အီရတ်တွင် ဗုံးပေါက်ကွဲမှုကြီး

အီရတ်တွင် လူပေါင်း ၅၅ ဦးသေဆုံပြီး၊ ရာချီဒဏ်ရာရသော ဗုံးပေါက်ကွဲမှုကြီး

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် အီရတ် တွင် မြို့ ၁၂ မြို့ အထိ အဆင့် အဆင့် ဖြတ်လာသော ဗုံးပေါက်ကွဲမှု ကြောင့် ၅၅ ဦး သေဆုံးခဲ့ပြီး၊ လူပေါင်း ရာချီ ဒဏ်ရာရ ခဲ့ကြောင်း သိရှိရသည်။ လျှင်မြန်သော ဗုံးပေါက်ကွဲ စီးဆင်းမှုကြီးသည် အီရတ် ပြည်တခွင်လုံးကို ပျံနှံ ခဲ့ကြောင်း သိရသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြီး သည် နာရီပေါင်း ၄ နာရီကြာသည့်အပြင် လူဦးရေ အများဆုံး သေဆုံးမှုများ တွေ့ရှိခဲ့သည့် Baghdad မြို့မှ စတင်ခဲ့ကြောင်း သိရှိရသည်။

တခြား မြို့ ၁၁ မြို့များအထိ ဆက်တိုက် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပါသည်။ အီရတ်ရှိ တာဝန်ရှိပုဂ္ဂိုလ်များက ပြောကြားခဲ့သည်မှာ အဆိုပါ ဗုံးပေါက် ခွဲခြင်းဖြင့် အကြမ်းဖက် သူများသည် ရဲအရာရှိများ နှင့် စစ်ဆေးရေးဂိတ်တို့ အများဆုံး ရှိသော Shia နေရာသို့ အဓိက ပြစ်မှတ်ထား၍ တိုက်ခိုက် ခဲ့ကြောင်း သိရသည်။ အာဏာပိုင်ရဲ အရာရှိများက တိုင်းပြည်ကို မငြိမ် မသက် ဖြစ်စေမည့် al-Qaida အကြမ်းဖက် သမားများ၏ လုပ်ရပ် ဖြစ်နိုင်ဖွယ် ဖြစ်ကြောင်း ခန့်မှန်းကြသည်။ ယနေ့အချိန်ထိ အဆိုပါ ဗုံးဖေါက်ကွဲမှု အတွက် မည်သူ့ အဖွဲ့ အစည်းကမှ တရားဝင် တာဝန်ယူရန် ကြေငြာ ထားခြင်း မရှိသေးကြောင်း သိရှိရသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection