သမိုင်းဝင် စတီးဝဲ (Stilwell) လမ်းမကြီး ပြန်လည်ဖွင့်လှစ်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံက သဘောမတူ
သမိုင်းဝင် စတီးဝဲ (Stilwell) လမ်းမကြီး ပြန်လည်ဖွင့်လှစ်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံက သဘောမတူ ဖြစ်နေ ကြောင်း အိန္ဒိယနိုင်ငံ ပြည်ထောင်စု DoNER ဝန်ကြီး BK Handique က ယနေ့ ပြောကြားခဲ့သည်။“Stilwell လမ်းမကြီး ပြန်ဖွင့်ခဲ့ရင် အိန္ဒိယလူမျိုးတွေ အတွက် အကျိုးအများကြီး ဖြစ်ပါမယ်။ ကျွန်တော် ဒါကို ဖြစ်မြောက်ဖို့ ကြိုးစားနေ ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ မြန်မာအစိုးရက အချိန်မကျသေးဘူးလို့ မြင်နေပုံရတယ်။ သူတို့ အုပ်ချုပ်ရေး အကြောင်းပြချက်ပဲ ဖြစ်လောက် တယ်” ဟု ၎င်းကဆိုသည်။မြန်မာအစိုးရသည် အဆိုပါလမ်း ပြန်လည် ဖွင့်လှစ်ရေး အတွက် စိတ်မဝင်စားသည့် အကြောင်းမှာ အဆိုပါ လမ်းသည် ကချင်ပြည်နယ်ကို ဖြတ်သွားရာ၊ ကချင်သူ ပုန်များ ချုပ်ကိုင်ထားသော နေရာများ၊ အိန္ဒိယ နယ်မြေ အတွင်းတွင်လည်း ULFA နှင့် NSCN တို့ ကြီးစိုးသော နေရာများ ပါဝင် နေခြင်း ကြောင့် ဖြစ်မည် ဟု DoNER တာဝန်ရှိသူများက ပြောသည်။ဝန်ကြီးက ပြောကြားရာတွင် ၎င်းသည် တစ်ကြိမ်တစ်ခါက ထိုစဉ်က သမ္မတဖြစ်သူ APJ Abdul Kalam အား ထိုကိစ္စ တင်ပြခဲ့ရာ၊ လမ်းပြန် လည် ဖွင့်လှစ်နိုင်ရေး သံတမန်များ နှင့် ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့ဘူးကြောင်း ပြောသည်။စတီးဝဲလမ်းမကြီးအား ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်များကို ပြန်တိုက်ရန်နှင့် တရုတ်နိုင်ငံ ယူနန်သို့ လမ်းပေါက်ရန် ရည်ရွယ်ဖောက်လုပ် ခဲ့ခြင်း ဖြစ်ပြီး၊ ယခင်က လီဒိုလမ်းမကြီး ဟုခေါ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုလမ်းမကြီးသည် အရှေ့အာသံရှိ လီဒိုတွင် စတင်ခဲ့သောကြောင့် ဖြစ် သည်။
နောက်ပိုင်းတွင် မဟာမိတ်တပ်မှ အမေရိကန် ဗိုလ်ချုပ်ကြီး Joseph Stilwell အမည်သို့ ပြောင်းလဲခဲ့သည်။အဆိုပါ လမ်းမကြီးအား 1942 ခုနှစ်တွင် ဗိုလ်ချုပ်ကြီး Stilwell ၏ တိုက်ရိုက်ကြီးကြပ် ကွပ်ကဲမှုဖြင့် ပြန်လည် ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လမ်းမကြီးသည် မြန်မာနိုင်ငံရှိ အချို့လမ်းဟောင်းများနှင့် ဆက်ထားပြီး ကူမင်းအထိ ရှည်လျားသည်။ လမ်းမကြီး၏ (60) ကီလိုမီတာသည် အိန္ဒိယနိုင်ငံတွင် ရှိပြီး၊ ကီလိုမီတာ (1000) သည် မြန်မာနိုင်ငံတွင် ရှိကာ တရုတ်နိုင်ငံတွင် ကီလိုမီတာ (600) ရှိသည်။ သို့သော် ပြုပြင်ထိန်းသိမ်းမှု မရှိ ခြင်းကြောင့် လမ်းအစိတ်အပိုင်း အတော်များများ ပျောက်ကွယ်လျက်ရှိသည်။