မသဒ္ဒါရေးသားထားသော ဒေါ်အောင်ဆန်းစုကြည်၏ သေတမ်းစာ (၂ဝဝ၉)

မသဒ္ဒါရေးသားထားသော ဒေါ်အောင်ဆန်းစုကြည်၏ သေတမ်းစာ (၂ဝဝ၉)


ဘဝ ဟူသည်
တိုတောင်း လှပေစွ
ကန်ရေပြင်၌ တက်သော
ရေပွက်မျှသာ ဖြစ်တယ်။

ကွေးသောလက်များ
ဆန့် မသွားမီ
မတည် သော အသက်
ခန္ဓာ ဟူသည်
ဇာတိ ဇရာ မရဏ
သောက ပရိဒေဝ အနိစ္စ
အမြဲမှန်ကန်သော အရာ
မမြဲခြင်းသာ ဖြစ်တယ်
ဘုရားရှင်သော်မှ မလွှဲနိုင်တဲ့တရား
အနိစ္စ သေဆုံးခြင်း၏ တရား။

တနေ့ တချိန်
လေမှာလွင့်သော..ပွင့်ချပ်ငယ်နှယ်
ကျမ သေဆုံးပါလိမ့်မယ်။
ကျမ အသက် လူကြီးအရွယ်
သွားရမဲ့လမ်း ပြင်ဆင်ခဲ့ပါတယ်။

ကျမ ကိုယ် ကျမ
ဖေဖေ့လို အာဇာနည်လို ့မယူဆပါဘူး။
အမှန်တရားနဲ့ တရားဥပဒေသာ
မြတ်နိူးပါတဲ့ သာမန်လူ
မြန်မာအမျိုးကောင်းစားရေးကို
ရှေးရှူသူသာဖြစ်တယ်။

အကယ်၍ ကျမ သေလွန်တဲ့အခါ
မငိုပါနဲ့ မပူဆွေးကြပါနဲ ့
ကြီးကြီးကျယ်ကျယ် ဈာပနပွဲ မလုပ်ကြပါနဲ ့
ကျမ ကိုချစ်သူ မချစ်သူ
မည်သူမဆို လာရှူနိုင်တယ်
ပုပ်ပွ ဖူးယောင် လူသေကောင်၏
မျက်မြင်မုချ အသုဘ ကမ္မဌာန်း..
အိုနာ သေခြင်း၏ မမြဲသောလမ်း။

ကျမ သေဆုံးပြီးနောက်
ချန်ထားခဲ့ပါရစေ။
ကျမ၏ အထွဋ္ဋ်မြတ်သော ဆံပင်
ရွှေတိဂုံဆံတော်ရှင်သို့လှူဒါန်းပါ။
ကျမ၏ မျက်ကြည်လွှာ..
အလင်းမရသူကို လှူဒါန်းပေးပါ။
ကျမ၏ နှလုံးသား..ကျောက်ကပ်
အသည်း ကလီဇာများ
ကောင်းသေးပါက လိုအပ်သူများအားလှုဒါန်းပေးပါ။

မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
နာရေးကူညီသော စေတနာရှင်
စင်ကြယ်သောကုသိုလ်နဲ့ ကိုကျော်သူ
ကျမ အသက်မဲ့ ခန္ဓာ ကို လှူပါတယ်။
ဖုတ်ကျည်းသင်္ဂြ ိုလ်ပေးပါ။

ပုပ်ပွလာမဲ့ ခန္ဓာအား
မီးသငြ်္ဂိုလ်ပြီး..
ရလာသောခန္ဓာ၏ ပြာမြေဇာ
အပင်တို ့အတွက် မြေသြဇာကြွေးပေးပါ။

နောင်လာနောက်သားများအတွက်
ကျမ၏ နေအိမ် (သို ့) ကျမ၏အကျဉ်းထောင်
အင်းစိန် ထောင်ခွဲ
အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း
အောင်ဆန်းစုကြည်၏ ပြတိုက်အဖြစ်
ကျမ၏ အသုံးအဆောင်..စာအုပ်
တီးသူမဲ့သော စန္ဒယား
ကျမ၏ မြန်မာ အဝတ်အစား
ရိုးသားသော မြန်မာအမျိုးသမီး၏တန်ဖိုးများ.
နောင်လာနောက်သားများရှူမြင်စေ။

ကျမ၏ ကျန်ရစ်သော ဘဏ်ငွေသားအနည်းငယ်။
ကျမ၏ ဈာပန စရိတ် နှင့်
ဆင်းရဲသော သံဃာအိုများ အတွက်ကျန်းမာရေး
ဇီဝိတဒါန ဆေး အလှု
ကွယ်လွန်သူ မိဘများ အမှုထား၍
ကျမနှင့် ကွယ်လွန်သော ခင်ပွန်းအတွက်
သားများမှရေစက်ချ..အမျှဝေစေချင်ပါတယ်။

ကျမ ရသော ငြိမ်းချမ်းရေး နိုဘယ်ဆုငွေသား
$1.3 million အား
ကိုယ်ကျိူး အတွက် မသုံးစွဲ
တပြားမချန် မြန်မာပြည်သူများအတွက်
ကျမ်းမာရေးနဲ့ ပညာရေး ရံပုံငွေ
လှုဒါန်းခဲ့ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကြပါစေ။
ကြား ကြားသမျှ အမျှ အမျှ အမျှ ယူတော်မူ။

အမျိုးအတွက်ထားတဲ့ အမေ့ရဲစေတနာကို
နားလည် ပါရမီဖြည့်ပေးသူ သားများ
အမေဘဝမှာ မွေးရကျိူးနပ်ပါတယ်။
အမေ့ဘဝအတွက်အကောင်းဆုံး
ဘုရားပေးသောဆုလာဒ်
ဒီသားများသာ ဖြစ်ပါတယ်။

ဒီ သားများ အတွက်..
အမေ မွေးခဲ့သောဇီဝိတ အသက်
အဖေပေးခဲ့သော ပညာ မှတပါး
အခြားပေးရန် စည်းစိမ် အမွေ မရှိ။
စိတ်ဓါတ်နှင့်ကြံ့ခိုင်သောမျိုးရိုး၏အမွေ
အောင်ဆန်းမျိုးရိုး..ဆက်ကျန်နေပါစေ။

အတူနေ မမဒေါ်ခင်ဝင်းနှင့် သမီးများ
ကျမအား စောင့်ရှောက်သောကျေးဇူး
အထူး မမေ့ပါ။ ကျေးဇူးတင်ပါတယ်။

ဆေးဝါး ကုသပေးသော
မောင်ငယ် ဒေါက်တာတင်မျိူးဝင်း
သမားစိတ်ရင်း ကြောင့် ကျမ အသက်ရှည်..
ကျေးဇူးဆပ်စရာ ပစ္စည်းမဲ့သူ ကျမ
ဦးချပြီး.ဆပ်ပါရစေ။

ပြည်တွင်းပြည်ပ..
ကျမကို ချစ်ခင်ကြသော
ကျမကို အားပေးကြသော..
မိတ်ဆွေ သင်္ဂဟ
သိသူ မသိသူ မှန်သမျှ
ကျမပြုသောကုသိုလ် အဖို ့ဘာဂ ဝေမျှပါတယ်။
ရွှင်လမ်းကြစေ။

ကျမ၏ တဦးတည်းသော ချစ်ရသောအကိုကြီး.
သွေးသားစပ်သူ ဦးအောင်ဆန်းဦး အတွက်..
ကျမ အဖေ၏ ပန်းချီတချပ်..
သူမသေခင်..ခေါင်းရင်းမှာ ချိပ်ဖို ့ပေးအပ်ခဲ့တယ်။

အနှစ် ၂၀ သက်တမ်းရ.သက်တော်ရှည်
အဝေးရောက် ဝန်ကြီးချုပ်
ကျမ၏ တဝမ်းကွဲမောင် ဒေါက်တာစိန်ဝင်း..
ကျမရဲ့ အနှစ် (၂၀) အချုပ်ကာလအတွင်း
ကျမ ရတဲ့ဆုတွေလက်ခံတဲ့အခါ စင်ပေါ်တက်
မျက်နှာပြ ဖော်ရပေးတာ
အထူးကျေးဇူး တင်ပါတယ်။

ဖေဖေ့မျက်နှာနဲ့
ကျမအပေါ်..မရှိတဲ့ အပြစ်ကိုတင် အကွက်ဆင်
အတင်းထောင်ချ..သပ်သျှို ပြန်ကယ်ပြတဲ့
အတုယူ ချီးမွမ်းထိုက်ပါသော
မှုးကြီးသန်းရွှေရဲ့ မေတ္တာ စေတနာ
မှတ်ကျောက် စာထိုးခဲ့ပါတယ်။
ကလိမ်ခြုံ နအဖ၏ ဂန္ဓဝင်မိချောင်းမျက်ရည်။

ကျမ မခေါ်ဘဲ အလည်တဲ့ဧည့်သည်
ကျမ အသက်ဘေးအတွက် သူ စိုးရိမ်တယ်။
မောပမ်း မေ့လဲနေသော ဆီးချိုလူနာသည်သူ
ပုတုဇ္ဇနော ဥမ္မတကော အဆိုရှိ
တကယ်မှန် မှန် မမှန် မှန်..
ဟုတ်သော်ရှိ မဟုတ်သော်ရှိ
ခမြာ..စေတနာနဲ့ သတိပေးရန်ကြံတဲ့အတွက်
သူ၏ ထားရှိသော ဂရုဏာ စေတနာ
ကျေးဇူးတင်ပါထိုက်ပါတယ်။

ကျမ သွားတဲ့အခါ..
တရား သံဝေဂရ..
မျက်ရည် မကျုကြပါနဲ ့။
မပြီးဆုံးသေးတဲ့ ကျမရဲ့ဝတ္တရား
ကျရာနေရာ ကူညီပါဝင် ဖြည့်ဆည်းပေးကြပါ။
ကျမ အတွက်ထားတဲ့ ချစ်မေတ္တာ
တိုင်းပြည်အမျိုးအတွက်
လက်ဆင့်ကမ်းကြိုးစားပေးပါ။

အဖေ ပေးခဲ့တဲ့ လွတ်လပ်ရေး
ကျမ လက်ထက်မှာ မရသေးခင်
ကျမ သေလွန်ခဲ့ပါလျှင်
ကျမ ကိုယ်စား တာဝန်ဆက်ယူပေးနိုင်စေ
တနေ ့မှာ..ဒေါင်းမျိူးနွယ်ဆက်
ပြန်ခေါင်းထောင်ထကြပါစေ
ဒို့ မြန်မာအမျိုး..သိက္ခာ မျိုးနွယ်ဆွေ။
အာဏာရှင်စံနစ်..ပြုတ်ကျပါစေ။

မသဒ္ဓါ ( ၈။ ၂၆။ ၂၀ဝ၉)လူဆိုတာ တနေ့နေ့တော့ သေလွန်မှာပါ။ အပြစ်မရှိ မှန်ကန် ရိုးဖြောင့်သူ ရဲဝံ့စွာသေရဲတဲ့သူက သေခြင်းကို မကြောက်မရွံ့ ပြေးတွေ့ဝံ့ပါ တယ်။

တကယ်လို့များ တနေ့နေ့ဒေါ်အောင်ဆန်းစုကြည် သေလွန်ပြီးတဲ့ အခါ..သူရဲ့ ရင်ထဲမှာ..ဘာဆန္ဒတွေ ရှိပါ့မလဲ.. စဉ်းစားပြီး သရုပ်ဖော်ကြည့်ပါတယ်။ မှားရင် ခွင့်လွှတ်ပါ။

Ref: http://thadar.blogspot.com/2009/08/blog-post_26.html
Ref: http://arzarni2009.blogspot.com/2009/11/blog-post_5918.html

ဒေါ်အောင်ဆန်းစုကြည် ရေးသားသည်ဟု လူတချို့က ယူဆနေသော သေတမ်းစာ တစောင်သည် ကဗျာပုံစံဖြင့် မြန်မာပြည်သားတို့၏ ဘလော့ဂ်များ၊ အပြန်အလှန် ပေးပို့ကြသည့် အီးမေးလ်များတွင် ရောက်ရှိနေသည်။

ထိုကဗျာရေးသားသူမှာ ဘလော်ဂါ မသဒ္ဓါဖြစ်ပြီး သူက သူ၏ဘလော့ဂ်တွင် တင်ရန် စိတ်ကူးယဉ် ရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်။ ၂၀ဝ၉ သြဂုတ်လ ၂၇ ရက်စွဲဖြင့် သူ၏ ဘလော့ဂ် http://thadar.blogspot.com/2009/08/blog-post_26.html တွင် တင်ထားသည့် ထိုကဗျာ၏ ခေါင်းစဉ်မှာ “ဒေါ်အောင်ဆန်းစုကြည်၏ သေတမ်းစာ” ဖြစ်သည်။

သို့သော်လည်း ကဗျာကို လက်ဆင့်ကမ်းသူတချို့က ကလောင်အမည်၊ ကဗျာအောက်ခြေရှိ ရှင်းလင်းချက် တို့ကို ဖျက်ပြီး ကူးယူ ဖြန့်ချိကြသောကြောင့် ပို၍ အငြင်းပွားဖွယ် ဖြစ်နေသည်။

တချို့က ထိုကဗျာသည် မည်သူရေးပြီး မည်သို့ အင်တာနက်တွင် ပျံ့နေကြောင်း သိလိုကြသည်။

ကဗျာ ဖန်တီးသူကမူ ထိုကဗျာနှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားကြောင်း တွေ့ရသည်။

“တကယ်လို ့များ တနေ ့နေ ့ဒေါ်အောင်ဆန်းစုကြည် သေလွန်ပြီးတဲ့ အခါ.. သူရဲ့ ရင်ထဲမှာ.. ဘာဆန္ဒတွေ ရှိပါ့မလဲ.. စဉ်းစားပြီး သရုပ်ဖော်ကြည့်ပါတယ်။ မှားရင် ခွင့်လွှတ်ပါ” ဟု မသဒ္ဓါက ကဗျာရေးရခြင်း အကြောင်းရင်းကို ကဗျာ၏ အောက်ခြေတွင် ဖော်ပြထားသည်။

မသဒ္ဓါက ကဗျာ၊ ဆောင်းပါး၊ သရော်စာများကို ရေးသားပြီး သူ၏ ဘလော့ဂ်တွင် ဖော်ပြလေ့ရှိသူ ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်၏ သေတမ်းစာ” ကဗျာကို ကလောင်အမည်ဖြုတ်ပြီး yaungzinnyein.blogspot.com chochoaung.blogspot.com နှင့် saisainaylinn.blogspot.com တို့တွင် ဖော်ပြထားသည်။

http://burmadigest.info/2009/11/02/the-will-of-daw-aung-san-suu-kyi/ တွင်မူ အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် တွေ့ရပြန်သည်။

အောက်ပါ ဘလော့ဂ်များတွင်လည်း ကဗျာကို ကလောင်ရှင်၏ အမည်နှင့်တကွ ပြန်လည် ဖော်ပြထား ကြသည်။
lv-lv.facebook.com
punkrockmee.co.cc
gtuonlinefriends.ning.com
downtamun.blogspot.com
ngunlensung-clear.blogspot.com
lwannaing.blogspot.com



POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection