သောက်သုံးရေအခက်တွေ့

မြောက်ဥက္ကလာပမြို့နယ် အချို့ရပ်ကွက်များ၌ သောက်သုံးရေအခက်တွေ့နေ

ရန်ကုန်တိုင်းဒေသကြီး စည် ပင်သာယာရေးကော်မတီနှင့် ရေ ဖြန့်ဝေပေးရေးကောင်စီသည် ရေ ပေးဝေရာတွင် သောက်သုံးရေး လုံလောက်စွာမရှိမှုနှင့် ပတ်သက် ၍ဝေဖန်မှုတချို့သားကြားသိရပါ သည်။

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်ရှိ ဝေကဂီလမ်းနှင့် ညောင်ရမ်းလမ်းများတွင် ရေပိုက် များကို လေရှု ပေါက်များအဖြင့် သောင်လျက်ထား ရှိရာတွင် ရေများမှာ ပြည်သူများထံသို့ ရောက်ရှိခြင်း မရှိဘဲ ၎င်း လေရှုပိုက်များမှ ပြင်ပသို့လျှံကျကာ ရေများ ကို ဖြုန်းတီးရာကျနေသည်ဟု အချို့ကဆိုကြ သည်။ အချို့ရပ်ကွက်များတွင် ရေပိုက်များ သွယ်တန်းပြီး(လ) အနည်းငယ်ကြာပြီးနောက်  သွယ်တန်းထားသော ရေပိုက်များ မှ ရေလုံးမရရှိတော့ သည်ကိုလည်း  တာဝန်ရှိပြည်သူများထံမှ ကြားသိ ရပါသည်။

အချို့သော ပြည်သူများမှ သောက်သုံးရေများကို ခက်ခက်ခဲ ခဲရင်ဆိုင်နေကြရသဖြင့် ပြည်သူများမှာ ရေပိုက်များသွယ်တန်းထားပြီး သောက်သုံးရေများကို ဝယ်ယူ သုံးစွဲနေကြောင်းကိုလည်း သိရပါ သည်။ ဆင်းရဲနွမ်းပါသော ပြည်သူ များမှာ ရေပိုက်သွယ်တန်းထား သော အိမ်များမှတဆင် အနည်း ငယ်မျှ ဆွဲယူသုံးစွဲ နေရာအခုဆိုရင် သူတို့အား ရေပေးဝေနေသော အိမ်များမှလည်း ရေလုံးဝရောက် ရှိခြင်းမရှိကြောင်း ကိုလည်း ကြား သိရပါသည်။ အခုဆို သူတို့မှာ ရေတစ်စည် (၃၀ဝ) ကျပ်ဖြင့် ဝယ်ယူသုံးစွဲနေရကြောင်းနှင့် ထို ရေစည်မှာ တစ်နေ့လျှင် နှစ်စည် မျှလောက်ဝယ်ယူသုံးစွဲနေကြောင်း  ကြား သိရပါသည်။ ဤအတွက် ငွေသား (၆၀ဝ) ကျပ်မှာလည်း သူတို့အဖိုးငှာ အလွန်အခက်တွေ့ နေရကြောင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးကော်မတီနှင့် ရေဖြန့် ဝေပေးရေးကောင်းစီအား သူတို့ အဖို့သောက်သုံးရေဖူလုံစွာရရှိရေး အတွက် ဆောင်ရွက်ပေးပါရန် တာဝန်ရှိပြည်သူများထံမှ တောင်း ဆိုထားကြောင်း သိရပါသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection