မြန်မာနှင့် လွှတ်တော်ချင်း ရင်းနှီးစွာဆက်ဆံရန် တရုတ်လွှတ်တော်တာဝန်ရှိသူ ကတိပြု

မြန်မာနှင့် လွှတ်တော်ချင်း ရင်းနှီးစွာဆက်ဆံရန် တရုတ်လွှတ်တော်တာဝန်ရှိသူ ကတိပြု

တရုတ်နိုင်ငံ၏ ထိပ်တန်းလွှတ်တော်အမတ် ဝူဘန်ဂူက မြန်မာနိုင်ငံနှင့် လွှတ်တော်ချင်း အပြန်အလှန် ဆောင်ရွက်ကြရန် သောကြာနေ့တွင် ကတိပြုလိုက်သည်။ တရုတ်ကွန်မြူနစ်နိုင်ငံ၏ အမျိုးသားပြည်သူ့ကွန်ဂရက်လွှတ်တော် ဦးစီးကော်မတီဥက္ကဋ္ဌ ဝူဘန်ဂူ က မြန်မာနိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ကတိပြုခဲ့ခြင်းဖြစ်သည်။

Wu Bangguo (R), chairman of the Standing Committee of the National People's Congress, meets with Myanmar's Speaker of the House of Representatives Thura U Shwe Mann in Beijing, capital of China, Feb. 24, 2012. (Xinhua/Li Tao)


ဝူဘန်ဂူက တရုတ်နှင့်မြန်မာအကြား ချစ်ကြည်ရင်းနှီးမှုကို အမွှန်းတင်ပြောဆိုခဲ့ပြီး၊ ကောင်းမွန်သော အပြန်အလှန် ဆက်ဆံရေးကြောင့် ကြီးမားသော တိုးတက်ပြောင်းလဲမှုများ ရရှိခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းကဆက်လက်၍ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု၊ အဓိက အကျိုးစီးပွားများနှင့် သက်ဆိုင်သော ကိစ္စရပ်များအပေါ် နားလည်ပေးကာ ပံ့ပိုးထောက်ခံမှု၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ စစ်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များ စသောကဏ္ဍများတွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မှု စသည်တို့ကိုလည်း အလေးထား ထုတ်ဖော်ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်လက်ခိုင်မာနေမည့် မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှုရရှိရန်နှင့် ဒေသအရေး၊ နိုင်ငံတကာ အရေးကိစ္စရပ်များအပေါ် အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ဝူဘန်ဂိုက ဆိုသည်။ ထို့အပြင် တရုတ်ကွန်မြူနစ်ပါတီနှင့် မြန်မာ ပြည်ခိုင်ဖြိုးပါတီ အကြား  ခိုင်ခိုင်မာမာဆက်ဆံရေး အပါအဝင် ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်စသော အဓိကအရေးကြီးကဏ္ဍများတွင် နက်နက်ရှိုင်းရှိုင်း ပူးပေါင်း ဆောင်ရွက်ရေးကို တရုတ်လွှတ်တော်ဥက္ကဋ္ဌက အဆိပြုကမ်းလှမ်းခဲ့သည်။

မြန်မာအောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း တရုတ်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးအောင်မြင်မှုများကို ချီးကျူးပြောဆိုခဲ့ပြီး၊ မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံ၏ အတွေ့အကြုံနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာသင်ယူမည်ဟု ပြောကြားသည်။ ထို့အပြင် မိမိတို့ မြန်မာအစိုးရ၊ လွှတ်တော်နှင့် အာဏာရ ပါတီတို့သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး အရေးကြီးပုံကို များစွာအလေးထားခဲ့ကြပြီး၊ တရုတ်နိုင်ငံနှင့် နယ်ပယ်ကဏ္ဍမျိုးစုံတွင် ပူးပေါင်း ဆောင်ရွက်မှု အရှိန်မြှင့်တင်သွားမည်ဟု သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

သူရဦးရွှေမန်းသည် တရုတ်လွှတ်တော်ဦးစီးကော်မတီဥက္ကဋ္ဌ ဝူဘန်ဂို၏ ဖိတ်ကြားမှုဖြင့် ၅ ရက်ကြာခရီးစဉ် လည်ပတ်ရန် ဗုဒ္ဓဟူးနေ့တွင် ဘေဂျင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection