မျက်မှန်သဖွယ်တပ်ဆင်အသုံးပြုနိုင်သော ကွန်ပျူတာကို ဈေးကွက်သို့ဖြန့်ချိမည်

မျက်မှန်သဖွယ်တပ်ဆင်အသုံးပြုနိုင်သော ကွန်ပျူတာကို ဈေးကွက်သို့ဖြန့်ချိမည်  

ခေါက်ချိုးအသုံးပြုနိုင်သော ကီးဘုတ်၊ mainframe တစ်ခုနှင့် အလွန်သေးငယ်သော မော်နီတာ တို့ကို အသုံးပြု ကာထုတ်လုပ်ထား သော ကွန်ပျူ တာ ဒီဇိုင်းပုံစံ အသစ် တစ်မျိုး ကို တရုတ်နိုင်ငံ အနောက်တောင် ပိုင်းယူနန် ပြည်နယ် တွင် စတင်မိတ် ဆက်ခဲ့သည်။

အဆိုပါကွန် ပျူတာကိုတရုတ် နိုင်ငံယူနန်ပြည်နယ်ရှိ နည်းပညာ ကုမ္ပဏီတစ်ခုမှ ဖန်တီးထုတ်လုပ် ထားခြင်း ဖြစ်သည်။ ၎င်းကွန်ပျူ တာကို အသုံးပြုပုံမှာ ကွန်ပျူတာ ၏မျက်နှာပြင် (မော်နီတာ)ကို မြင်နိုင်ရန် အတွက် ၎င်းတို့ တီထွင် ဖန်တီးထားသော မျက်မှန်ကို တပ်ဆင်အသုံးပြုရမည်ဖြစ်သည်။ အဆိုပါ မျက်မှန်မှ မော်နီတာ၏ ပုံရိပ်ကိုမြင်နိုင်အောင် ပုံဖော်ပေး ထား သည်။ ထို့ပြင် မောက်စ်နှင့် ခေါက်ချိုး၍ အသုံးပြုနိုင် သော ကီးဘုတ်တစ်ခု တို့ ပါဝင်မည်။

အဆိုပါ ကွန်ပျူတာသည် တရုတ်နိုင်ငံတွင် ပထမဆုံး တီထွင် ထုတ်လုပ်ထား သောကွန်ပျူတာ အမျိုးအစား ဖြစ်ပြီး ယခုနှစ်မတ် လတွင် စတင်၍ ဖြန့်ချိရောင်းချ သွားမည်ဖြစ်သည်။

ပုံတွင်ဖော်ပြထားသည်တို့မှာ ဇန်နဝါရီ ၆ရက်တွင် အဆိုပါကွန် ပျူတာကိုဖန်တီးထုတ်လုပ်ခဲ့သည့် ကုမ္ပဏီမှ ၎င်းတို့ကွန်ပျူတာ၏ အသုံးပြုပုံနှင့်ဆက်စပ်ပါဝင်သည့် အစိတ်အပိုင်းများအား စမ်းသပ် ပြသနေခြင်းဖြစ်သည်။ 
( မင်းလတ် )
Ref: chinadaily.com

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection