတာပေါ့နော်။ နှစ်တိုင်း လိုလို သင်္ကြန်ဆို ရန်ကုန်မှာ ရှိနေတော့ သိပ် မထူးဆန်းတော့ဘူးလေ။ အဲဒါကြောင့် ကိုယ်က လည်းနားချင် တယ်။ ရှောပင်းလည်းထွက် ချင်တာကြောင့် သွားတာ။ သူငယ်ချင်းတွေနဲ့ ဟိုမှာ ချိန်းထားတာ။ စင်ကာပူမှာHoliday မို့လို့လား မသိဘူး။ မြန်မာတွေ တအားများ တယ်။ မြန်မာတော်တော်များများနဲ့တွေ့ခဲ့ တယ်။ ပရိသတ်တွေနဲ့က သွားကတည်း ကတွေ့ တာ။ ဟိုမှာ လည်တော့ လည်း တွေ့တယ်။ Universal Studio သွားတော့လည်း တွေ့တယ် ။ နေရာတိုင်း လိုလိုမှာတွေ့တယ်။ တော်တော် များတယ်။ ကစ်ကတော့ သူငယ်ချင်းတွေနဲ့ ရေကစားကြတယ်။ ကမ်းခြေတွေ ဘာတွေ သွား ပြီးတော့ပေါ့"လို့ စင်ကာပူခရီးစဉ် အကြောင်း ပြောပြပါတယ်။ ဒီနှစ် တအား စည်ကားခဲ့တဲ့ ရန်ကုန် သင်္ကြန်ရဲ့ ပုံရိပ်တွေကို မြင်ပြီး ရန်ကုန်ကို မလွမ်းဘူး လားဆိုတာကိုတော့"ကစ် ရန်ကုန် သင်္ကြန် ပုံရိပ်တွေကိုလည်း Facebook ကနေတွေ့ရ တယ်။ တော်တော် စည်ပါတယ်။ အစ ကတည်းက ကစ် က နှစ်တိုင်း ရန်ကုန်မှာ သင်္ကြန်ကျတာ ဆိုတော့ မနေချင်ဘူး။ အား တုန်းလေး သွားလိုက်တာ။ ခရီး တစ်ခုခုကို ထွက်ချင်နေတာ ဆိုတော့လေ။ ခရီး မထွက်ရ တာ ကြာပြီလည်း ဖြစ်တော့ ပျော်ဖို့ကောင်း ခဲ့တယ်။ ဒီနှစ်သင်္ကြန်မှာ လူတွေ အကုန်လုံး တော်တော်ပျော်နေကြတယ်လို့ ကစ်ထင် တယ်"လို့ ရန်ကုန် သင်္ကြန်အကြောင်း ကိုပါ ဆက်ပြောပြ ပါတယ်။



POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection