မြန်မာနိုင်ငံကို နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များ အလွန်အမင်းစိတ်ဝင်စား

မြန်မာနိုင်ငံကို နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များ အလွန်အမင်းစိတ်ဝင်စား
မကြာသေးခင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် ထိုင်း-ဒိန်းမတ် ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းက နံနက်စာ တည်ခင်းဧည့်ခံရင်း ဆွေးနွေးပွဲတစ်ရပ် ကျင်းပ ပြုလုပ်ခဲ့ရာ မြန်မာ့အရေးကိစ္စနှင့် ပတ်သက်၍ ထည့်သွင်း ဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ဧည့်သည်တော်အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး HE Hemniti Winther တက်ရောက် အမှာစကား ပြောကြားခဲ့ရာ ဒိန်းမတ်နိုင်ငံသာမက ထိုင်း-ဆွီဒင်နိုင်ငံသားများ၊ ထိုင်း-နော်ဝေနိုင်ငံသားများ၊ ထိုင်း-ဖင်လန် စက်မှုလုပ်ငန်းရှင်များအပါအဝင် လူအမြောက်အများလည်း စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြသည်။

ဘန်ကောက်မြို့ Grand Millennium Sukhumvit ခန်းမကြီး၌ ကျင်းပပြုလုပ်သော အဆိုပါဆွေးနွေးပွဲသို့ စီးပွားရေးလုပ်ငန်းရှင် ၈၅ ဦးတိတိ တက်ရောက်ခဲ့ပြီး ပွင့်လင်းလာသော မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အလားအလာများနှင့် ပတ်သက်၍ စိတ်ပါဝင်စားစွာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ဒိန်းမတ်သံအမတ်ကြီး၏ အဆိုအရ မြန်မာနိုင်ငံသည် သဘာဝရင်းမြစ်များ လွန်စွာ ကြွယ်ဝ ချမ်းသာနေသည့်တိုင် အလွန်အမင်း ဆင်းရဲနွမ်းပါးသည့် အဆင့်တွင် ရှိနေသေးသည်။ သို့သော် ယမန်နှစ် စီးပွားရေး တိုးတက်မှုနှုန်းမှာ ၅ ရာခိုင်နှုန်းခန့်ရှိသည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုများ တိုးမြင့်နေရသည့် အကြောင်းများတွင် အလုပ်သမားလူတန်းစားအများစုမှာ ပညာတတ်များမဟုတ်သည့်တိုင် လုပ်အားခ လွန်စွာ ချိုသာသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံရှိ တက္ကသိုလ်များမှာ ဆယ်စုနှစ်တစ်ခုတာမျှ ပိတ်ထားခဲ့ရပေရာ လူငယ်များ၏ အင်္ဂလိပ်စာ ပြောဆိုနိုင်မှု စွမ်းရည်မှာ လူကြီးများလောက်ကောင်းမွန်မှုမရှိပေ။

သို့အတွက်ကြောင့် မြန်မာအစိုးရသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ရာတွင် ခြေလှမ်း အနည်းငယ်မျှသာ လှမ်းနိုင်ကြောင်း၊ ဥရောပ သမဂ္ဂ (အီးယူ) အနေဖြင့် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးနေချိန်တွင် အမေရိကန်ပြည်ထောင်စု အနေဖြင့်လည်း များမကြာမီကာလအတွင်း ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးလာဖွယ်ရှိကြောင်း ဒိန်းမတ်နိုင်ငံသံအမတ်ကြီးကပြောသည်။

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုမှာ ရှင်းလင်းပြတ်သားမှုရှိသော ဥပဒေဆိုင်ရာမူဘောင်များ မရှိခြင်းပင်ဖြစ်သည်။ မြန်မာပြည်တွင် ဥပဒေဟူသောအကြောင်းအရာမှာ လစ်လပ်နေပြီး အချို့သော အနေအထားမျိုးတွင် ယင်းဥပဒေကို နားလည် သဘောပေါက်ရန် ခက်ခဲကြောင်း သံအမတ်ကြီးက သတိပေးပြောဆိုသည်။

ဤသို့သော အခြေအနေမျိုးတွင် မြန်မာနိုင်ငံအနေဖြင့် နှစ်ပေါင်းများစွာကြာမြင့်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဖြေရှင်းနိုင်ခြင်း ရှိ၊ မရှိဟူသောကိစ္စကို မေးခွန်းထုတ်သည်။ အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခကိစ္စကို နိုင်ငံတကာမီဒီယာများက စိုးရိမ်တကြီး ရေးသားလျက်ရှိသည်။ အကြောင်းမှာ မြန်မာနိုင်ငံသည် ယခုအခါ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ချိတ်ဆက်ရန် တံခါးဖွင့်လျက်ရှိပြီး တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများသည် မြန်မာ၏ အိမ်နီးချင်းများဖြစ်သော ထိုင်း၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် အစရှိသည့် နိုင်ငံများနှင့်ထိစပ်နေသော နယ်နိမိတ်များကို သိမ်းပိုက်ထားကြသောကြောင့်ဖြစ်သည်။

အထက် ဖော်ပြပါ ဆွေးနွေးပွဲကို ဒိန်းမတ်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း အမှုဆောင် ဒါရိုက်တာ Savija Korslund က ဖွင့်လှစ်ပေးခဲ့သည်။ မိန့်ခွန်းပြောဆိုမှုများပြုလုပ်ပြီး မကြာမီအချိန်ပိုင်း၌ ဒိန်းမတ်သံအမတ်ကြီး အနေဖြင့် အကဲဆတ်ပြီး ထူးခြားသော မေးခွန်းများစွာကို ရင်ဆိုင် ဖြေကြားခဲ့ရသည်။ နောက်ဆုံးတွင် ဒိန်းမတ်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Peter Romhild က ဆွေးနွေးပွဲ အဆုံးသတ်ပေးရန် တိုက်တွန်းပြောဆိုပြီး သံအမတ်ကြီး Mikael H Winther ကို အမှတ်တရ လက်ဆောင် ပေးအပ်ခဲ့သည်။

(Scand Asia မှ 23 Feb 2012 ရက်စွဲပါ Overwhelming Interest in Burma/Myanmar ကို ဘာသာ ပြန်ဆိုသည်) 


POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection