ရေကြီး မြောက်ဦး လယ်ပြန်စိုက်ရန် မျိုးစပါး အခက်ကြုံ

ရေကြီး မြောက်ဦး လယ်ပြန်စိုက်ရန် မျိုးစပါး အခက်ကြုံ

မိုးကြီး ရေနစ်ခဲ့၍ စပါးစိုက်ခင်း ဧကပေါင်း မြောက်များစွာ ပျက်စီးခဲ့ရသော ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ် မှ လယ်သမားများမှာ လယ်များကို ပြန်လည် စိုက်ပျိုးရန် အတွက် မျိုးစပါး မရှိသဖြင့် အခက်အခဲ ဖြစ်နေကြ ရသည်ဟု သတင်း ရရှိသည်။

မျိုးစပါး အခက်အခဲ ရှိနေကြောင်းကို မြောက်ဦး ဒေသခံ လယ်သမား တစ်ဦးက ယခုကဲ့သို့ နိရဉ္စရာကို ပြောသည်။
ရေနစ်မြုပ်ခဲ့သဖြင့် စပါးပြန် မစိုက်ပျိုးနိုင်ဘဲ ဖြစ်နေသော ရခိုင်မှ လယ်ကွင်းများ

"အခုလောလောဆယ် ရွှံ့နွံတွေ နစ်သွားတဲ့ လယ်တွေ ပြန်လုပ်ဖို့ အခက်အခဲ ဖြစ်နေပါတယ်။ ရာသီဥတု ကလည်း မိုးရွာလိုက် ပြတ်လိုက် ဖြစ်နေပါတယ်။ မြောက်ဦးမြို့နယ် တခုလုံးမှာ ဆိုရင် လယ်ဧက ၇၀ ရာခိုင်နှုန်း ပျက်စီး သွားပါတယ်။ အခု လောလောဆယ် မျိုးစပါး အခက်အခဲ ရှိနေပါတယ်။ ယူအန်ဒီပီကတော့ စပါးတောင်း ၁၀၀ လိုတဲ့ သူတွေကို ၅၀ တောင်း ထောက်ပံ့မယ် လို့ကြားရပါတယ်။ ရတော့ မရသေးပါဘူး" ဟု ပြောသည်။

အထူးသဖြင့် မြောက်ဦးမြို့နယ် နဂူမေရွာ၊ ဇင်းခံချေရွာ၊ အုံးကျွန်းရွာ၊ သျှင်ကျော်ရွာ၊ စင်းပွန်းကိုင်းရွာ၊ လေညှင်းတောင်နှင့် မြက်ရိတ်ကျွန်းရွာများမှ လယ်သမားများမှာ မျိုးစပါးကြောင်း ပိုမို အခက်တွေ့ နေရ သည်ဟု သိရသည်။

ငွေကြေး တတ်နိုင်သည့် လယ်သမားတချို့မှ အပ အများစုလယ်သမားများမှာ ပျက်စီးသွားသော လယ်များကို ပြန်လည် မစိုက်ပျိုးနိုင်သေးဘဲ ဖြစ်ကြောင်း သိရသည်။

တခြား လယ်သမား တစ်ဦးကလည်း "ကျွန်တော်မှာ လယ် ၆ ချိုင်း လုပ်ပါတယ်။ ရေက လေးငါးရက် နစ်မြုပ် နေခဲ့ အတွက ်ပျိုးထားတဲ့ စပါး တွေလည်း တပင် မှ မပေါက်လိုက်ဘူး။ အကုန်လုံး သေကုန် တယ်။ ပြန်ပြီး စိုက်ဖို့လည်း အချိန်က နောက်ကျနေပြီ ဆိုတော့ သိပ်မလွယ်တော့ဘူး။ တချို့ လယ်သမားတွေမှာ ကိုယ့်အတိုင်း တာနဲ့ ကိုယ်ချိန်ပြီး စိုက်ပျိုး ထားတဲ့ စပါးတွေ သေသွားတော့ ပြန်စိုက်ပျိုးဖို့ မလွယ်တော့ဘူး။ ကျွန်တော့် မှာဆိုရင် သိန်း ၂၀ လောက် ဆုံးရှုံးတယ်။ သူရင်းဌား အလုပ်သမားတွေကိုတောင် လုပ်အားခ မပေးနိုင်သေးဘူး။" ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ရေလွှမ်းမိုးခံခဲ့ရသည့် မြို့နယ်များကို မကြာသေးမီးက သမ္မတ ဦးသိန်းစိန် သွားရောက် ကြည့်ရှု့ ခဲ့သော်လည်း မြောက်ဦးမြို့နယ် အတွက် ထောက်ပံ့မည့် အစီစဉ် မပါရှိဟု ပြောကြားခဲ့ကြောင်း အဆိုပါ မြောက်ဦးမြို့ခံက ယခုကဲ့သို့ပြောသည်။

" ရေဘေး အကူအညီက မြောက်ဦးမြို့တွက် မပါဘူးလို့ သူတို့က ပြောတယ်။ တခြားနေရာနဲ့ တိုင်းတာရင် မြောက်ဦးမြို့နယ်က လောလောဆယ် အရေး ကြီးတဲ့နေရာ မှာ မပါဘူးတဲ့။ ဘာကြောင့် ဒီလို ပြောတယ် ဆိုတာ တိတိကျကျ မသိဘူး။ ဒီမှာ ပြောနေ ကြတာကတော့ ဘုရားကိစ္စလည်း တခုရှိတော့ သူတို့ အာဏာပိုင်တွေက မြောက်ဦးမှ လူတွေကို သိပ်ကျေနပ်ပုံ မပေါ်ဘူး ။ သူတို့ ဒီကိစ္စ အပေါ်မှာ စိတ်ခုချင်ရင်လည်း ခုသွားနိုင်တယ်။ ဒါကြောင့် အကူအညီ မပေးတာ ဖြစ်နိုင်တယ်လို့ ပြောနေကြပါတယ်။"

လွန်ခဲ့သော နှစ်ပတ်ကျော်က မိုးဆက်တိုက် ရွာသွန်းခဲ့ပြီး ရေကြီးခဲ့သဖြင့် ဂွ၊ တောင်ကုတ်၊ သံတွဲ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ပေါက်တော မြို့နယ်များတွင် စပါးစိုက်ပျိုးထားသော လယ်မြေဧက တသိန်း နီးပါးခန့် ပျက်စီးသွားကြောင်း သိရှိရသည်။

နိရဉ္စရာသတင်းဌာန

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection