အစိုးရဌာနရှိ ၀န်ထမ်းများအား လစာများတွင် ငွေစက္ကူအကြွေများ တိုးမြှင့်ထည့်ပေးလျှက်ရှိ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အများပြည်သူများ လက်၀ယ်အသုံးပြုလျက်ရှိသည့် ဟောင်းနွမ်း၊ စုတ်ပြဲ ငွေစက္ကူများ လျော့နည်း ပပျောက်ရေးနှင့် ငွေစက္ကူအကြွေ အဆင်ပြေစေရန် ရည်ရွယ်ကာ ရန်ကုန်နှင့် မန္တလေးမြို့ပေါ် အစိုးရဌာနရှိ ၀န်ထမ်းများအား ၂၀၁၁ခုနှစ် မတ်လပိုင်းမှ စတင်ကာ ငွေစက္ကူအမျိုးအစား ၂၀ဝိ/-၊ ၁၀ဝိ/-၊ ၅ဝဝိ/-၊ တန်အသစ်များကို တစ်ဦးလျှင် (၂၀)ရွက်စီနှုန်းဖြင့် လစဉ် လစာထုတ်ပေးရာတွင် ထည့်သွင်းပေးလျက်ရှိရာ ၂၀၁၁ခုနှစ် ဇွန်လကုန်မှ စတင်ကာ ၀န်ထမ်းတစ်ဦးလျှင် (၂၀ဝိ/-)တန် တစ်အုပ်နှုန်းစီ ထည့်၍ ထုတ်ပေးခဲ့ကြောင်း သိရသည်။



