အင်တာနက်သုံး ဖုန်းခေါ် ဆိုမှု (Y talk Calling) စနစ်ကို ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့စတင်အသုံးပြု


အင်တာနက်သုံး ဖုန်းခေါ် ဆိုမှု (Y talk Calling) စနစ်ကို ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့စတင်အသုံးပြုနိုင် မည်ဖြစ်ကြောင်းသိရှိရသည်။

Ytalk Calling စနစ်ဖြင့် အသုံးပြိုလိုသူများအနေဖြင့် Soft Phone နံပါတ်(ID) တစ်ခု လိုအပ်ပြီး ထို Soft Phone
နံပါတ် (ID) အတွက် VoIP account card အား ကျပ်ငွေ တစ်သောင်းနဲဝယ်ယူနိုင်ကြောင်း သိရှိရသည်။ “ကျွန်တော်တို့ အနေန့ ဲ Soft Phone နံပါတ် (ID) န့ ဲ တွဲဖက်အသုံးပြုရမယ့် Soft Phone Software ကို အင်တာနက်ဆိုင်တွေမှာ ထည့်ထားပေးမှာပါ။ ကိုယ်ပိုင်အနေန့ ဲ သုံးဖို့အတွက်တော့ အဲဒီ Soft Phone Software ကို လောလောဆယ် ပေးမသုံးသေးဘူး” ဟု ရတနာပုံ ဝဘ်ပေါ်တယ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ငွေဖြည့်ကဒ် (Recharge via Voucher Card) များကို 10 FEC, 30 FEC, 50 FEC စသော ဈေးနှုန်းသုံးမျိုးနဲ့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၄င်းတို့ဝဘ်လိပ်စာတွင် ငွေကျပ် တစ်သောင်းဖြင့် ဝယ်ယူထားသည့် VoIP account card ပါ Soft Phone နံပါတ် (ID) အား Password အတိုင်းဝင်၍၊ Activate ပြုလုပ်ပြီး မိမိဝယ်ယူထားသည့် ငွေဖြည့်ကဒ် (Recharge via Voucher Card)အား ငွေဖြည့်သွင်း ရာတွင် အသုံးပြုရမည် ဖြစ်ကြောင်း သိရှိရသည်။

မိမိဆက်သွယ်ခေါ်ဆိုသော နိုင်ငံများအတွက် သုံးစွဲခအား ငွေဖြည့်ကဒ် (Recharge via Voucher Card) တွင်းမှ တစ်မိနစ်လျှင် 0.15 FEC ၊ 0.35 FEC နှုန်းဖြင့် ငွေဖြတ်သွားမည်ဖြစ်ပြီး VoIP account card နှင့် Recharge via Voucher Card များအား အင်တာနက်ဆိုင်တွေနှင့် City Mart ဆိုင်များတွင် လွယ်ကူစွာ ဝယ်ယူ ရရှိနိုင်မည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

အဆိုပါ ဖုန်းကဒ်များကို ၇.၂.၂၀၁၂ (အင်္ဂါနေ့) နံနက်(၉)နာရီခွဲတွင် ရန်ကုန်မြို့ Conference Hall – Myanmar Info – Tech ( MICT Park ) တွင်စတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ Ytalk စံနစ်အား PAC လိုင်စင်ရှိ သော အင်တာနက်ကဖေးများကိုသာ ရောင်းချသွားမည်ဖြစ်ပြီး အိမ်တွင်အင်တာနက်ချိတ် ဆက်ထားသူများ အတွက် ရောင်းချပေးမှု မရှိသေးကြောင်းရတနာပုံတယ်လီပို့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ခုစစချင်းတော့PACလိုင်စင်ရှိတ့ဆဲ ိုက်ဘာကဖေးတွေကိုပ ဲ ရောင်းပေးမှာပါ။ အိမ်သုံးယူဇာတွေအတွက် မပါ သေးပါဘူး။ လိုအပ်တဲ့ Software အတွက်တော့ ကျွန်တော်တို့ တယ်လီပို့ကဝန်ထမ်းတွေ လိုက်သွင်းပေး မှာ ဖြစ်ပါတယ် ” ဟု ရတနာပုံတယ်လီပို့မှ တာဝန်ရှိသူက ပြောသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection