နိုင်ငံရေး လုပ်ဖို့ဆိုတာ တော်ရုံစိတ်ဓာတ်နဲ့ မရဘူးလို့ပြောတဲ့ ဖြူဖြူကျော်သိန်း

နိုင်ငံရေး လုပ်ဖို့ဆိုတာ တော်ရုံစိတ်ဓာတ်နဲ့ မရဘူးလို့ပြောတဲ့ ဖြူဖြူကျော်သိန်း

ဖြူဖြူကျော်သိန်းက ဇန်နဝါရီလ ၈ရက်နေ့ က ပြုလုပ်တဲ့ 4 Flavours ရှိုးပွဲမှာ ဖျော်ဖြေ ခဲ့ပါတယ်။ ထွန်းအိန္ဒြာဗို၊တင်ဇာမော်၊ ချမ်းချမ်းတို့နဲ့အတူ ဖျော်ဖြေခဲ့တဲ့ ဖြူဖြူ ကျော်သိန်းက ဒီပွဲလေးကို တအား စိတ်ဝင်စား ကြောင်းလည်း ပြောပါတယ်။

4 Flavours Live-Show Plus three


ဖြူဖြူကျော်သိန်းက ပြည်ထောင်စုတိုင်း ရင်းသားများ ရန်ပုံငွေပွဲမှာလည်း ပါဝင် ဖျော်ဖြေဖို့ စီစဉ်ထားပေ မယ့် ဒီဇင်ဘာ ၃ဝ ရက်ကို ရွှေ့ဆိုင်းဖြစ် တာကြောင့် မပါဝင်ဖြစ်ခဲ့ပါ ဘူး။မပါဝင်ဖြစ် တာနဲ့ပတ်သက်ပြီး ဖြူဖြူကျော်သိန်းက ”အစက ၁၅ရက်နေ့မှာပါဖို့ စီစဉ် ထား ပြီးသားပါ။ ၃ဝရက်နေ့ ဖြစ်သွားတော့အစ်မ တို့ကလည်း လွန်ခဲ့တဲ့ ၂လလောက်ကတည်း က အဲဒီနေ့မှာ ပွဲလက်ခံထားတာဖြစ်နေတော့ မပါဖြစ်တာ။ ဒါပေမဲ့ အခွင့် အရေးကတော့ တစ်ချိန်မဟုတ် တစ်ချိန်လာမှာပါ။

ဒီပွဲမကြုံ ရလည်း နောက်ပွဲတွေကြုံမှာပါ။ ဒီပွဲလေးက လည်း ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေပွဲ ဖြစ်တယ်။ အစ်မစိတ်အဝင်စား ဆုံး အရေးတွေထဲမှာ ပညာရေးနဲ့ ကျန်းမာ ရေးပါတယ်။ အဲဒီနှစ်ခုက တိုင်းပြည် တိုးတက်မှုမှာ အဓိကကျတဲ့အရာလို့ မြင်တယ်။ အဲဒါ ကြောင့် ဒီတစ်ခေါက် မပါဝင်လိုက်နိုင်ပေမယ့်လည်း နောက် တစ်ခါဘယ်သူကပဲ လုပ်လုပ်ပါ။ အင်မတန် ရည်ရွယ်ချက်ကောင်းပြီး တကယ့်ကို စေတနာအရင်းခံနဲ့လုပ် တဲ့နေရာတွေဆို ပါဝင်ဖြစ်မှာပါ”လို့ ပြောပါတယ်။


အခုဆိုရင် နိုင်ငံရေးမှာလည်း အရင်ကထက် ပိုပြီးပွင့်လင်းလာပြီ ဖြစ်တာကြောင့်အနုပညာရဲ့ အခန်း ကဏ္ဍကကော နိုင်ငံရေးမှာဘယ်လောက် ထိရှိနေမလဲ ဆိုတော့ ဖြူဖြူကျော်သိန်းက”ဒါကတော့ တစ်ယောက် ချင်းစီရဲ့ ခံယူချက်ရော၊ ရှုမြင်သုံးသပ်တဲ့ အပေါ်မှာရော မူတည်ပါတယ်။အစ်မကတော့ နိုင်ငံ ရေးဆိုတဲ့ အရာဟာ အင်မတန် သိမ် မွေ့ နူးညံ့နက်ရှိုင်း ကြီးကျယ်တဲ့အရာ လို့ မြင်ပါတယ်။အစ်မကနိုင်ငံရဲ့အရေး ကို စိတ်ဝင်စားပါတယ်။ နိုင်ငံရေး ဆိုတာ နိုင်ငံရဲ့ ကျန်းမာရေး၊ ပညာရေး၊ တိုးတက်ရေး၊ ဖွံ့ဖြိုးရေးစသဖြင့် အရေး ပေါင်းမြောက်မြားစွာကို စိတ်ဝင်စားပါတယ်။ဒါပေမဲ့ နိုင်ငံရေးဆိုတာကို လုပ်ဖို့ ကျတော့ တော်ရုံ ခန္တီပါရမီနဲ့မရပါဘူး။ တော်ရုံစိတ်ဓာတ်နဲ့လည်း မရပါဘူး။ ကိုယ်လုပ်ပေးနိုင်တာကတော့ကိုယ့်နိုင်ငံရဲ့ အရေး တွေထဲက ဘယ်အရေးလေး ကိုများပါဝင်နိုင်မလဲ၊ ပါဝင်နိုင်တာတွေတော့ အစ်မပါဝင်တယ်”လို့ ပြောပါ တယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection