အပိုထောက်ပံ့ကြေး ခံစားခွင့်ပြု

အစိုးရဌာနနှင့် အဖွဲ့အစည်းများရှိ ဝန်ထမ်းများနှင့် နေ့စားအလုပ်သမားများ အပိုထောက်ပံ့ကြေး ခံစားခွင့်ပြု


ရန်ကုန်တိုင်းမီဒီယာဂရုဒ် (၁၄)မတ်လ၂၀၁၂ — ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၏ ၁၃၇၃ ခုနှစ် တပေါင်းလပြည့်ကျော် (၇) ရက် ၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက် ရက်စွဲပါ အမိန့်ကြေညာစာ အမှတ် ၁၀ဝ/၂၀၁၂ ဖြင့် နိုင်ငံတော် အတွင်း နိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်လျက်ရှိကြသည့် ဝန်ထမ်းများ၊ တပ်မတော် ကြည်း၊ရေ၊လေ ဝန်ထမ်းများအား စားဝတ်နေရေး သက်သာချောင် လည်မှုရှိစေရန် အတွက် လက်ရှိလစာ အပြင်အပို ထောက်ပံ့ကြေး အဖြစ် တစ်ဦးလျှင် တစ်လ ကျပ် သုံးသောင်း တိတိ ခံစားခွင့်ပြုရန် ကိုလည်းကောင်း၊ အစိုးရဌာနများနှင့် အဖွဲ့စည်း များရှိ နေ့စား အလုပ်သမားများ၏ လုပ်ခကို အလုပ်ချိန် တစ်နေ့ (၈)နာရီ အတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ကျပ် ၁၁၀ဝ အပေါ်တွင် အပိုထောက်ပံ့ကြေး ကျပ် ၁၀ဝ၀ တိတိ ကို ထပ်မံခံ စားခွင့်ပြုမည် ဖြစ်သဖြင့် နေ့စားအလုပ်သမားများအား နေ့စဉ်လုပ်ခ ကျပ် ၂၁၀ဝ တိတိ ခံစားခွင့်ပြုရန် ကိုလည်းကောင်း ၂၀၁၂ ခုနှစ် ဧပြီ (၁)ရက်နေ့မှ စ၍ ခံစားခွင့်ပြုလိုက်သည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection