ရန်ကုန် တိုင်းမှုး တာ၀န် မှာ ရပ်စဲ ခံရ

ရန်ကုန် တိုင်းမှုး တာ၀န် မှာ ရပ်စဲ ခံရ

ရန်ကုန်တိုင်း စစ်ဌာနချုပ် ၏ တိုင်းမှုး ဖြစ်သူ ဗိုလ်မှုးချုပ် ထွန်းသန်း ကို တာ၀န် မှ အနားပေးလိုက်ကြောင်း နေပြည်တော် ရှိ စစ်ဘက် သတင်း ရပ်ကွက် မှ FNG သို့အတည်ပြု ပြောကြားသည်။


၁၉၈၈ ခုနှစ် တွင် စစ်တပ် မှ အာဏာ သိမ်းပြီး နောက်ပိုင်း တွင် သတ္တမမြောက် နှင့် နောက်ဆုံးတိုင်းမှုး ဖြစ်သူ ဗိုလ်မှုးချုပ် ထွန်းသန်း သည် မည်ကဲ့ သို့သော အကြောင်း အရင်း များ ကြောင့်ရာထူးမှ အနားယူသွားသည် ကို မသိရှိ ရသော်လည်း လူထု အုံကြွမှု များ ပေါ်ပေါက်ရန် အတွက်ရေခံမြေခံ အကောင်း ဆုံး နေရာ နှင့် မြန်မာ စစ်တပ် ၏ ဒုတိယ မြောက် မဟာ ဗျူဟာ အကျဆုံးဖြစ်သည့် နေရာ ကို ယခု ထက် ပို၍ လုံခြုံရေး တင်းကျပ် မှု များ ပြု လုပ် လို ခြင်း ဟု သုံးသပ်ကြသည်။

ဗိုလ်မှုးချုပ် ထွန်းသန်း သည် လည်း သူ့ယခင် အဆက်ဆက် တိုင်းမှုးများ ကဲ့သို့င် လာဘ်သပ်ပကာ နှစ်ခြိုက် သူ တစ်ဦး ဖြစ်ပြီး ၎င်း ၏ မိသား စု နှင့် ဆွေမျိုး များ သည့် ရန်ကုန် အိမ်ခြံမြေ ရောင်း၀ယ်မှု လုပ်ငန်းများ တွင် ပတ်သက်မှု ရှိ သည် ဟု သိရသည်။

ဗိုလ်မှုးချုပ် ထွန်းသန်း အား ယခု သီတင်း ပတ် အတွင်း ရာထူးမှာ အနား ပေး လိုက်ခြင်း ဖြစ်ပြီးဗိုလ်မှုးချုပ် စန်းဦး မှာ လည်း ရန်ကုန် တိုင်း တိုင်းမှုး ဖြစ်ရန် မသေချာ သေး ဟု သိရသည်။

မြန်မာ နိုင်ငံ တွင်း စစ်တပ် တွင်း ရာထူး အပြောင်း အလဲ နှင့် ဖယ်ရှားမှု များ မှာ ယခု နှစ် အတွင်းဉ် ကာကွယ်ရေး ဦးစီးချုပ် နေရာ ကို လျှာထား ခံရသူ ဗိုလ်ချုပ်ကြီး သူရ မြင့်အောင် ပြီး လျှင် ဗိုလ်မှုးချုပ် ထွန်းသန်း သည် ဒုတိယ မြောက် ဖြစ်သည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection