ဝင်ငွေခွန်လျှော့ပေမယ့် ဒေါ်လာဈေးကြောင့် မပျော်နိုင်

ဝင်ငွေခွန်လျှော့ပေမယ့် ဒေါ်လာဈေးကြောင့် မပျော်နိုင်

ပြည်တွင်း၊ ပြည်ပမှ မြန်မာ နိုင်ငံ သားများ ပေးဆောင် ရမည့် ဝင်ငွေ ခွန်ကို ၁၀ ရာခိုင်နှုန်းမှ ၂ရာခိုင် နှုန်းသို့ ပြောင်းလဲ လိုက်သော်လည်း စံချိန်တင် ကျဆင်း လာသည့် အမေရိကန် ဒေါ်လာ ဈေးကြောင့် အခွန် ဆောင်သူများ ပြည့်ဝစွာ မပျော် နိုင်ကြောင်း ဆိုကြသည်။ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီး ဌာနက သြဂုတ်လ ၁၉ရက်နေ့မှ လာမည့်နှစ် ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ အထိ ခြောက်လတာ ဝင်ငွေ၏ ၂ ရာခိုင် နှုန်းသာ ပေးဆောင်ရန် ဝင်ငွေခွန် ကောက်ခံမှုကို လျှော့ပေါ့ ပေးကြောင်း ကြာသပတေး နေ့က ထုတ်ပြန်ခဲ့ သည်။
သို့သော် သြဂုတ်လ ၁၉ ရက် နေ့တွင် အမေရိကန် တဒေါ် လာလျှင် မြန်မာ ကျပ်ငွေ ၇၂ဝ ခန့်၊ အက်ဖ်အီးစီ တယူနစ်ကို ၆၈ဝကျပ်နှင့် စင်ကာ ပူဒေါ်လာ တယူနစ်ကို ၅၉၆ကျပ် ကျဆင်း နေခြင်း ကြောင့် နိုင်ငံခြား ငွေဖြင့် လစာ ရရှိ သည့်မြန်မာ များအကြား ငွေကြေး လဲလှယ်မှု ကွဟ ချက်က အခက် တခုဖြစ် နေကြောင်း ဆိုကြသည်။“ ငွေလဲလှယ်ဈေးတွေက အရမ်းကျ လာတယ်။ ပထမတော့ အခွန်တွေ လျော့ပြီဆိုပြီး ပျော်နေတာ။ ပြန်တွက်ကြည့်တော့ ၁ဝရာခိုင်နှုန်း ဆောင်ရတာထက်ကို လစာ ပိုနည်း နေပြီ” ဟု ပြည်တွင်းရှိ နည်းပညာ ဆိုင်ရာ ကုမ္ပဏီ တစ်ခုမှ နိုင်ငံခြား ငွေဖြင့် လစာရသည့် ဝန်ထမ်း တစ်ဦး က ပြောသည်။

ပြည်တွင်းမှ နိုင်ငံခြားငွေဖြင့် လစာရသူများ သာမက ပြည်ပတွင် အလုပ်လုပ်နေသည့် သူများ အတွက် လည်းငွေဈေး ကျမှုက အခက် တခုဟု စင်္ကာပူတွင် အလုပ်လုပ် နေသည့် အိုင်တီ ပညာရှင်အဖြစ် အလုပ်လုပ် နေသည့် မြန်မာ နိုင်ငံသား တဦးက ဆိုသည်။“ ဝင်ငွေရဲ့ ၁ဝ ရာခိုင်နှုန်းကို ပေးရတယ်။ အခွန်မဆောင်ရင် ပတ်စ်ပို့ သက်တမ်း တိုးလို့ မရဘူး။ အခု ၂ ရာခိုင်နှုန်း ဆိုတော့ ဘာပဲ ပြောပြော ကောင်းပါတယ်။ ငွေဈေးတွေ ကျသွား တာကတော့ လူတိုင်း ကြုံရတဲ့ အခက် အခဲပဲ” ဟု သူကဆ ိုသည်။ယခုကဲ့သို့ အခွန်လျော့ ပေးခြင်းသည် မှန်ကန်သည့် နည်းလမ်းတခု မဟုတ်ဘဲ ငွေလဲနှုန်း ပြုပြင်ရန် လိုကြောင်းလည်း ရန်ကုန် အခြေစိုက် မြန်မာ့အရေး လေ့လာသူတဦးက သုံးသပ်သည်။“ရေရှည်အတွက် ငွေလဲနှုန်းတွေ ပြင်ဖို့ မြန်မြန် လုပ်သင့်တယ်။ အခုလို အခွန်ချပေးတာက ကုစားနည်း ကောင်းတစ်ခု တော့ မဟုတ်ဘူး” ဟု သူက ဆိုသည်။ လာမည့် အောက်တိုဘာတွင် မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့မှ ပညာရှင်များ လာရောက် ကာ ငွေလဲနှုန်းများကို ပြုပြင်ရန် ဆောင်ရွက်မည်ဟု သတင်းများ ထွက်ခဲ့သေးသည်။ လက်ရှိ အစိုးရ၏ တရားဝင်ငွေလဲနှုန်း မှာ အမေရိကန် တဒေါ်လာကို မြန်မာငွေ ခြောက်ကျပ်မျှသာ ဖြစ်သည်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ၂ဝဝ၆ ခုနှစ် မေလ ၅ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁၂၄/၂ဝဝ၆ ၏ အပိုဒ်၂၊ အပိုဒ်ခွဲ (ခ)နှင့် အပိုဒ်၃ တို့တွင် ထုတ်ပြန် ပြဋ္ဌာန်းချက်များအရ ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်ပနေနိုင်ငံသားများက နိုင်ငံခြားငွေဖြင့် ရရှိသည့် လစာ ခေါင်းစဉ်မှ ဝင်ငွေ စုစုပေါင်း၏ ၁၀ရာခိုင်နှုန်းကို အခွန်အဖြစ်ပေးဆောင်ရန် သတ်မှတ်ခဲ့သော်လည်း၊ ဝင်ငွေ၏ ၂ ခိုင်နှုန်းသာ ပေးဆောင်ရန် ယခုလ ၁၈ ရက်နေ့တွင် ပြောင်းလဲ သတ်မှတ်လိုက်သည်ဟု အစိုးရပြန်တမ်းတွင် ဖော်ပြထားသည်။ဝင်ငွေ၏ ၂ ရာခိုင်နှုန်းကိုသာ အခွန်အဖြစ်ပေးဆောင်ရန် သတ်မှတ်ချက်မှာ သြဂုတ်လ ၁၉ ရက်နေ့မှ ၂ဝ၁၂ ခုနှစ် ဖေဖေါ်ဝါရီ ၁၈ ရက်နေ့အထိ ၆ လသာ အကျိုးသက်ရောက်မှု ရှိမည် ဖြစ်သည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection