ကင်ဆာဝေဒနာရှင်များ ရဲယိုသီးစားသုံးပါ

ကင်ဆာဝေဒနာရှင်များ ရဲယိုသီးစားသုံးပါ

ရဲယိုသီးကို အခြေခံပြီးထုတ်လုပ်ထားသည့် ဆေးတောင့်များနှင့် ဖျော်ရည်များသုံးစွဲခြင်းသည် ကင်ဆာရောဂါ ဝေဒနာရှင်များအတွက် အကျိုးများစွာရှိနိုင်ကြောင်း ကျန်းမာရေး အတိုင်ပင်ခံ ဒေါက်တာသန်းထွန်းက ပြောသည်။

”ကင်ဆာရောဂါကို ကုသတဲ့ အခါမှာအသုံးပြုတဲ့ ဆေးဝါးအများစု ဟာလည်း ဒီအပင်ကနေလာတာ ဖြစ်တယ်။ ရဲယိုဟာ ကင်ဆာရောဂါ ကာကွယ်ကုသရေးမှာ အစွမ်း အာနိသင် အရှိဆုံးပဲ။ နောက်ပိုင်းမှာ ရဲယိုကနေ ထုတ်လုပ်တဲ့ ကင်ဆာဆေးစွမ်းကောင်းတွေ အများကြီး ပေါ်ထွက်လာတော့မှာ ဖြစ်တယ်” ဟု ၄င်းက ဆက်လက် ပြောသည်။
ရဲယိုသီးစားသုံးခြင်းဖြင့် ကင်ဆာဆဲလ်များ ဟန့်တားစေနိုင်သည့် အဓိကရောဂါများမှာ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာနှင့် ကျောက်ကပ် ကင်ဆာများပင် ဖြစ်ကြောင်း သိရသည်။
”ရဲယိုသီးမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေက ခုခံအားစနစ်ကို တိုးတက်အောင် ပြုလုပ်ပေးတဲ့အတွက် ကင်ဆာဆဲလ်တွေကို တိုက်ခိုက်နိုင် စွမ်းရရှိလာမှာ ဖြစ်တယ်။ ဒါကြောင့် ရဲယိုသီးစားတဲ့ ကင်ဆာဝေဒနာရှင် တွေဟာ ရဲယိုသီးမစားတဲ့သူထက် ပိုပြီး သက်တမ်းရှည်စွာ နေရမှာ ဖြစ်တယ်။ ခန္ဓာကိုယ် ခုခံအားစနစ် ကောင်းနေတဲ့အတွက် Secondary infection  လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေ အလွယ်တကူ ဝင်ရောက်မလာနိုင်ဖို့ ကိုလည်း တားဆီးပေးနိုင်ပါတယ်” ဟု ၄င်းက ဆက်လက်ပြောသည်။
ရဲယိုသီးကို အနောက်တိုင်း ဆေးဝါး အသုံးပြုနေသည့် လူနာများလည်း အသုံးပြုနိုင်ကြောင်း ၄င်းကဆိုသည်။
”ပင်ကို ရဲယိုသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ ဆေးဖက်ဝင် ဓာတ်ပစ္စည်းတွေကြောင့် ကင်ဆာလူနာကို ပိန်ချုံးမသွားအောင်လည်း ကာကွယ်ပေးတယ်။ ကင် ဆာဝေဒနာရှင်တွေမှာ အဓိကတွေ့ ရလေ့ရှိတဲ့ နာကျင်မှုဝေဒနာတွေ ကနေလည်း သက်သာအောင် ဆောင်ရွက်ပေးတယ်။ ဒါတွေအပြင် အနာအကျက်မြန်အောင်၊ ခန္ဓာ ကိုယ်မှာ ချို့ယွင်းမှုတွေကို ပြန်ကောင်းအောင်လည်း ပြုလုပ်ပေးပါတယ်။ ကင်ဆာဝေဒနာရှင်တွေ အသုံးပြုနေတဲ့ အနောက်တိုင်းဆေးဝါးတွေကို ပိုမိုအစွမ်းအာနိသင် ထက်မြက်အောင်လည်း ကူညီပေးပါတယ်” ဟု ရဲယိုသီး၏ အသုံးဝင်မှုများကို အထက်ပါဆရာဝန်က ဆက်လက်ပြောသည်။

ရဲယိုသီးသည် ကင်ဆာရောဂါ ကာကွယ်ရေးပိုင်းမှာရော၊ ကုသရေးပိုင်းများမှာပါ အစွမ်းထက်သည့် သဘာဝသစ်သီးဖြစ်ပြီး၊ သူ့အတိုင်းစား၍ရသည့် အသီးဖြစ်သည့်အ တွက် ဘေးထွက်ဆိုးကျိုးများလည်း မရှိသလောက် နည်းပါးကြောင်း၊ မည်သည့်ကင်ဆာ အမျိုးအစားကိုမဆို ရဲယိုကို စားသုံးပါက အလွန်အကျိုးရှိကြောင်း ဒေါက်တာ သန်းထွန်းက ထပ်လောင်းပြောသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection