ရွှေပြည်တံခွန် ကုမ္ပဏီမှ သတင်းစာ ရှင်းလင်းပွဲထပ်မံပြုလုပ်

ရွှေပြည်တံခွန် ကုမ္ပဏီမှ သတင်းစာ ရှင်းလင်းပွဲထပ်မံပြုလုပ် (ကျပ်၅၀ဝဝတန်ဖုန်း )

ကျပ်၅၀ဝဝ တန်ဖုန်းများ ရောင်းချနိုင်ရန်စီစဉ်ဆောင်ရွက် လျက်ရှိသည့်ရွှေပြည်တံခွန် ကုမ္ပဏီမှ သတင်းစာ ရှင်းလင်းပွဲတစ်ခု ကိုဇန်နဝါရီ ၃ဝရက် တွင်ကုန်သည် ကြီးများ ဟိုတယ်တွင်ထပ်မံပြုလုပ် ခဲ့ကြောင်းသိရသည်။ ရွှေပြည်တံခွန် ကုမ္ပဏီအနေ ဖြင့်မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရန်နိုင်စီစဉ်လျက် ရှိပြီးနိုင်ငံတော် သမ္မတရုံးသို့မူဝါဒ ပိုင်းဆိုင် ရာခွင့်ပြုမိန့်တင်ထား ပြီးလုပ်ငန်းပိုင်းဆိုင်ရာတွင်မြန်မာ့ ဆက်သွယ်ရေး ပူးပေါင်းဆောင်ရွက် နိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း သိရ သည်။

ယင်းအတွက်မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ခွင့်ပြုမိန့်ရရှိပါကကျပ် ၅၀ဝဝ တန် ဖုန်းများမကြာမီရောင်းချ ပေးနိုင် မည် ဖြစ်ကြောင်း ရွှေပြည် တံခွန်ကုမ္ပဏီ ဥက္ကဋ္ဌဦးလွင်နိုင်ဦး ကသတင်းစာရှင်းလင်းပွဲတွင်ထည့် သွင်းပြောကြားသွားသည်။ ''ခွင့်မိန့်ရရှိတာနဲ့ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီးကို ၆လ အတွင်းချပေးနိုင်ပါတယ်'' ဟုဦးလွင်နိုင် ဦးကပြောသည်။ ခွင့်ပြုမိန့် ရရှိနိုင်ရန်အတွက် အချိန်အားဖြင့် မည်မျှကြာမြင့်မည် ကိုမသိနိုင်ကြောင်း ယင်းကဆက် လက်ပြောကြားသည်။

ရွှေပြည်တံခွန် ကုမ္ပဏီမှ ဥက္ကဋ္ဌဦးလွင်နိုင်ဦး

မိုဘိုင်း တယ်လီဖုန်းတစ်လုံး ပြောဆိုနိုင်ရန်အတွက်မှာ မြေနေရာရှာဖွေခြင်း၊ ရေဒီယိုစခန်းများ တည်ဆောက် ခြင်း၊ အစရှိသည့်ဆက် သွယ်မှု ကွန်ရစ်များ စနစ်တကျ တည် ဆောက်မှုများ လိုအပ်မည်ဖြစ်ခြင်း ကြောင့်ဖြစ်နိုင် ခြေမရှိ ကြောင်းပြောကြားထားသော်လည်း ရွှေပြည်တံခွန်ကုမ္ပဏီမှ ယင်းတို့အနေဖြင့် အချိန်တိုအတွင်း ဆောင်ရွက်နိုင်သည့်နည်းပညာများ ရှိခြင်းကြောင့် ခွင့်ပြုချက်ရရှိပါက (၆)လအတွင်း ဆောင်ရွက်နိုင် ကြောင်း ယင်းက ဆက်လက်ပြောသည်။အဆိုပါ ကျပ်ငါးထောင်ဖုန်း များအတွက် ရွှေပြည်တံခွန်ကုမ္ပဏီသည် နည်းပညာ ပိုင်းဆိုင်ရာများကို မေရိကန် နည်းပညာရှင်များ၏ အကူအညီဖြင့် ဆောင်ရွက်မည်ဖြစ် ပြီး တာဝါတိုင် များ ထူထောင်ရာတွင် အထပ်မြင့် အဆောက်အအုံများ တွင်တပ်ဆင် မှုဖြင့် ဆက်သွယ်မှုရ ရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

 ရွှေပြည်တံခွန်ကုမ္ပဏီ အဖွဲ့ဝင်များ

''ကျတော်တို့ရဲ့ နည်းပညာအ ရ အချိန်တိုအတွင်းဖြစ်နိုင်ပါတယ်။ ခွင့်ပြုချက်ရပြီးတဲ့နောက်(၆)လဆို ရင်အသုံးပြု လို့ရပါတယ်။ဒါပေမယ့် ကျတော်တို့က သာမန်ပြည်သူတွေ ဖြစ်တဲ့အတွက် ဥပဒေရဲ့အောက်မှာ ပဲနည်းလမ်း အတိုင်းဆောင်ရွက် သွားမှာပါ'' ဟု ရွှေပြည်တံခွန် ကုမ္ပဏီ မှ စီမံကိန်း ဒါရိုက်တာ ဦးရဲထွဋ်ဝင်း ကပြောသည်။ ရွှေပြည်တံခွန် ကုမ္ပဏီအနေ ဖြင့် မှုလ ကတိပေးခဲ့ပြီးဖြစ်သည့်အတိုင်း လူတစ်ဦး(မှတ်ပုံတင်တစ်ခု) လျှင် ကျပ်၅၀ဝဝတန် SIM Card တစ်ခု နှုန်းဖြင့် မကြာမီကာလ အတွင်း ရောင်းချပေးနိုင်ရန် အတွက် နိုင်ငံတော်၏ မှုဝါဒနှင့်အညီအောင် မြင်သည်အထိ စီမံကြိုးပမ်း သွားမည် ဖြစ်ကြောင်း သိရသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection