ရန်ကုန်တွင် ပထမဆုံးကျင်းပမည့် Developer Conference
ယနေ့ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်း အနေဖြင့် ပထမဦးဆုံးအကြိမ် Developer Conference ကို ကျင်းပ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သြဂုတ်လ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပပြု လုပ် မည်ဖြစ်သော အဆိုပါ Conference တွင် ပညာရှင် ၃၀ ကျော် တက်ရောက်ဆွေးနွေး ပြောကြားမည် ဖြစ်ကြောင်း သိရသည်။
“ဘားကမ့်ပွဲလိုမျိုး ပွဲတစ်ခုပါ။ အထူးဖိတ်ကြားထား တဲ့ ဧည့်သည် တော်တွေလည်း တက်ရောက် လာကြဦး မှာဖြစ်ပါတယ်” ဟု ကွန်ပျူတာပညာရှင်အသင်းမှ တာ၀န်ရှိသူ တစ်ဦးကပြောသည်။ မြန်မာအင်ဖိုတက်ခ်တွင် ကျင်းပမည်ဖြစ်သော Developer Conference သို့တက်ရောက်လိုပါက www.devconmyanmar.org တွင် ၀င်ရောက်စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း တက်ရောက်ရန်အတွက် တစ်ဦးလျှင်ငွေကျပ် သုံးထောင် သတ်မှတ်ထားပြီး လက်ဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ်သွား မည်ဖြစ် ကြောင်း သိရသည်။
ဒီမှာ Download Schedule ကြည့်နိုင်ပါသည်။