အိမ်ထောင်သည် အကြောင်း

အိမ်ထောင်သည် တွေမှာ ယောကျာ်းနဲ့ မိန်းမ ဓာတ်မတည့်ရင် မိန်းမဖြစ်သူ ပိန်သွားတာ အသားမဲသွားတယ် ရှိဟုတ်ပါသလား

တစ်ချို့အိမ်ထောင်သည်တွေမှာ ယောကျာ်းနဲ့ မိန်းမ ဓာတ်မတည့်ရင် မိန်းမဖြစ်သူ ပိန်သွားတာ အသားမဲ သွားတယ် ရှိတယ်လို့ သိရပါတယ်။ အမှန်တကယ် ဓာတ်မတည့်ခြင်း ဆိုတဲ့ အနေအထားတွေ ရှိပါသလား။

အိမ်ထောင်သည် အချင်းချင်း ဓာတ်မတည့်ခြင်း ဆိုတာ ဆေးပညာမှာ မရှိပါ။ ယောကျာ်းကြောင့် မိန်းမကို သက်ရောက်သလို မိန်းမကနေ ယောကျာ်းကို သက်ရောက်နိုင်တယ်ဆိုတာ အရပ်စကားမှာတော့ မကြားဘူး ဘူး။ ဆေးပညာမှ တော့ ရှိပါတယ်။ အပြန်အလှန်သဘောပါ။

မိဘတွေကနေ သန္ဓေအပေါ်မှာတော့ သက်ရောက်မှု ရှိနိုင်ပါတယ်။ မျိုးဗီဇ ချို့ယွင်းမှု ကနေ Mutation ဆိုတာဖြစ်၊ Chromosome (ခရိုမိုဇုမ်း) အပြောင်းအလဲတွေပါ ဖြစ်ပြီး ရနိုင်တဲ့ ရောဂါတွေ အများကြီးပါ။ နားယဉ်လောက်မှာတွေသာ ရေးပါမယ်။ Coeliac disease, Color blindness, Cystic fibrosis, Down syndrome, Haemophilia, Polycystic kidney disease, Neurofibromatosis, Sickle-cell disease, Turner syndrome တွေ ဖြစ်ပါတယ်။ မွေးလာတဲ့ ကလေးမှာ Hemolytic disease ရောဂါ ဖြစ်ရတာက ကလေးသွေးနဲ့ မအေသွေး မတည့်ကြလို့ ဖြစ်ရတယ်။

Husband and wife disease “လင်-မယား ရောဂါ” လို့ ခေါ်ကြတာတွေ တကယ်ရှိပါတယ်။ Infectious diseases ကူးစက်-ရောဂါတွေ နဲ့ Non-communicable or psychological cause ကူးစက်တာ မဟုတ်ဘဲ စိတ်ပိုင်း သက်ရောက်မှုတွေ ဖြစ်ကြတယ်။

ကူးစက်ရောဂါ ၄ မျိုး

၁။ Genito-urinary infections မျိုးပွါးလမ်း+ဆီးလမ်း ကူးစက်ရောဂါတွေ၊

၂။ Skin diseases အရေပြားကနေ ကူးစက်တဲ့ ရောဂါတွေ၊ ဥပမာ Flat warts ကြွက်နို့၊ Athlete's foot အားကစားသမား ခြေထောက် ခေါ်တဲ့ ဖန်းဂတ်စ် မှို ရောဂါ၊ ဝဲ-ပွေး စတာတွေ၊

၃။ Peptic ulcer (Helicobacter pylori) အစာအိမ်-လေနာ၊

၄။ Hepatitis B, AIDS and other sexually transmitted diseases လိင်ကတဆင့် ကူးစက်ရောဂါတွေ ဖြစ်ကြတယ်။

ကူးစက်ရောဂါ မဟုတ်တာ ၅ မျိုး

၁။ Diabetes ဆီးချို၊

၂။ High blood pressure သွေးတိုး၊

၃။ Cancer ကင်ဆာ၊

၄။ Sleep insomnia အိပ်ရေးပျက်၊

၅။ Irritable bowel syndrome အစာမကျေ ဝမ်းမကောင်း ရောဂါ။

ဆေးပညာမှာ အင်္ဂလိပ်လို အင်မတန် အသုံးများတဲ့ ဝေါဟာရတခု ရှိတယ်။ Not uncommon "တွေ့နေကြ မဟုတ်တာမျိုး မဟုတ်ပါ" တဲ့။ Husband and wife disease “လင်-မယား-ရောဂါ” ဆိုတာ အဲဒီလို အမျိုးအစားဘဲ။ အိမ်ထောင်သည် ၆ဝဝ ကို ဆန်းစစ်ကြည့်တယ်။ ၅၅.၄% မှာ Couple disease အတွဲ ရောဂါဆိုတာ လာတွေ့နေတယ်။ သုတေသနတွေ များများ လုပ်ရာကနေ ရောဂါ ၁ဝ မျိုးအထိ ရှိလာရတယ်။ ပြောခဲ့တာတွေအပြင် Alzheimer's ရောဂါ နဲ့ Kidney failure ကျောက်ကပ်-ရောဂါတွေပါ လာတယ်။

Husband and wife disease concept လင်-မယား-ရောဂါ အယူအဆကို ၁၉၇ဝ ကျော်စကတည်းက ပေါ်လာခဲ့တာပါ။ အမေရိကားက Masters and Johnson ကနေ စသုံးခဲ့တုံးက Sexuality famous couples လိင်ကိစ္စနဲ့ နာမည်ကြီးတဲ့ အတွဲတွေမှာ Transmitted diseases ကူးစက်ရောဂါတွေနဲ့ Sexual dysfunction လိင်ပိုင်းချို့ယွင်းမှုတွေကိုသာ Sick couple “ဂီလာန-စုံတွဲ” ဆိုပြီး ရေးခဲ့တယ်။

၂ဝဝ၂ ခုနှစ်က (ယူကေ) မှာရှိတဲ့ University of Nottingham က Julie Westerly Olympus Li ကနေ Husband and wife disease လင်-မယား-ရောဂါ ဆိုပြီး British Medical Journal မှာ ပဌမဆုံး ဆောင်းပါး ရေးခဲ့တယ်။ အဲဒီ အမျိုးသမီး ပါမောက္ခ ရေးတာတွေထဲမှာ Diabetes ဆီးချို၊ High blood pressure သွေးတိုး၊ Ischemic heart disease နှလုံး သွေးကြောကျဉ်း ရောဂါ၊ Asthma ပန်းနာ၊ Kidney disease ကျောက်ကပ်-ရောဂါ နဲ့ Depression စိတ်ကျ-ရောဂါတွေ ပါတယ်။

လင်-မယား နှစ်ယောက်သား အတူနေ အတူစားကြတော့ ကြာရင် Husband and wife relative သွေးသား တော်စပ်တဲ့ အမျိုးတွေလို ဖြစ်လာကြတယ်။ တနေ့ကဘဲ မိန်းကလေး တယောက်က ပြောနေသေးတယ်။ “မမေးဘဲနဲ့ ကျမကို (့) ရဲ့ မိန်းမလို့ သိတယ်” တဲ့။

ဆရာရွှေပြည်အေးရဲ့ သီချင်းထဲကလို “သွားအတူတူ၊ လာအတူတူ၊ စားအတူတူ၊ နေအတူတူ၊ အိပ်အတူတူ၊ ထိုင်အတူတူ၊ မခွဲတူနှစ်ကိုယ်၊ အမြဲမြှူချိုချို၊ အသည်း ယူတော့ဆို့” တကယ် အမျိုး မတော်ရင် အသည်းပေးလို့တော့ မရပါ။ ရောဂါတွေတော့ မျှဝေနိုင်ကြပါတယ်။

Peking University (ဘေဂျင်း) တက္ကသိုလ်၊ First Hospital of Department of Endocrinology (အင်ဒိ်ုခရိုင်းမ်) ဌာန ဒါရိုက်တာ Professor Guo Xiaohui က ပြောတယ် “လင်နဲ့မယား ကြာတော့ စားကြလဲ အတူတူ၊ လူနေမှု ပုံစံလဲ အတူတူ ဖြစ်လေတော့ ရောဂါတွေလဲ အတူတူ ဖြစ်ကြရရော” တဲ့။

Shanghai Medical University (ရှန်ဟဲ) ဆေးတက္ကသိုလ်က Chinese Medical Association ဥက္ကဌ Yu-min ကလဲ Husband and wife cancer လင်-မယား-ကင်ဆာ ဖြစ်နိုင်ပါသတဲ့။ နေအိမ်၊ သား-သမီး၊ အလုပ်အကိုင်၊ စိတ်ဖိစီးမှု၊ စတာတွေကနေ အတူတူ သက်ရောက်ခံကြရလို့ပါ။ ဒီကြားထဲ ဆေးလိပ် သောက်ရင်၊ လေသန့် မရရင်၊ အစာအာဟာရ မပြည့်ဝရင် ပိုဆိုးမယ်။ ဘဝကို အနုတ်သဘော မြင်တတ်သူတွေ၊ နောက်ပြီး ပတ်ဝန်းကျင် သက်ရောက်မှုတွေကနေ လင်ရော မယားပါ Cancer ကင်ဆာကို ဖိတ်ခေါ် နေကြတယ်။

Urogenital infection မျိုးပွါးလမ်း+ဆီးလမ်း ကူးစက်ရောဂါတွေက လိင်လမ်းကနေ ကူးစက်တယ်။ မိန်းမကို ဆေးကုပေးလို့ ပျောက်ပြီး ပြန်ဖြစ်တာဟာ သူ့ယောကျာ်း (သူ့အဖေါ်) ကနေ ပြန်ကူးစက်လာလို့ဘဲ။

Harbin Medical University (ဟာဘင်) ဆေးတက္ကသိုလ်၊ Fourth Affiliated Hospital ဆေးရုံက ပါမောက္ခ Cheng Chi-fung ပြောတာက “ကနေ့ကာလတွေမှာ Fast food အလွယ်ဝယ်-စားစရာ၊ Instant noodles ခေါက်ဆွဲခြောက်ထုပ်၊ Exercise less လေ့ကျင့်ခန်းလဲ မလုပ်၊ Stay up late ညဉ်းနက်သန်းခေါင်အထိ အလုပ်လုပ်ကြလို့ Couple of diabetes “ဆီးချို-စုံတွဲတွေ” များလာနေတယ်။ ဒါတင်မက Obesity လူတွေက ပိုဝ၊ Fatty liver အသဲက အဆီများလာ၊ အဆစ်နာ Gout ဂေါက်ရောဂါ ပိုဖြစ်ကြတယ်။”

မြက်မြက် သက်သက် စားရအောင် အိမ်မှာချက်ရင် ခပ်လေးလေး ဆိုတော့ Hypertension လင်ရော မယားပါ သွေးတိုး ကြမယ်။ လူမှုဘဝက အတူဆိုတော့ စိတ်ဖိစီးတာလဲ တူကြလို့ ပိုဖြစ်နိုင်ပြန်တယ်။ Sleep insomnia ဘဝတူတွေ စိတ်ခံစားမှု တူတာတွေကနေ အိပ်ယာတူပေါ်မှာ အတူအိပ်မပျော်နိုင်ကြဘူး။

ဗိုက်နာ၊ အစာမကျေ၊ ဝမ်းပျက်၊ ဝမ်းချုပ်၊ စတာတွေကို Irritable bowel syndrome ခေါ်တယ်။ အတူ ဖြစ်ကြတတ်တယ်။ အစားအသောက်နဲ့ စိတ်ပါ ဆိုင်တယ်။ Common bad habits မကောင်းတာလေးတွေကိုလဲ အတူ လုပ်တတ်ကြတာကိုး၊ သိပ်စပ်တာ အတူကြိုက်ကြမယ်။ ကော်ဖီ ခါးခါး အတူသောက်ကြမယ်။ နှစ်ယောက်လုံး အသား လုံးဝမစားဘူး၊ စတာတွေ တူနေတတ်တယ်။ Anxiety စိုးရိမ်စိတ်ကဲတာနဲ့ Depression စိတ်ကျတာကနေ Vagus nerve (ဗေးဂတ်စ်) အာရုံကြောကို သက်ရောက်၊ Gastric acid အစာခြေရည်တွေ များရာကနေ ပြောခဲ့တဲ့ရောဂါတွေ နှစ်ယောက်သား ဖြစ်ကြရတယ်။

Peking University First Hospital ဆေးရုံက Andrology Center ကိုလာကြတဲ့ Erectile dysfunction ပန်းသေ-ပန်းညှိုး လူနာ ၁ဝဝဝ ကျော်ထဲမှာ အသက် ၃ဝ အောက်ရှိသူတွေရဲ့ ၁ဝ%၊ ၃ဝ နဲ့ ၄ဝ ကြားရှိသူတွေထဲက ၂ဝ့၆%၊ ၄ဝ-၅ဝ ကြား ရှိသူတွေထဲက ၅ဝ% ရဲ့ ဇနီးတွေမှာလဲ Sexual dysfunction လိင်ပိုင်း အားနည်းမှုတွေ ဖြစ်နေကြတာ တွေ့ရတယ်။

စိတ်တူ၊ ကိုယ်တူနေကြလို့ ရောဂါတူ ရနိုင်တာတွေကိုသာ ကွက်ရေးတော့ စိတ်မတူ၊ ကိုယ်မတူတာ ပိုကောင်းမယ်တော့ မထင်လိုက်ပါနဲ့။ ဆရာဝန်လဲ မကယ်နိုင်တာတွေ ဖြစ်နေမယ်။

Dr. တင့်ဆွေ
၁ဝ-၈-၂ဝ၁၁
http://yamunaclinic.org/index.php?option=com_content&view=article&id=2821:husband-and-wife-disease-&catid=30:medical-writings-&Itemid=46 မှ ကူးယူပါသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection