တောင်ဥက္ကလာပ အိမ် ၃ လုံး မီးလောင်

တောင်ဥက္ကလာပ အိမ် ၃ လုံး မီးလောင်

 ရန်ကုန် (မဇ္စျိမ) ။        ။ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ၅ ရပ်ကွက်၊ စစ်ကိုင်း ၂၉ လမ်းရှိ နေအိမ် ၃ လုံး ဗုဒ္ဓဟူးမနက် ၃ နာရီခွဲခန့်တွင် မီးလောင်ခဲ့ရာ အိမ်ထောင်စု ၄ စုမှ လူဦးရေ ၂ဝ ခန့် အိုးအိမ်မဲ့ဖြစ်သွားကြောင်း မြို့နယ် မီးသတ်ဦးစီးရုံးက ပြောသည်။

ဦးထွန်းဦး နေအိမ်တွင် လျှပ်စစ်ဝါယာကြိုး လျှော့ဖြစ်ရာမှ စတင်လောင်ကျွမ်း ခဲ့ခြင်း ဖြစ်သည်။ 

တောင်ဥက္ကလာရှိ မီးလောင်သွားသည့် နေအိမ်များ (ဓာတ်ပုံ - မဇ္စျိမ)

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သိန်းလင်းက မီးဘေးသင့် အိမ်ထောင် စု တစုလျှင် ကျပ် ၅ သောင်းစီနှင့် အိုးခွက်ပန်းကန်၊ သောက်ရေသန့်၊ စောင်နှင့် ခေါင်းအုံးများ လာပေးသွားကြောင်း မီးဘေးဒုက္ခသည်များက ပြောသည်။

မီးဘေးဒုက္ခသည်များအား ၅ ရပ်ကွက် ဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ကာ ထားရှိသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection