၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ပိုင်ရှင်များ

၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ပိုင်ရှင်များ



နေပြည်တော်၊ ဖေဖော်ဝါရီလ ၇ ရက် ။ ။ ဒီကနေ့ ည ၇ နာရီက နေပြည်တော်မှာရှိတဲ့ မြို့တော်ခန်းမမှာ ၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို စည်းကား သိုက်မြိုက်စွာ ပြုလုပ် ကျင်းပခဲ့ပါတယ်။ 
၂၀၁၀ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများကို ပေးအပ်ရာမှာ 
(၁) အကောင်းဆုံး ဇာတ်ညွှန်းဆုအဖြစ် ခင်မောင်ဦး၊ စိုးသိမ်းထွဋ် အား လည်းကောင်း၊ 
(၂) အကောင်းဆုံး တေးဂီတဆုအဖြစ် မြန်မာပြည်ကျောက်စိမ်းအား လည်းကောင်း၊
(၃) အကောင်းဆုံး ရုပ်ရှင် တည်းဖြတ်ဆုအဖြစ် ဦးမြင့်ခိုင်အား လည်းကောင်း၊ 
(၄) အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုရှင်အဖြစ် ဝါဝါအောင်အား လည်းကောင်း၊ 
(၅) အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုရှင်အဖြစ် ဝေဠုကျော် အားလည်းကောင်း၊ 
(၆) အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုရှင်အဖြစ် သက်မွန်မြင့်အား လည်းကောင်း၊ 
(၇) အကောင်းဆုံး ဓာတ်ပုံဆုရှင်အဖြစ် ပန်းချီစိုးမိုး အားလည်းကောင်း၊
(၈) အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုအဖြစ် ပြေတီဦးအား လည်းကောင်း၊ 
(၉) အကောင်းဆုံး ဒါရိုက်တာဆုအဖြစ် ခင်မောင်ဦး၊ စိုးသိမ်းထွဋ် အားလည်းကောင်း၊ 
(၁၀) အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုရှင်အဖြစ် Heart N' Soul ရုပ်ရှင်ထုတ်လုပ်ရေးအား လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။


အဲဒီအခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဇနီး၊ ယဉ်ကျေးမှုနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာ့ရုပ်ရှင် အဆင့်အတန်းမြှင့်တင်ရေး အကဲဖြတ်အဖွဲ့ဝင်များနှင့် ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာ အဖွဲ့ဝင်များ၊ ပြည်ထောင်စုနေ့ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ သဘင်အစည်းအရုံး၊ ဂီတအစည်းအရုံးနဲ့ အခြားသော NGO အဖွဲ့အစည်းများမှာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင်များ၊ စာနယ်ဇင်း မီဒီယာများ၊ ဧည့်သည်တော်များနှင့် ရုပ်ရှင်ချစ်ပရိသတ်များ စုံညီစွာ တက်ရောက် ခဲ့ကြပါတယ်။

အခမ်းအနားမှာ ယဉ်ကျေးမှုနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဦးကျော်ဆန်းမှ အမှာစကား ပြောကြားရာမှာ ၂၀၁၀ ခုနှစ်အတွင်း ထုတ်လုပ်ရုံတင်ပြသခဲ့တဲ့၊ မြန်မာ့ရုပ်ရှင် ဇာတ်ကားများထဲက ထူးချွန်တဲ့ အနုပညာရှင်များ၊ အတတ်ပညာရှင်များကို စီစစ်ရွေးချယ်ပြီး အကယ်ဒမီ ထူးချွန်ဆုများ၊ ချီးမြှင့် ပေးအပ်သွားမှာဖြစ်ကြောင်း၊ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုး တိုးတက်မြှင့်မားစေရေးကို ရှေးရှုပြီး နိုင်ငံတော်က ၁၉၅၂ က စကာ ပေါ်ပေါက်လာတဲ့ အစိုးရအဆက်ဆက်မှ နှစ်စဉ် ရုပ်ရှင်အကယ်ဒမီ ရွှေစင်ဆုများ ရွေးချယ်ချီးမြှင့်ခဲ့ရာ ယခုအခါတွင် ထူးချွန်ဆု အမျိုးအစား (၁၁) မျိုးကို ချီးမြှင့်ပေးလျှက်ရှိကြောင်း၊ ဒီကနေ့အထိ ချီးမြှင့်ပေးပြီးခဲ့တဲ့ ထူးချွန်ဆုပေါင်းဟာ ၃၂၈ ဆုထိ ရှိလာခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်ကလည်း ပြုပြင်ပြောင်းလဲ တိုးမြှင့် ဆောင်ရွက်ရာမှာ အခြေခံ ဥပဒေနှင့်အညီ၊ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်တို့ကို တည်ဆောက်ပြီး ဒီမိုကရေစီ ကျင့်စဉ်အတိုင်း သီးခြားလွတ်လပ်စွာ ဆောင်ရွက်ခြင်း တဖက်မှလည်း အပြန်အလှန် ထိန်းညှိခြင်းတို့နှင့် ဖော်ဆောင်လျှက်ရှိကြောင်း၊ ဒါ့ပြင် မဏ္ဍိုင်သုံးရပ်ကို ထိန်းကျောင်းပေး ရမယ့်၊ စတုတ္ထမဏ္ဍိုင်လို့ တင်စားကြတဲ့ သတင်းမီဒီယာ အခမ်းကဏ္ဍ ကိုလည်း လွတ်လပ်မှုနှင့် တာဝန်ယူမှု၊ လွတ်လပ်မှုနှင့် ဆင်ခြင်တုံတရားတို့ကို ယှဉ်တွဲကျင့်သုံးပြီး ထိန်းကျောင်းပေးနိုင်အောင်နဲ့ ၎င်းကိုယ်တိုင်လည်း စတုတ္ထမဏ္ဍိုင်ရဲ့ အရည်အချင်းများနဲ့ ပြည်စုံအောင် ကြိုးပမ်းဖော်ဆောင် ပေးလျှက်ရှိကြောင်း၊ စတုတ္ ထမဏ္ဍိုင်ထဲမှာ အပါအဝင်ဖြစ်တဲ့ ပြည်သူကို ပညာပေးခြင်း၊ ပြန်ကြားပေးခြင်း၊ ဖျော်ဖြေပေးခြင်းတို့ကို ဆောင်ရွက်နေတဲ့ ရုပ်ရှင်၊ ဗီဒီယိုလောကနဲ့ ပတ်သက်လို့လည်း ယခင်က ကျင့်သုံးဆောင်ရွက်ခဲ့တဲ့ ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာ စည်းကမ်းချက် (၁၀) ရပ်အနက် (၄) ရပ်ကို လျော့ပေါ့ပေးပြီး အနုပညာကို ပိုမိုကျယ်ပြန့်စွာ ဖန်တီးဖော်ကျူးနိုင်အောင် ခွင့်ပြုပေးထားနေပြီဖြစ်ကြောင်း၊ ဆက်လက်ပြီး ရုပ်ရှင်လောက ဖွံ့ဖြိုး တက်စေဖို့ အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဦးဆောင်မှုနဲ့ ရုပ်ရှင်လောကသားများက အဓိကထား ဆောင်ရွက် သင့်တဲ့ အချက် (၅) ချက်ကိုလည်း ရုပ်ရှင်လောကသားများ ထပ်မံသိရှိ ကြိုးပမ်းနိုင်အောင်နဲ့ အလေးထား ပူးပေါင်းဆောင်ရွက်နိုင်အောင် ပြောကြားလိုကြောင်း အဲဒီအချက်တွေကတော့ (၁) နိုင်ငံတော်၏ မူဘောင်နဲ့ အညီ Studio များကိုလည်း တစ်ဦးတည်းဖြစ်စေ၊ အများနှင့်ဖြစ်စေ၊ ပူးပေါင်း အကောင်အထည်ဖော် တည်ဆောက်ရန်၊ (၂) ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ခြင်း၊ ကူးဆေးခြင်း၊ ပြည်တွင်းသာမက၊ ပြည်ပမှာပါ ပြသခြင်း လုပ်ငန်းများကို ပြည်ပနိုင်ငံများနှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရန်၊ (၃) ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ပြသမှုကို Analogue မှ Digital သို့ ကူးပြောင်းနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရန်၊ (၄) ပုဂ္ဂလိကပိုင်နှင့် နိုင်ငံတော်ထံမှ ငှားရမ်းလုပ်ကိုင်နေတဲ့ ရုပ်ရှင်ရုံများကို အသံစနစ်၊ ပြသမှုစနစ်များ ခေတ်မီအောင် ပြုပြင် တည်ဆောက်သွားကြရန်၊ (၅) တစ်ပြိုင်နက်တည်း နိုင်ငံတကာ အဆင့်မီ Cinema Complex များ Digital Cinema ရုပ်ရှင်ရုံများ ပေါ်ပေါက်လာအောင် ဆောင်ရွက်ကြရန်၊ ဒါ့အပြင် ၂၀ဝ၅ ခုနှစ် ကတည်းက ဆွေးနွေးချမှတ် မှာကြားအကြံပြုခဲ့တဲ့ ရုပ်ရှင်လောက တိုးတက်ရေး လုပ်ငန်းစဉ် (၁၂) ရပ်ကိုလည်း ရုပ်ရှင် အစည်းအရုံးက ဦးဆောင်ပြီး ရုပ်ရှင်လောကသားအားလုံး တက်ညီ လက်ညီ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြပါလို့ ထပ်မံ တိုက်တွန်းမှာကြားလိုကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတစ်ခုနဲ့ ဒုတိယ ကမ္ဘာစစ်ကို အခြေခံတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားကိုလည်း အိမ်နီးချင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ ပူးတွဲ ရိုက်ကူးထုတ်လုပ် နိုင်ရေးအတွက် ၂၀ဝ၇ ခုနှစ်ကပင် တစ်ဆင့်ပြီးတစ်ဆင့် ညှိနှိုင်းဆောင်ရွက်ခဲ့တာဟာ ယခုအခါမှာတော့ ပဏာမသဘောတူညီချက် လက်မှတ်ရေးထိုးရန်အဆင့်အထိ ရောက်ရှိနေပြီဖြစ်ကြောင်း တစ်ဆင့်ပြီး တစ်ဆင့် အောင်မြင်အောင် ဆက်လက် ဆောက်ရွက်သွားမှာဖြစ်ကြောင်း၊ ဒါ့အပြင် ပုဂ္ဂလိက အဖွဲ့အစည်းများ အနေနဲ့ ပြည်တွင်းမှာ ဖြစ်စေ၊ ပြည်ပနှင့်တွဲ၍ဖြစ်စေ ရုပ်ရှင်၊ ဗီဒီယိုရိုက်ကူး ထုတ်လုပ်ပြသမှုများကိုလည်း ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ တတ်နိုင်သမျှ ကူညီ ဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း ပြည်တွင်းမှာရှိတဲ့ ရုပ်ရှင်၊ ဗီဒီယိုအနုပညာရှင် အတတ်ပညာရှင်များ၊ ဗဟုသုတနှင့် ပညာရရှိရေး၊ ပူးပေါင်းစပ်ဆက်ဆောင်ရွက် နိုင်ရေးအတွက် အာဆီယံနိုင်ငံများနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ မိတ်ဖက်နိုင်ငံများနဲ့ Seminar များ Workshop များကိုလည်း စတင် ကျင်းပပြုလုပ်ပေးနေပြီး ဆက်လက်ပြီးတော့လည်း ကျင်းပပြုလုပ်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။ အဆိုပါ အခမ်းအနားကို ည ၁၀ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

Myanmar Motion Picture Academy Awards Giving Ceremony for Year 2010 was held on Feb 7, 2012 in Nay Pyi Daw, Myanmar. Here are the Winners of Myanmar Motion Picture Academy Awards for Year 2010;

1. The Best Lead Actor Award = Pyay Ti Oo (Adam, Eve and Datsa)
2. The Best Lead Actress Award = Thet Mon Myint (Adam, Eve and Datsa)
3. The Best Supporting Actor Award = Wai Lu Kyaw (Red Sun Above Sea)
4. The Best Supporting Actress Award = Hwar Hwar Aung (A May Kyae Zuu Sat Phu Chin Tae)
5. The Best Director Award = Khin Maung Oo and Soe Thein Htut (Red Sun Above Sea)
6. The Best Cinematography Award = Pan Chi Soe Moe (Red Sun Above Sea)
7. The Best Editing Award = Myint Khine (Red Sun Above Sea)
8. The Best Music Award = Myanmar Pyi Kyaut Sein
9. The Best Screenplay Award = Khin Maung Oo and Soe Thein Htut (Red Sun Above Sea)
10. The Best Picture/ Film Award = Adam, Eve and Datsa

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection