Huawei Ascend P1 S အကြောင်း

Huawei Ascend P1 S အကြောင်း

Huawei ကအသစ်ထုတ်လုပ်လိုက်တဲ့ဖုန်း Huawei Ascend P1 S အကြောင်းကို မြန်မာ Mobile Application Store မှ User များအတွက် မိတ်ဆက် လိုက်ရပါတယ်။ ဒီဖုန်းဟာ အခုတစ်လောမှာ စမတ်ဖုန်း လောကကို ဂဟက်ရိုက်သွားစေခဲ့တဲ့ ဖုန်းလည်းဖြစ် ပါတယ်။ တရုတ်ကုမ္ပဏီကထုတ်လုပ်တဲ့ဖုန်းဆိုပေမယ့် ဖုန်းရဲ့ပါဝင်တဲ့ Hardware တွေနဲ့ Operating System ကိုကြည့်လိုက်တာနဲ့ Huawei Ascend P1 S ဖုန်းရဲ့ အဆင့်အတန်း ကိုလျှော့တွက်လို့မရမှန်းသိကြမှာပါ။ ဖုန်းရဲ့ အထူဟာ ၆.၆၈ မီလီမီတာ သာရှိတာကြောင့် ကမ္ဘာ့ အပါးလွှာဆုံး စမတ်ဖုန်းတစ်လုံးလို့ပြောကြရတဲ့အထိ နာမည်ကြီးနေတဲ့ဖုန်းတစ်လုံးပါ။ GSM ဖုန်းအမျိုးအစား ဖြစ်ပါတယ်။

ဖုန်းရဲ့ Processor ကို Dual-core 1.5 GHz Processor ကိုတပ်ဆင်ပေးထားပြီး RAM က 1GB ဖြစ်ပါတယ်။ နောက်ထပ်အခြားပြိုင်ဘက်ဖုန်းတွေကို တုန်လှုပ်စေတဲ့အချက်ကတော့ Huawei Ascend P1 S ဖုန်းရဲ့ Operating System ကို လက်ရှိ နာမည်ကြီးဖုန်းအနည်းငယ်မှာသာပါဝင်သေးတဲ့ Google ရဲ့နာမည်ကျော် Android Operating System ဖြစ်တဲ့ Android 4.0 Ice SandWich ကိုထည့်သွင်းပေး ထားခြင်းပဲ ဖြစ်ပါတယ်။ဖုန်းရဲ့ကင်မရာအနေနဲ့ 8 Mega Pixel ရှိတဲ့ကင်မရာကိုထည့်သွင်းပေးထားတာမို့ ကင်မရာပိုင်း ဆိုင်ရာမှာလည်း တော်တော်ကောင်းမွန်တယ်လို့ဆိုရမှာဖြစ်ပြီး Full HD video တွေကိုပါရိုက်ကူး နိုင်တယ် လို့ဆိုပါတယ် ။ရှေ့ကင်မရာအနေနဲ့ကတော့ 1.3 Mega Pixel ရှိတဲ့ကင်မရာကို တပ်ဆင်ပေးထား ပါတယ်။ HDMI Cable နဲ့ချိတ်ဆက်အသုံးပြုနိုင်တဲ့ feature ကိုလည်းထည့်သွင်းပေးထားပါတယ်။
ဖုန်းရဲ့ Storage အနေနဲ့ 4GB ပါဝင်ပြီး SD Card ကို 32 GB Storage ရှိတဲ့ SD Card အထိထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်မယ့်ကွန်ရက်တွေအနေနဲ့ Wifi,GPRS,EDGE စတဲ့အင်တာနက် စနစ် တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 3G Network တွေဖြစ်တဲ့ HSDPA, HSUPA စတဲ့ Network များနဲ့လည်းချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ GPS စနစ်ကိုလည်း အထောက်အပံပေး နိုင်တဲ့ဖုန်း တစ်လုံးဖြစ်ပါတယ်။

ဖုန်းရဲ့ နောက်ဘက် Cover ကိုတော့အရောင်ငါးမျိုးခန့်ရရှိနိုင်မှာဖြစ်ပါတယ်။
ခြုံငုံသုံးသပ်ရရင်တော့ Huawei Ascend P1 S


ဖုန်းဟာတော်တော်ကောင်းမွန်တဲ့ဖုန်းတစ်လုံးလို့ပြောရမှာဖြစ်ပြီး Huawei ကထုတ်ခဲ့တဲ့ဖုန်းတွေထဲမှာတော့ အကောင်းဆုံး Androidဖုန်းတစ်လုံးလို့ဆိုရမှာဖြစ်ပါတယ်။ ဒီဖုန်းကို Huawei က ဧပြီလထဲမှာစတင်ဖြန့်ချီ မယ်လို့သိရပါတယ်။ Android OS ကိုကြိုက်နှစ်သက်တဲ့ မိုဘိုင်းဖုန်းအသုံးပြုသူတွေအနေနဲ့ အဆင့်မြင့်မြင့် နည်းပညာတွေနဲ့Huawei Ascend P1 S ဖုန်းဟာ ကိုင်သင့်တဲ့ ဖုန်းတစ်လုံးဖြစ်ပြီး စမတ်ဖုန်းဈေးကွက်ထဲ ကိုထိုးဖောက်ဝင်ရောက်လာတော့မယ့်အကြောင်းကိုတင်ပြလိုက်ရပါတယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection