ရေကြီးသော်လည်း ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် မဖျက်

ရေကြီးသော်လည်း ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် မဖျက်

ပဲခူးမြို့နှင့် ခရိုင်မြို့နယ်များအတွင်း မိုးများပြီး ရေကြီးရေလျှံမှုများ ဖြစ်နေသော်လည်း ဒေါ်အောင်ဆန်း စုကြည်၏ ပဲခူးမြို့ခရီးစဉ်ကို ဖျက်သိမ်းမည်မဟုတ်ဟု သိရသည်။

ပဲခူးရေကြီးမှု မြင်ကွင်း
ယခုအခါ ပဲခူးမြစ်၊ ရွှေကျင်မြစ်နှင့် စစ်တောင်းမြစ် တို့သည် စိုးရိမ်ရေမှတ်နှင့် စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနေပြီး မြစ်တလျှောက်ရှိ ဒေသများတွင် ရေကြီးလျက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး နိုင်ငံရေး ခရီးစဉ်ဖြစ်သော သြဂုတ်လ ၁၄ ရက်နေ့ ပဲခူးမြို့ နေ့ချင်းပြန်ခရီးစဉ်တွင် ရွှေမော်ဓော စေတီတော်ကို ပထမဆုံး ဖူးမျှော်မည်ဟု သိရသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်၀င်း က “ရွှေမော်ဓောဘုရားဖူးပြီးရင် သာသနမဏ္ဍိုင် ပါဠိတက္ကသိုလ် ဆရာတော်ကို သင်္ကန်း၀င် ကပ်မယ်” ဟု ဧရာဝတီသို့ ပြောသည်။ ထို့နောက် သနပ်ပင်မြို့နယ်ရှိ NLD ပါတီ၀င်များ ကြီးမှူးဖွင့်လှစ်သည့် စာဖတ်ခန်းနှင့် အင်္ဂလိပ်စာ ပညာဒါနကျောင်းကို သွားရောက်ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ သနပ်ပင်မြို့နယ်မှအပြန် ပဲခူးမြို့တွင်လည်း နောက်ထပ် စာဖတ်ခန်းနှင့် အင်္ဂလိပ်စာ ပညာဒါနကျောင်းကို ဖွင့်လှစ်ပေးရန်ရှိပြီး ပဲခူး ခရိုင်အတွင်းရှိ လူငယ်ကွန်ရက်အဖွဲ့၀င်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်လက်ပြောသည်။ 

ယမန်နှစ် စက်တင်ဘာလက ပဲခူးရေကြီးမှု မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)

ရန်ကုန်မြို့မှ နံနက် ၆ နာရီခန့်တွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ညနေ ၄ နာရီခန့်တွင် ရန်ကုန်မြို့သို့ အရောက်ပြန်ရန် စီစဉ်ထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို ပါတီ၀င်များသာမက အာဏာ ပိုင်များဘက်ကလည်း အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်ပေးကြောင်းလည်း သိရှိရသည်။ပြီးခဲ့သည့် လအတွင်း က ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်သမား ဝန်ကြီးဌာနနှင့် လူမှု၀န်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာန ၀န်ကြီး ဦးအောင်ကြည်တို့ အစိုးရ ဧည့်ဂေဟာတွင် တွေဆုံ ဆွေးနွေးပြီးနောက် ယခုကဲ့သို့ ပဲခူးမြို့သို့ သွားရောက်မည် ခရီးစဉ်ထွက်ပေါ်လာခြင်း ဖြစ်သည်။ မကြာ သေးမီကလည်း သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေး ဒေါက်တာ နေဇင်လတ်က နေပြည်တော်တွင် ပြုလုပ်မည့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အလုပ်ရုံဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်အား လေ့လာသူ အဖြစ် ဖိတ်ကြားမည်ဟု သိရ ကြောင်း ပြောဆိုခဲ့သေးသည်။ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက်ပြီးနောက် သား ဖြစ်သူ ကိုထိန်လင်းနှင့် ပုဂံ-ညောင်ဦးဒေသသို့ သွားရောက်ခဲ့ပြီး ယခုအကြိမ် သည် ဒုတိယမြောက် ရန်ကုန် မြို့ပြင်ပ ခရီးစဉ်ဖြစ်သည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection