Facebook အကြောင်း သိသမျှ

Facebook အကြောင်း သိသမျှ

ဖေ့စ်ဘွတ်ခ်(Facebook) လို့ခေါ်တဲ့ ပုဂ္ဂလိကပိုင် လူမှုကွန်ယက်တခုကို ၂၀ဝ၄ ခုနှစ် ဖေဖော်ဝါရီလမှာ အမေရိကန်နိုင်ငံသား Mark Zuckerberg ဆိုသူက တည်ထောင်ခဲ့တာဖြစ်ပါတယ်...ဗဟိုဌာနချုပ်ကတော့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ထဲမှာပါ...

လူမှုကွန်ယက်တွေထဲမှာဆိုရင် ဖေ့စ်ဘွတ်ခ် (Facebook)ဟာ လူအကြိုက်အများဆုံးဖြစ်ပါတယ်...

အစပိုင်းမှာ အင်တာနက်ဆာဗာ တခုတည်းသာ ရှိခဲ့ပြီး...အခုဆိုရင် နိုင်ငံတဝှမ်း ဆာဗာ(Server)တွေကို Host လုပ်ထားတဲ့ Data Centers တွေ များစွာရှိလာပါပြီ.... Data စင်တာ တခုစီမှာ Host လုပ်ထားတဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက် ဆာဗာ(Server)ပေါင်း ထောင်ပေါင်းများစွာရှိပြီး...အဲဒီကနေတဆင့် Fiber Optic Cable ကြိုးတွေသုံးပြီး ကမ္ဘာတဝှမ်းသို့ ချိတ်ဆက် ဆက်သွယ်ပေးတာ ဖြစ်ပါတယ်...

သုံးစွဲသူ အဖွဲ့ဝင်ဦးရေ သန်း(၅၀ဝ)ကျော်ရှိ လူမှုကွန်ယက်ကြီးတစ်ခုဖြစ်တဲ့ Facebook စာမျက်နှာတွေပေါ်မှာ လစဉ်လာရောက်ကြည့်ရှုတဲ့ စာမျက်နှာအရေအတွက်ပေါင်း (၆၉၀)ဘီလီယံကျော် ရှိတယ်လို့ ဆိုပါတယ်...

Data Center တွေမှာရှိတဲ့ အင်တာနက်ဆာဗာ(Server)တွေကလည်း အသုံးပြုသူတွေက နေ့စဉ် စက္ကန့်နဲ့အမျှ တင်နေတဲ့ ပို့စ်တွေ...ကွန်မန့်တွေကို ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေပေါ်မှာ မြန်နိုင်သမျှ မြန်မြန်ရောက်ရှိအောင် အချိန်တိုင်း Update လုပ်ပေးနေရပါတယ်...မိမိတို့ တင်လိုက်တဲ့ ပို့စ်တွေ...ကွန့်မန့်တွေဟာ အဲဒီဆာဗာ (Server)တွေကို အရင်ဖြတ်ပြီးမှ သက်ဆိုင်ရာ မိမိတို့ မိတ်ဆွေတွေ...သူငယ်ချင်းတွေဆီ ရောက်လာကြ တာပါ...

ဖေ့စ်ဘွတ်ခ် (Facebook) ပေါ်မှာ နေ့စဉ် သန်း(၁၀ဝ)လောက် တင်နေတဲ့ ဓါတ်ပုံတွေကိုလည်း ဆာဗာတွေ ပေါ်မှာ သိမ်းဆည်းသိုလှောင်နိုင်ဖို့အတွက် နေရာတော်တော်များများ လိုအပ်ပါတယ်....ကမ္ဘာတဝှမ်းဖေ့စ် ဘွတ်ခ် အသုံးပြုသူတွေဟာ သူတို့ရဲ့ ပို့စ်တွေ...သတင်းတွေ...ကွန့်မန့်တွေ...စသဖြင့် အချက်အလက်ပေါင်း (၃၀)ဘီလီယံကျော်ကို လစဉ် Sharing လုပ်နေကြပါတယ်...

Facebook Company အနေနဲ့ ဆာဗာ(Server)ထောင်ပေါင်းများစွာကို Host လုပ်ပေးထားတဲ့ Data Centers အရေအတွက် အနည်းဆုံး(၉)ခု ခန့်ကို အမေရိကန်နိုင်ငံမှာ ထိန်းချုပ်လည်ပတ်ရပါတယ်... ထုထည် အဆမတန်ကြီးမားတဲ့ နေ့စဉ်လုပ်ငန်းတွေကို လုပ်ဆောင်နေရတဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ကြီး.. အဆင်ပြေ ချောမွေ့စေရန်အတွက် ဖြစ်ပါတယ်....

ကမ္ဘာတဝှမ်း ဖေ့စ်ဘွတ်ခ်(Facebook)အသုံးပြုသူ (၇၀)ရာခိုင်နှုန်းဟာ အမေရိကန်ပြင်ပ နိုင်ငံတွေကဖြစ် ပါတယ်... ဒါပေမဲ့....Sever တွေကို Host လုပ်တဲ့ Data Center တွေကတာ့ အမေရိကန်နိုင်ငံကလွဲလို့ ပြင်ပနိုင်ငံတွေမှာ အခြေစိုက်ထားတာ မရှိပါဘူး...

ဖေ့စ်ဘွတ်ခ် Company အနေနဲ့လည်း ၎င်းတို့ ကိုယ်ပိုင် Data Center ကို ၂၀၁၁ ခုနှစ် ဧပြီလ ရောက်မှသာ Prineville, Oregon မှာ စတင် ဖွင့်လှစ်တည်ထောင်နိုင်ခဲ့တာ ဖြစ်ပါတယ်...

Prineville, Oregon ရှိ ဖေ့စ်ဘွတ်ခ် Data Center အသစ်....

ဖေ့စ်ဘွတ်ခ်ဆာဗာတွေကို ဒီလိုတည်ဆောက်ထားပါတယ်...

A Glimpse Inside a Facebook Server Farm

ဖေ့စ်ဘွတ်ခ်ဆာဗာ အနီးကပ်ပုံ...

အအေးပေးတဲ့စနစ်တွေ စွမ်းအင် Backup လုပ်တဲ့ စနစ်တွေလည်း ပါဝင်ပါတယ်...

ပြင်ပကမ္ဘာတွေနဲ့ ဆက်သွယ်လို့ရအောင် ဖေ့စ်ဘွတ်ခ်ဆာဗာတွေကို Fiber Optical Cable ကေဘယ်လ်ကြိုး တွေနဲ့ ဒီလိုဆက်သွယ်ထားပါတယ်...



ကိုးကား =>> Facebook, Datacenterknowledge

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection