Gmail Filter

Gmail Filter

G mail မှာ ကိုယ်မေးလ်ထဲကို သူများမေးလ်တွေမလိုချင်တဲ့ အခါ  အဲဒီ့ မေးလ် address ကနေပြီးတော့ ကိုယ့်ဆီကို ဘယ်တော့ မှ မေးလ် မလာအောင် ပေါ့  Filter ခံထားလို့ရပါတယ်။ အဲဒီ filter ထဲမှာ ကိုယ်ထည့်ချင်တဲ့ mail address ကိုသာထည့်ထားလိုက် .. ပြီးရင် သူ့ဆီ က ဘာမှ မလာစေချင်ဘူး .. ဒါမှမဟုတ် သူ့ဆီ ကလာတာတွေ အကုန်လုံးကို အရေးကြီးသတ်မှတ်ထားတယ် ..(star ပြထားမယ် ) စသဖြင့်ပေါ့ .လုပ်ထားလို့ရပါတယ် ..ကိုယ်ကြိုက်သလိုလေးလုပ်ထားလို့ရပါတယ် .. 

ပထမဆုံး Gmail ကို ဖွင့်လိုက်ပါ။ညာဖက် ဒေါက်ဆုံးတွင် အောက်မှာပြထားတဲ့ Settings ပုံအတိုင်း နှိပ်လိုက်ပါ။

အဲ့ဒီအောက်မှာ gmail settings ကို နှိပ်ပြီး ဆက်ဝင်ပေးပါ

Gmail Settings ကို ရောက်သွားရင် Filters ကို တွေ့အောင်ရှာလိုက်ပါ။ တွေ့ရင် Filters Tab ကို နှိပ်ပေးလိုက်ပါ။
လုပ်မယ်ဆိုရင်တော့ create a filter ဆိုတာလေး ရှိပါတယ် အဲဒါကလေးကိုနှိပ်လိုက်ပါ .. အောက်မှာပုံကလေးပြထားပါတယ် ..



အဲဒါကလေးကိုနှိပ်ပြီးသွားပြီဆိုရင် တော့ Box ကလေးကျလာပါလိမ့်မယ်..

From မှာ ကိုယ်လုပ်ချင်တဲ့ mail address ကို ထည့်လိုက်ပါ .. To မှာတော့ ကိုယ့် mail address ပေါ့..ဖြည့်ပြီးပြီဆိုရင် Next step ကိုပေးလိုက်ပါ ..
ပြီးရင်တော့ Skip the Inbox, Mark as read, Star it , Apply the labe, Forward it to, Delete it, Never send it to Spam, အဲဒါတွေပါပါတယ် .. အဲဒါကလေးတွေကို ကိုယ်ကြိုက်တာကလေးမှာ အမှန်ခြစ် ကလေးကိုပေးလိုက်ပါ။ ပြီးရင်တော့ Create filter ဆိုတာကလေးကိုနှိပ်လိုက်ရင်ရပါပြီ .. ကိုယ်လုပ်ထား သလိုလေးပေါ့။ ...... အဆင်ပြေကြပါစေဗျာ ..


POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection