ပုသိမ်သက္ကသိုလ်မှ ကျောင်းသား ၂၀ဝ ကျော် စာမေးပွဲမဖြေပဲ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆို

ပုသိမ်သက္ကသိုလ်မှ ကျောင်းသား ၂၀ဝ ကျော် စာမေးပွဲမဖြေပဲ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆို


လမ်းခရီးတွင် ကြိုဆိုထောက်ခံသူများကို နှုတ်ဆက် နေရခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် လူထု ဟောပြောပွဲ ကျင်းပမည့် ဘောလုံးကွင်းသို့ မျှော်မှန်ထားသော အချိန်ထက် နောက်ကျပြီးမှ ရောက်ရန် ရှိနေသည်။ သို့ရာတွင် ၎င်းင်းအား ကြိုဆို ထောက်ခံနေသူများမှာမူ စိတ်ညီးညူးမှု မရှိဘဲ ဖွင့်လှစ်နေသော ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုသီချင်းများကို လိုက်ပါသီဆိုနေကြပါသည်ကို တွေ့ရသည်။

နည်းပညာတကသိုလ်(ပုသိမ်)မှ ကျောင်းသားတစ်ဦးက 'အမေစုကို အပြင်မှာ မျက်လုံးနဲ့တောင် နှစ် ၂၀ ကျော် မမြင်ဖူးပါဘူး။ အခုလို အမေစု ဒီကိုလာတဲ့အချိန်မှာ ကျွန်တော်တို့ကျောင်းတက်တဲ့အချိန်နဲ့ တိုက်ဆိုင်သွားတဲ့ အတွက် ဒီလိုထွက်ပြီး ကြိုဆိုချင်းဖြစ်ပါတယ်။ အမေစုက ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့အတွက် အပြည့်အဝ ထောက်ခံပါတယ်။ ကျွန်တော်တို့ အခုလို ကြိုဆိုနေတာ ဘယ်ပုဂိုလ်၊ အဖွဲ့အစည်းကမှ နှိုးဆော်တိုက်တွန်းခြင်းမရှိဘဲနဲ့ ကိုယ့်သဘောနဲ့ကိုယ် ကြိုဆိုထောက်ခံခြင်းဖြစ်ပါတယ်'ဟု ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲ ကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်းဘောလုံးတွင်းအတွင်းတွင် ရောက်ရှိနေကြသော ပြည်သူများက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ချမ်းသာပါစေ ဟု ဟစ်ကြွေးလျက်ရှိကာ ဘောလုံးကွင်းအတွင်း ဖွင့်လှစ်ထားသော ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုဖွဲ့ဆိုထားသည့်သီချင်းကို ဝိုင်းဝန်းသီဆို လျက်ရှိနေ ပါသည်။
ကြည်နူးမျက်ရည်တွေစိုနေတဲ့ကျောင်းသား၊ကျောင်းသူတွေရဲ့အမေ စုကျန်းမာပါစေဆိုတဲ့ဆုတောင်းသံ ဟာကျောင်းဝန်းကျင်းတဝိုက်ပဲ့တင်ရိုက်နေပါတယ်။ ပုသိမ်နည်းပညာကျောင်းသား၊ကျောင်းသူတွေ ကိုနှုခွန်းဆက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်

ပုသိမ်သက္ကသိုလ်မှ ကျောင်းသား ၂၀ဝ ကျော် အစဉ်အလာမရှိသောစာမေးပွဲ မဖြေဟု ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုသည့်နေရာသို့ ရောက်နေကြသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection