ဖားကန့်ကျောက်စိမ်းမှော်လမ်း KIO ပိတ်

မြန်မာအစိုးရထိုးစစ်ကြောင့် ဖားကန့်ကျောက်စိမ်းမှော်လမ်း KIO ပိတ်

မြန်မာအစိုးရက ကချင်ပြည်နယ်အနောက်ဘက် ဖားကန့်ကျောက်စိမ်းမှော်လမ်းဘက် ထိုးစစ်ဆင်လာသည့် အတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ပြည်သူများဖြတ်သန်းခွင့် ပိတ်ပင်လိုက်သည်။
ဖါးကန့် ကချင်ကျောက်စိမ်းမှော်
ဇန်နဝါရီလ ၄ ရက် မွန်းလွှဲ ၁၂ နာရီကတည်းက ထိုလမ်းကြောင်းကို ပိတ်လိုက်ကြောင်း KIO အရာရှိများ ကချင်သတင်းဌာနသို့ပြောသည်။

အမည်မဖော်လိုသူ KIA တပ်မဟာ ၂ အရာရှိတစ်ဦးက “ဗမာစစ်ကြောင်းတွေဖားကန့်ထဲပို့နေတဲ့အတွက် ဖားကန့်လမ်းကို ယာယီပိတ်ထားဖို့ အမိန့်ထုတ်လိုက်တယ်။ အစိုးရတပ်ကို ခုခံတိုက်ခိုက်တဲ့နေရာမှာ ပြည်သူတွေကို မထိခိုက်စေချင်လို့ပါ။” ဟု ကချင်သတင်းဌာနသို့ပြောသည်။

ထိုလမ်း မပိတ်ခင် ၃ နာရီအလို KIA တပ်ရင်း ၆ နှင့် မြန်မာတပ်ကြား မအူပင်ကျေးရွာအနီး နွယ်ဒေါ့ တောင်အနီး တိုက်ပွဲဖြစ်ပွား နေသေးသည်ဟု ဒေသခံများပြောသည်။ တိုက်ပွဲတွင် မြန်မာတပ်သား ၃ ဦးကျဆုုံးသည်ဟု KIA အရာရှိများပြောသည်။

၁၇ ကြာ အပစ်အခတ်ရပ်ဆိုင်းကြပြီးနောက် ယခင်နှစ် ဇွန်လ တိုက်ပွဲဖြစ်ပွားချိန်မှ မြစ်ကြီးနား-ဖားကန့် လမ်းပိုင်း အများစုကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကထိန်းချုပ်ထား၍ ဖားကန့်ဒေသမှ အခွန် ပြန်ကောက် နေသည်။

အကယ်၍ မြန်မာအစိုးရတပ်က ထိုးစစ်ရပ်တံ့သွားပါက ထိုလမ်းဖွင့်ပေးရန် ဖြစ်နိုင်ကြောင်း တပ်မဟာ ၂ မှ KIA အရာရှိ နောက်တစ်ဦးပြောသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းထုတ်လုပ်သူဖြစ်ကာ ပြည်ပဝင်ငွေ၏ သုံးပုံတစ်ပုံသည် ကျောက်စိမ်းရောင်းချရငွေမှဖြစ်သည်။

Ref: Kachinnews.com

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection