အမျိုးသမီးငယ် တစ်ဦး အုပ်စုလိုက် မုဒိမ်းပြုကျင့်ခံရ

စစ်တကောင်းတောင်တန်းနယ်တွင် ဗုဒ္ဓဘာသာ အမျိုးသမီးငယ် တစ်ဦး အုပ်စုလိုက် မုဒိမ်းပြု ကျင့်ခံရ

ဘင်္ဂလားဒေ့ချ်နိုင်ငံ စစ်တကောင်းတောင်တန်းနယ်တွင် ရခိုင်မျိုးနွယ်စု၀င် ဗုဒ္ဓဘာသာ မာရ်မာ အမျိုးသမီး ငယ် တစ်ဦး အုပ်စုလိုက် မုဒိမ်းပြုကျင့်ခံရကြောင်း သတင်း ရရှိသည်။

အဆိုပါ အမျိုးသမီးငယ်မှာ လွန်ခဲ့သော ဗုဒ္ဓဟူးနေ့ ညနေပိုင်းက အနီးအနားရှိ ကျေးရွာ တစ်ခုကို သွားရောက် စဉ် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်းကို ခံရခြင်း ဖြစ်သည်။
အခင်း ဖြစ်ပွားရာ ဒေသ မာတိန်ရန်ဂ ရဲစခန်းမှာ တာ၀န်ရှိသူ ရဲစခန်းမှူး မီဇာနုရ် ရာဟာမန် ( Mizanur Rahman) က အဆိုပါ အမျိုးသမီးငယ်မှာ သူမ၏ သူငယ်ချင်း ဖြစ်သူ Shankar Chandra Shil နှင့် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ရိန်းချမ်း ဂျာနာ ပတ်၀န်းကျင်သို့ သွားရောက်စဉ် အဆိုပါ အမျိုးသား မှ လမ်းမှ စောင့် နေသူ တခြား အဖေါ် နှစ်ဦးနှင့် အတူ အဆိုပါ အမျိုးသမီးငယ်အား တောထဲ ဆွဲခေါ် ပြီး မုဒိမ်းပြုကျင့်ခဲ့ကြောင်း ပြောကြားသည်။

သူမအား မုဒိမ်းပြုကျင့်စဉ် အော်ဟစ် အကူ အညီတောင်းခံ သဖြင့် အနီးပတ်၀န်းကျင်မှ လူများ လိုက်လာပြီး အဆိုပါနေရာတွင် Shankar ကို လက်ပူး လက်ကြပ် ဖမ်းမိပြီး နောက် (၂) ဦးမှာ လွှတ်မြောက် သွားခဲ့သည်။

ယခုအခါ အမျိုးသမီးငယ်အား ခါဆိုရီမြို့ ဆေးရုံတွင် ဆေးစစ်နေပြီး မုဒိမ်းကျင့်ရာ ပါ၀င်သူဟု စွပ်စွဲခံရသူ Shankar ကိုမူ ဖမ်းဆီးထားသည်။

မုဒိမ်းကျင့်ခံရသူ အမျိုးသမီးငယ်မှာ အသက် ၁၄၊ ၁၅ နှစ်အရွယ်ရှိပြီး ခါကာဆိုရီ ( ဖလံထောင်) ခရိုင် မာနီချရီမြို့နယ် ဟာတီမူရ နေရာမှ ဦးသိန်းကြာလှ သမီး ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော ဇူလိုင်လ (၃၀) ရက်နေ့ကလည်း မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ကပ်နေသည့် စစ်တကောင်း တောင်တန်းနယ် တောင်ပိုင်း လမားမြို့နယ်တွင် ရခိုင်မျိုးနွယ်စု၀င် မာရမာ အမျိုး သမီးငယ် တစ်ဦးကို ဒေသခံ ဘင်္ဂလီ တစ်ဦးက မုဒိမ်းကျင့်ရန် ကြိုးစားစဉ် သူမ၏ အဖိုးတော်သူ ၆၅ နှစ်အရွယ် လူကြီး တစ်ဦး၊ အသက် ၃၅ နှစ်ရှိ သူမမိခင်နှင့် အသက် ၅ နှစ်အရွယ် သူမ မောင်ငယ်တို့ကို သတ်ဖြတ် ပစ်ခဲ့သည်။

ယခုကဲ့သို့ ပြဿနာများ ရက်ဆက်ဆိုသလို ဖြစ်ပွားနေသဖြင့် ဘင်္ဂလားဒေ့ချ်နိုင်ငံရှိ တောင်တန်းနယ် တိုင်းရင်းသား ဗုဒ္ဓဘာသာ၀င် လူနည်းစုတို့၏ ဘ၀လုံခြုံရေးမှာ အလွန်တရာ စိုးရိမ်စရာ အခြေအနေသို့ ဆိုက်ရောက်နေကြောင်း ဒေသခံ ဆရာတော် တပါးက ပြောသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection