ပူပြင်းသော ရာသီအတွင်း အရက်၊ ဘီယာ သောက်သုံးခြင်း

ပူပြင်းသော ရာသီအတွင်း အရက်၊ ဘီယာ သောက်သုံးခြင်းက ဦးနှောက်ဆိုင်ရာရောဂါများကို ဖြစ်ပွားစေနိုင်

ပူပြင်းသော ရာသီတွင် အရက်၊ ဘီယာများသောက်သုံးခြင်းသည် ဦးနှောက်ပိုင်းဆိုင်ရာရောဂါများကို ဖြစ်ပွား စေနိုင်သည့်အတွက်  အရက်၊ဘီယာများ သောက်သုံးခြင်းကို ရှောင်သင့်ကြောင်း ကျမ်းမာ ရေးဝန်ထမ်းများက ဆိုသည်။   

“ အရက်တွေ ဘီယာတွေက ခန္ဒာကိုယ်တွင်းကို ပူစေပါတယ်။ အရက်သေစာသောက်စားထားတဲ့အထဲ ရာသီ အပူချိန်တွေမြင့်တက် လာပြီး  ဦးနှောက်သွေးကြောပြတ်တာတွေ၊ ဦးနှောက်ရောင်ရမ်း တာတွေ ဖြစ်နိုင်ပါတယ် ဒါ့ကြောင့် တတ်နိုင်ရင်  ပူပြင်းတဲ့ နေ့လည် ပိုင်းအချိန်မှာ အရက်သေစာတွေကို သောက်စားပြီး ရေပက်ခံ မထွက် သင့်ပါဘူး” ဟုဒဂုံမြို့သစ်မြောက်ပိုင်းမှအထွေထွေရောဂါကု ဆရာဝန် ဒေါ်စန်းသီတာအောင်က ပြောသည်။

သင်္ကြန်ကာလတွင် အရက်၊ ဘီယာများသောက်သုံးမှုသည် ဦးနှောက်နှင့်ဆိုင်သော ရောဂါများဖြစ်ပေါ် စေနိုင်သောကြောင့် အရက်၊ဘီယာ ရောင်းချမှုများအား တားမြစ်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ထားသည်။

အရက်၊ ဘီယာများအား မော်တော်ယာဉ်များဖြင့် လှည့်လည်ရောင်းချခြင်း၊ ရေကစားမဏ္ဍပ်များအနီးနှင့် အခြားနေရာများတွင် တရားမဝင်ရောင်းချမှုများမပြုလုပ်ရန် တားမြစ်ကြောင်းကို ဧပြီလ (၁၀) ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

“ဒါက ဥပဒေရှိပြီးသားတော့ မဟုတ်ပါဘူး ။ သင်္ကြန်ကာလမှာ  ဒေသန္တာရနဲ့ အာဏာပိုင်အဖွဲ့ရဲ့  ထုတ်ပြန် ထားတဲ့ စည်းကမ်းချက်ပါ။ အရက်၊ဘီယာတွေ တရားမဝင်ရောင်းချတာတွေကို လိုက်လံ တားမြစ်ပြီးတော့ အဲ့ဒီ အရက်၊ဘီယာတွေအပြင် မူးယစ်ဆေးဝါးတွေပါ ပါလာရင်တော့ ထိရောက်စွာ အရေးယူသွားမှာပါ။ ပြီးတော့ သင်္ကြန်ရက်မှာ အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်အောင် မူးယစ်ရမ်းကားမှုတွေကိုတော့  ထိန်းချုပ်မှုတွေ ပြုလုပ်မှာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပြန်ကြားရေးဌာနမှ ဦးစောသိန်းဝင်းက ပြောသည်။

အရက်နှင့် ဘီယာများမှာ သင်္ကြန်ကာလတွင် အမျိုးသားများသာမက အမျိုးသမီး ၊လူငယ်လူရွယ်များပါ သောက်သုံးလာကြကြောင်းသိရှိရသည်။

ယမင်း(မြစ်မခ)

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection