ဒေါ်အောင်ဆန်းစုကြည် ပုဂံခရီးစဉ်

Daw Aung San Su Kyi @ Bagan

ဒေါ်စု အရှင်ဆန္ဒာဓိကကိုဖူး

ပုဂံသို့ ဘုရားဖူးရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယမြောက်နေ့ဖြစ်သည့် အင်္ဂါနေ့ ညနေပိုင်း တွင် နိုင်ငံကျော် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကနှင့် ၁ နာရီခန့်ကြာ တွေ့ဆုံဖူးမျှော်ခဲ့သည်။

သက်တော် ၄၃ နှစ်အရွယ်ရှိ အရှင်ဆန္ဒာဓိကသည် တိုက်ဆိုင် စွာ ဟိုတယ် တခုတည်းတွင် တည်းခိုနေသည့် ဒေါ်အောင် ဆန်းစုကြည်အား တွေ့ဆုံလိုသည်ဟု လုံခြုံရေးတာဝန် ယူပေးနေသည့် အဖွဲ့များက ပြောသည်။

“ဟိုတယ်မှာဆုံတာ အရှင်ဆန္ဒာဓိကကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အမေစု လို့ အသုံးအနှုန်းမျိုးနဲ့ ခေါ်ပြောတာတွေ အဲဒီလို အသုံးအနှုန်းတွေ သုံးတာ တွေ့တယ်။

ထူးထူးခြားခြားကြီး တွေ့ဆုံတာမျိုးတော့ မဟုတ်ပါဘူးဗျာ … ဆရာတော်က တွေ့ချင်တယ်ဆိုတာနဲ့ ဖူးဖြစ်သွားတာ” ဟု တာဝန်ဖြင့် လိုက်ပါသွားသူ တဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား မိန့်ကြားမှုများကို ကြားသိခွင့် မရခဲ့ဟု ဆိုသည်။

အရှင်ဆန္ဒာဓိကသည် ရေနံချောင်းဇာတိဖြစ်ပြီး တရားဟောခြင်းနှင့် ဓမ္မစာများ ရေးသားခြင်းတို့ကြောင့် နိုင်ငံအဝှမ်း လူသိများသည်။

 ပစ္စည်းလေးပါး ဒါယိကာမ အဖြစ် ခံယူ

ညနေ ၆ နာရီခွဲခန့်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ပုဂံမြို့သစ် ရပ်ကွက်ရှိ ဦးဘငြိမ်း ယွန်းထည်ဆိုင်သို့ သွား ရောက်ကာ ပုဂံအမှတ်တရ ယွန်းထည် ပစ္စည်းများ ဝယ်ယူ သည်။ ထိုမှတဆင့် Bagan House ယွန်းထည် အလုပ်ရုံသို့ သွားရောက် လေ့လာခဲ့ပြီး ယခုသတင်းပေး ပို့ချိန်တွင် တည်းခိုရိပ်သာသို့ ပြန်သွားပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဂံမြို့ သရပါ တံခါးအနီးရှိ ဝါးတော ကျောင်းတိုက်သို့ သွားရောက်ကာ ကျောင်းထိုင် ဆရာတော်ကို သင်္ကန်း ကပ်လှူခဲ့သေးသည်။ ထိုအပြင် ထိုကျောင်းတိုက်ရှိ ကိုရင်လေးပါးအား ပဉ္ဖင်း ဝတ်နိုင်သည့် အသက်အရွယ်အထိ ပစ္စည်းလေးပါး ဒါယိကာမ အဖြစ်ခံ ယူခဲ့သည်။
 
 ဒေါ်အောင်ဆန်းစုကြည်လက်မှတ် တောင်းခံကြစဉ်

 ပုဂံမြို့ သဗ္ဗုညုဘုရားတွင်
 ပုဂံမြို့ သဗ္ဗုညုဘုရားတွင် ဘုရားဖူးမျှော်
 ပုဂံမြို့ သဗ္ဗုညုဘုရားတွင်

ပုပ္ပားတောင် နောက်ခံနှင့် အတူ တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်

ပုဂံမြို့ အာနန္ဒာဘုရားတွင် ဘုရားဝတ်ပြု











အသေးစိတ်ဖတ်ချင် ကြည်ချင်ရင် မူရင်းဆိုဒ်သို့ သွားကြည့်ပါ။
ဒေါ်အောင်ဆန်းစုကြည် ပုဂံခရီးစဉ် တိုက်ရိုက်တင်ဆက်မှု တတိယနေ့ 

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection