ထပ်စင်ပြန်ခေါ်ဖို့ ပရိယာယ်

ထပ်စင်ပြန်ခေါ်ဖို့ ပရိယာယ်


အခြေခံဥပဒေအပြောင်းအလဲ… ၁၉၉၇ ခုနှစ် အခြေခံဥပဒေမူထဲက အများစုကိုပဲ ပြန်လည် အသုံးပြုမှာ ဖြစ်လို့ အခြေ ခံဥပဒေမူကြမ်းရေးဆွဲရေးလွှတ်တော် ခေါ်ဖို့ မလိုပါဘူးလို့ ပြောရေးဆို ခွင့်ရှိသူ ဆုမ်ဆတ်က ပြောပါတယ်။ အောက်လွှတ် တော်ဥက္ကဋ္ဌ က အခြေခံဥပဒေပြင်ဆင်ဖို့ အတွက် အမြန်သွားနိုင်တဲ့ ချဉ်းကပ်မှုတခုကို အဆိုပြုလိုက်ပါတယ်။ ဒါကို အာ ဏာအလွဲ သုံးစားလုပ်မှုနဲ့ အပြစ်ပေးခံထားရတဲ့  ၀န်ကြီးးချုပ်ဟောင်းက ထောင်ဒဏ်ကျစရာ မလိုဘဲ ထိုင်းနိုင်ငံကို ထပ် စင် စောစောပြန်ရောက်နိုင်ဖို့ နည်းလမ်းရှာဖို့ရည်ရွယ်တဲ့ လုပ်ရပ်လို့ လူတွေက မြင်နေတယ်။ နောက် အပတ်လွှတ် တော်အစည်းအေ၀းမစခင် အစိုးရသစ် မူ၀ါဒလမ်း ညွှန်ချက်တွေကို ကြေညာဖို့ ပြင်ဆင်နေချိန်မှာ တနေ့က ဆုမ်ဆတ်ရဲ့ အဆိုပြုချက် ထွက်ပေါ်လာ တာ ဖြစ်ပါတယ်။

အရေးပေါ်ပြဋ္ဌာန်းထားတဲ့ မူ၀ါဒ ၁၆ ချက်ထဲက နောက်ဆုံးအချက်မှာ အစိုးရဟာ သူ့ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ စတင်မိတ်ဆက်ဖို့နဲ့မြန်မြန်ဆန်ဆန်ဆောင်ရွက်ဖို့ ကြိုးပမ်းအား ထုတ်မှု ရဲ့တစိတ်တဒေသအဖြစ် အခြေခံဥပဒေ ပြင်ဆင်ရေး အဆင်ပြေချောမွေ့စေဖို့ကို ကတိပေးထားပါတယ်။ စီမံကိန်းအရဆို တရားဥပဒေစိုးမိုးမှု အောက်မှာ ဒီမိုကရေစီ အာဏာကျင့် သုံးမှုကို မိတ်ဆက်ပေးတဲ့ အခြေခံဥပဒေသစ်တခု မူကြမ်းရေးဆွဲဖို့ အတွက် လွှတ်တော်ကို လွတ်လပ်တဲ့ အစိုးရ ဌာနတခု အဖြစ် ဖွဲ့စည်းရမယ်လို့ ဆိုပါတယ်။ အစိုးရအနေနဲ့လည်း ဒီမူကြမ်း ကို လက်ခံမလားဆိုတဲ့အပေါ် တ တိုင်းပြည်လုံးဆန္ဒခံယူပွဲလုပ်ဖို့ ကတိပေးထား ပါတယ်။ ဒါပေမဲ့ အခြေခံဥပဒေမူကြမ်းအပြည့်အစုံရေးဆွဲတဲ့ ရှည်ကြာတဲ့ ဖြစ်စဉ်နဲ့ သွားမယ့် အစား အစိုးရအနေနဲ့ ၂၀၀၆ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ဖျက်သိမ်းခဲ့တဲ့ ၁၉၉၇ ခုနှစ် အ ခြေခံဥပဒေနဲ့ လက်ရှိသုံးနေတဲ့အခြေခံဥပဒေတို့ကို ပေါင်းပြီး ပိုပြီးတို တဲ့လမ်းကြောင်းကို ရွေးသင့်တယ်လို့ ဆုမ်ဆတ်က အကြံပြုထားပါတယ်။

အာဏာမသိမ်းခင်က ရှိထားတဲ့အခြေခံဥပဒေထဲက ကျန်တဲ့အခန်းတွေနဲ့အတူ လက်ရှိသုံးနေတဲ့ အခြေခံ ဥပဒေထဲက အထွေထွေပြဋ္ဌာန်းချက်နဲ့ ဘုရင်ကြီးနဲ့ပတ်သက်တဲ့အခန်းစတဲ့ ပထမဆုံး အခန်း ၂ ခန်း ကိုပဲ ပြန်သုံးမှာဖြစ်တယ်လို့ သူ က ပြောပါတယ်။ အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လမ်းကိုပဲ လျှောက်လျှောက် အစိုးရအနေနဲ့ ထောင်ဒဏ်အကျမခံဘဲ ထပ်စင် ထိုင်းနိုင်ငံပြန်ဖို့ နိုင်ငံကူးလက်မှတ်ရဖို့ စီစဉ်တဲ့ပြောင်း အလဲတခုအဖြစ် မြင်နေတဲ့ ရှုတ်ချပုတ်ခတ်နေတဲ့သူတွေ ဆီက ဆိုးဆိုး၀ါး၀ါး တုန့်ပြန်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်။

လက်ရှိအခြေခံဥပဒေရဲ့နောက်ဆုံးပိုဒ်ဖြစ်တဲ့အသွင်းကူးပြောင်းရေးဆိုင်ရာပြဋ္ဌာန်းချက်ဖြစ်တဲ့ ပုဒ်မ ၃၀၉၊ မှာ “၂၀၀၆ ခု နှစ် အခြေခံဥပဒေတွင် ဥပဒေအရသော်လည်းကောင်း၊ အခြေခံဥပဒေ အရသော်လည်းကောင်း ကိုက်ညီသည်ဟု အသိ အမှတ်ပြုထားသည့် အက်ဥပဒေအားလုံးကို ဤအခြေခံဥပဒေအရသာ အခြေခံ ဥပဒေနှင့်ကိုက်ညီသည်ဟု ယူဆရ မည်။ ၄င်းတို့မှာ ဤအခြေခံ ဥပဒေ ထုတ်ပြန်ကြေညာခြင်း မပြုမီနှင့် ထုတ်ပြန်ကြေညာပြီးနောက်ပိုင်းကာလ ဆောင်ရွက်သည့် ယင်းနှင့်တွဲလျှက် အသေးဆုံး ဥပဒေများပါ အကျုံး၀င်သည်” ဟု ဖော်ပြထားပါတယ်။

ဥပဒေရေးရာ ကျွမ်းကျင်သူတွေအဆိုအရ ဒီပြဋ္ဌာန်းချက်တွေဟာ ၂၀၀၆ ခုနှစ် အာဏာသိမ်းပြီး နောက် ပေါ်ပေါက်လာတဲ့ ဥပဒေရေးရာ ဆောင်ရွက်မှုတွေလိုပဲ ထပ်စင်နဲ့သူ့အစိုးရအဖွဲ့ကို ဆန့်ကျင်တဲ့ သူတို့လုပ်ရပ် တွေနဲ့ဆိုင်တဲ့ အာဏာသိမ်း သူတွေကို ကာကွယ်ဖို့ ရည်ရွယ်တာ။ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် အာဏာသိမ်း စစ်အုပ်စုရဲ့ အမိန့်တွေနဲ့လုပ်ဆောင်မှု တွေကို အတည်ပြု ထားတဲ့ ပုဒ်မ ၃၀၉ ကို  ၀န်ကြီးချုပ်ဟောင်း ထပ်စင်ကို တရားစွဲဆို၊ ပြစ်ဒဏ်စီရင်ဖို့အတွက် ဥပဒေ အုတ်မြစ်တခုအနေနဲ့ ယူဆထားပြီး ဒါကို ဖယ်ရှားဖို့ဆိုတဲ့ ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်နဲ့ အခြေခံဥပဒေကို ပြန်လည် ရေးဆွဲဖို့ အာဏာရပါတီက တွန်းအားပေးနေတယ်လို့ လူအများက ယူဆနေပါတယ်။

၂၀၀၈ တုန်းက ဗဟိုတရားရုံးချုပ်ရဲ့ နိုင်ငံရေးရာထူးယူထားသူများဆိုင်ရာ ရာဇ၀တ်မှုဌာနက ဈေးကွက် ပေါက်ဈေး ထက် နည်းတဲ့ ဈေးနှုန်းနဲ့ ဘန်ကောက်၊ ရတ်ချာဒါဖီဆက်ဒေသက နိုင်ငံတော်ပိုင် မြေကွက်တွေကို သူ့ဇနီးဟောင် ဖို့ ကျမန်း ၀ယ်ယူခဲ့တဲ့ အမှုအပါအ၀င် အာဏာ အလွဲသုံးစားလုပ်မှုနဲ့ ထောင်ဒဏ် ၂ နှစ်ချ ထားတာကို ရှောင်တိမ်းနေမှုနဲ့ ထပ်စင်အ ပေါ် ပြစ်ဒဏ် စီရင်ထားပါတယ်။ ဒီအမှုကို အာဏာသိမ်းပြီး နောက်မှ အက်ဆက်(assets) ပိုင်ခွင့်စစ်ဆေးရေး ကော်မတီ က စုံစမ်းစစ်ဆေးပြီး တရားရုံးမှာ စွဲဆိုခဲ့တာပါ။ ထပ်စင်ကို ဥပဒေပြဿနာတွေကို လွတ်မြောက်အောင် အကူအညီပေးဖို့ ရည်ရွယ်တဲ့ အခြေခံဥပဒေ ပြင်ဆင်ချက်တိုင်းကို တက်တက် ကြွကြွ ဆန့်ကျင်လှုပ်ရှားနေကြတဲ့ ရှပ်၀ါတွေရဲ့ ပြည်သူ့ ဒီမို ကရေစီ မဟာမိတ်အဖွဲ့ကတော့ အခြေခံဥပဒေအပြောင်းအလဲကို စီမံထားတဲ့အတိုင်း ဆက်လုပ်သွား မယ်ဆိုရင် လမ်းပေါ် ဆန္ဒ ထွက်ပြတဲ့အုပ်စုတွေထဲမှာ ပထမဆုံးအုပ်စု ဖြစ်ဖို့များမှာပါ။

ပြည်သူ့ဆန္ဒခံယူပွဲလုပ်စရာမလိုတဲ့ သူတင်ပြတဲ့ မြန်ဆန်တဲ့ချဉ်းကပ်မှုလမ်းကြောင်းကို ၃လ အတွင်း ပြီးအောင် လုပ်နိုင် တယ်။ လို့ အာဏာရ ဖွေ့ထိုင်းပါတီက ဆုမ်ဆတ်က တနေ့က ပြောပါတယ်။ “အခြေခံ ဥပဒေ ပြင်ဆင်ဖို့ အမြန်ဆုံး နည်းလမ်းတွေ ရှိတယ်။ တခုလုံးကို ၃လ အတွင်း ပြီးအောင်လုပ်နိုင်တယ်။ ဆန္ဒခံယူပွဲလုပ်မယ်ဆိုရင်တော့ နောက်ထပ် ၂လ ထပ်ကြာနိုင်တယ်” လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ အာဏာရပါတီက အချိန်ကြာတဲ့နည်းကို ရွေးမယ်ဆိုရင်တော့ အောက်လွှတ်တော်က အခြေအတင် ၂ ကြိမ် ပြောဆိုဆွေးနွေးရမှာ ဖြစ်တယ်။ လို့ သူက ထပ်ပြောပါတယ်။ ပထမ တကြိမ်က အခြေခံဥပဒေ မူကြမ်းရေးဆွဲရေး လွှတ် တော်ကျင်းပဖို့အတွက် လမ်းဖွင့်ပေးတဲ့ ပုဒ်မ ၂၉၁ ကို ပြင်ဖို့နဲ့ နောက်တကြိမ်က လွှတ်တော်ရဲ့ပြင်ဆင်ချက်မူကြမ်းတွေ အပေါ်စဉ်းစားဖို့ ဖြစ်ပါတယ်။ နောက်ရွေးလမ်းတခုကတော့ ဘုရင်နဲ့ပတ်သက်တဲ့ပြဋ္ဌာန်းချက် အပါအ၀င် အခြေခံဥ ပဒေရဲ့ ပထမဆုံးအခန်း ၂ ခုကို ပြန်လည်အသုံးပြုပြီး အောက်လွှတ်တော်က အခြေခံ ဥပဒေရေးဆွဲရေး လွှတ်တော် ခေါ် တာကို ရပ်ပစ်ဖို့နဲ့ ပထမဆုံး အခန်း ၂ ခုထဲ မှာပါတဲ့ ပုဒ်မတွေကလွဲလို့ ရပ်ဆိုင်းထားတဲ့ ၁၉၉၇ခုနှစ် အခြေခံဥပဒေ ထဲက ပြဋ္ဌာန်းချက်အကုန်လုံး ပြန်လည်အသက်၀င်ရေး တို့ပဲ ဖြစ်တယ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။ အဲဒီ အခါမှာ ပြင်ဆင် ထားတဲ့အခြေခံဥပဒေဟာ မူလ အခန်း ၂ ခန်းမှာပါတဲ့ပြဋ္ဌာန်းချက်မူရင်းအပြင် ဖျက်သိမ်းလိုက်တဲ့ အ ခြေခံဥပဒေထဲက ကျန်တဲ့ပြဋ္ဌာန်းချက်တွေနဲ့ လက်ရှိအခြေခံဥပဒေကို ပေါင်းစပ်ပြီးသားဖြစ်လာမှာပါလို့ သူက ပြောပါ တယ်။

ညွန်ပေါင်း ချာ့တ်ထိုင်းပတ္ထနာပါတီ ရဲ့ အကြံပေးချုပ်ဖြစ်တဲ့ ဘန်ဟန်းဆီလာပါအာချာ က အခြေခံဥပဒေ ပြင်ဆင်တဲ့ အစိုးရရဲ့မူ၀ါဒကို တနေ့က ထောက်ခံပြောဆိုလိုက်ပါတယ်။ ပြင်ဆင် ချက်တွေက အခြေခံဥပဒေ ပိုကောင်းရေးနဲ့ တရား မျှတတယ်ဆိုရင် အစိုးရအနေနဲ့ ဘယ် အတိုက်အခံကိုမှ ကြောက်နေစရာမလိုပါဘူးလို့ သူက ပြောဆိုပါတယ်။

Credit : http://www.naytthit.net/?p=17217

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection